Posts

Showing posts from January, 2023

Symptoms of Breast Cancer ရင်သားကင်ဆာလက္ခဏာများ

Image
ရင်သားကင်ဆာဖြစ်ဖူးတဲ့အမ များရှင့်ကျေးဇူးပြုပြီးတချက်လောက်ဖြေပေးကြပါ ရောဂါလက္ခာဏာအစ အဖြစ်များတာသိချင်လို့ပါ ဆေးရုံဆေးခန်းနဲ့လည်းဝေးလို့ပါ ညီမကနို့တိုက်မိခင် ခလေးက ၁၀လပါ ဂျိုင်းအောက်မှာအကျိတ် လုံးပေါက်လာလို့ ၂ရက်လောက်ရှိပါပြီ နာတော့နာတယ်အရမ်းမနာဘူးရှင့် အကျိတ်က အပေါ်ယံအရေခွံပေါ်မှာမဟုတ်ဘူးရှင့် အထဲကိုနိုက်မှ ချိုင်းအောက်မှာတွေ့ရတယ် လောက်စာလုံးလောက် ရှိပါတယ် အပူကျိတ်လား ဘာလားဝေခွဲမရလို့ပါ ကြောက်လို့ပါ ဆရာဝန်ကို မေးတာ မဟုတ်ပါ။ အမေရိကန် CDC က တင်ထားတာကို ကိုးကားပါမယ်။ 1. New lump in the breast or underarm ရင်သားမှာဖြစ်စေ ချိုင်းမှာဖြစ်စေ အကျိတ်သစ် ပေါ်လာခြင်း။ 2. Thickening or swelling of part of the breast ရင်သားရဲ့ တနေရာရာမှာ အရေပြားထူလာခြင်း၊ ရောင်လာခြင်း။ 3. Irritation or dimpling of breast skin ရင်သားအရေပြား တနေရာရာမှာ အနေရခက်သလိုဖြစ်ခြင်း၊ သို့မဟုတ် လိမ်မော်ခွံလိုဖြစ်လာခြင်း၊ 4. Redness or flaky skin in the nipple area or the breast ရင်သား သို့မဟုတ် နို့သီးနေရာမှာ နီရဲလာခြင်း၊ သို့မဟုတ် ခြောက်သွေးလာခြင်း၊ 5. Pulling in of the nipple or pain in the nipple area နို့သီးနေရာမှာ ချိုင့်ခွက

တို့တိုင်းပြည်

Image
ထလော့မြန်မာ၊ အိုမြန်မာတို့ တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ် စေတီ စပါးများလည်းများ၏ များပါလေလဲ၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊ တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက် မစားလေရ၊ ဝမ်းမဝ၍ ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။ ထလော့မြန်မာ၊ အိုမြန်မာတို့ တို့ရွာတို့မြေ၊ တို့ရွာမြေဝယ် ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့် သီးနှံချိုပျား၊ များလည်းများ၏ များပါလေလဲ၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် မြင်သာမြင်ရ၊ မစားရ၍ တောကပြိတ္တာ ဖြစ်မည်တည်း။ ထလော့မြန်မာ၊ မြန်မာထလော့ အားမပျော့နှင့်၊ မလျှော့လုံ့လ သူကစ၍၊ ငါကအားလုံး လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့် စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့ ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ ဤယာစပါး၊ ဘယ်သူ့စပါးလဲ ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း ဉာဏ်ရှေ့ပန်း၍ တဝမ်းတစိတ် ညီစေသတည်း။   ။ (ဇော်ဂျီ - ကြီးပွားရေးမဂ္ဂဇင်း ၁၉၃၅) ဆရာဇော်ဂျီရဲ့ ကဗျာကို နောက်လူတွေကနေ တစ်ညှိုးညှိုးနှင့် လို့သာရေးရင်၊ တစ်မွဲမွဲနှင့် လို့သာရေးရင်၊ တစ်ဝမ်းတစ်စိတ် လို့သာရေးရင် ကဗျာပြိတ္တာဖြစ်သွားမယ်။ ဒေါက်တာတင့်ဆွေ 
Image
မင်္ဂလာပါဆရာ အမျိုးသမီး၊ အသက် ၅၆ နှစ် ဓာတ်မှန်ရိုက်တာ အဆုတ်မှာအလုံးရှိတယ်ပြောလို့ဆရာ Result က Impression: Suggestive of Solitary   Pulmonary Nodule (LUL) လို့ပြနေတယ်ဆရာ။ အဲ့ဒါ ကင်ဆာဖြစ်နိုင်ချေရှိမရှိနဲ့ ရှိနိုင်တယ်ဆိုရင်လည်း ဘယ်နှရာခိုင်နှုန်းလောက်ဖြစ်နိုင်လဲ သိချင်လို့ပါ။ အဖြေစာရွက်ပါ တွဲပို့ပေးလိုက်ပါတယ်ခင်ဗျ။ Solitary pulmonary nodules (SPNs) ဆိုတာ အများအားဖြင့် ကင်ဆာ မဟုတ်ပါ။ ဖြစ်နိုင်ခြေတွေကတော့ infectious, inflammatory, congenital nodules of the lung ပိုးဝင်ခြင်း၊ ရောင်ခြင်းနဲ့ မွေးရာပါတွေ ဖြစ်တယ်။ ဒါပေမဲ့ဆရာဝန်က ကင်ဆာမဟုတ်ကြောင်း သေချာအောင် စစ်ဆေးပါမယ်။ ဖောလိုအပ် ခေါ် ပြန်ခေါ်စစ်ဆေးပါမယ်။ ဒေါက်တာတင့်ဆွေ

Rx မှန်းပြီး မဖြေတော့ပါ

Image
ဆရာ ဒီနေ့ ရင်သားဖြတ်ထားသူ ချုပ်ရိုးအကုန်ဖြည်ပြီးပြီ မနက်ဖြန်ဆေးစသွင်းဖို့ ဆေးရုံသွားရမှာဆရာ အဲ့ ဒီဆေးလေးတွေ ရေးပေးလိုက်တာ ကင်ဆာဆေးရည်က ဘာအမျိုးအစားလဲ သိပါရစေဆရာ IV ခေါ် သွေးကြောထဲကနေထိုးရမဲ့ဆေး ၈ မျိုးနဲ့ စားဆေး ၂ မျိုး၊ လက်ရေးနဲ့ ဖတ်ရ။ ဘာဆေးတွေလည်း မှန်းပြီး မဖြေတော့ပါ။ ဆောရီး။ ဆေးဆိုင်တွေက သိကြပါမယ်။ ဆေးစာပုံက အတည့်မလာ ၉၀ ဒီဂရီစောင်းနေ။ မနည်းဖတ်ရတယ်။ အခုပို့စိမှာတွဲတင်တာက မေးခွန်းမေးသူဆီက မဟုတ်ပါ။ လက်ရေးစာတွေကိုဖတ်ရတိုင်း တိတိကျကျမှန်ဘို့ခက်တယ်။ ရမ်းဖြေဆရာဝန် မဖြစ်ချင်။ ဒေါက်တာတင့်ဆွေ

TACE အသည်းကင်ဆာ ကုသမှုတွင် အသုံးအများဆုံး ကုထုံး

(သို့) အသည်းတွင်းသို့ ကင်ဆာဆေးဖြန်းခြင်း  TACE ဆိုတာ Trans-Arterial Chemo Embolization ကို ဆိုလိုပါတယ်။ မြန်မာလို ဘာသာပြန်ရရင်တော့ “အသည်းတွင်းသို့ ကင်ဆာဆေးဖြန်းခြင်း” လို့ အနီးစပ်ဆုံး ပြောဆိုနိုင်ပါတယ်။ TACE ဆိုတာဘာလဲ - အသည်းကင်ဆာသည် အခြားသော ကင်ဆာတွေ နဲ့ ကွဲပြားမှုအချို့ ရှိပါတယ်။ - ဥပမာ - အခြားသော ကင်ဆာရောဂါတွေမှာ “ကင်ဆာဆေးသွင်းခြင်း” လို့ ခေါ်တဲ့ Systemic Chemotherapy သည် ထိရောက်တာရှိပါတယ်။ အသည်းကင်ဆာမှာတော့ အဲ့လို Chemo သွင်းပြီး ကုသမှုက ထိရောက်မှုနည်းတာကို တွေ့ရပါတယ်။ - ဒါကြောင့် အသည်းကင်ဆာရဲ့ ကုထုံးတွေသည် အခြားကင်ဆာတွေရဲ့ ကုသနည်းတွေနဲ့ အနည်းငယ် ကွာခြားမှုတွေ ရှိပါတယ်။ - အခုပြောတဲ့ TACE ဆိုတာ အသည်းကင်ဆာ ကုသမှုတွင် အသုံးအများဆုံး ကုထုံးတခုပဲဖြစ်ပါတယ်။ TACE က ဘယ်လိုနည်းဖြင့် အသည်းကင်ဆာကို ကုသပေးနိုင်သလဲ? - အသည်းကင်ဆာအကျိတ်တွေကို ထောက်ပံ့ပေးနေတဲ့ သွေးကြောတွေရှိပါတယ်။ အဲ့ဒီသွေးကြောတွေကို သွားပြီးပိတ်လိုက်ခြင်းဖြင့် ကင်ဆာအကျိတ်ရဲ့ ကြီးထွားလာမှုကို လျော့နည်းအောင် လုပ်နိုင်ပါမယ်။ - အသည်းကင်ဆာ အကျိတ်ဆီကို တိုက်ရိုက်သွားပြီး ကင်ဆာဆေးဖြန်းကာ တချိန်ထဲမှာပဲ ထိုသွေးကြောကို ပိတ်ဆို့လိုက်ခြင်း (

Cancer ကင်ဆာမေးခွန်း

Image
ကျမက Her2 သမားပါ triple + ပါရှင့် Her2 ဆေး 9 ကြိမ်ပြီးပါပြီ ဓာန်ရောင်ခြည်လဲ 15 ကြိမ်ပြရမှာ 13 ကြိမ်ပြီးပါပြီ CA15.3 စစ်တာ 8.3 ရပါတယ်ရှင့် အဲဒီသွေးအဖြေနဲ့ကစိတ်ချရလားရှင့် တခြားဘာစစ်ကြည်ြစရာလိုသေးလဲရှင့် CA125 ရောစစ်ကြည့်ရဦးမလားရှင့် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ထုံးစံအတိုင်း ကင်ဆာအကြောင်းသိလိုရင် ဆရာဝန်ကို မမေးပါ။ ဘယ်သူတွေက ဖြေကြမလဲ။ ဖေ့စ်ဘွတ်အကောင့်ရှိသူတိုင်းက ကင်ဆာ အထူးကု မဟုတ်ပါ။ သတင်းတွေလည်း တင်ကြတယ်။ တယောက် တမျိုး။ ဖေ့စ်ဘွတ်အကောင့်ရှိသူတိုင်းက အယ်ဒီတာချုပ်တွေလိုလို။ ရင်သားကင်ဆာ စာတွေ ခဏခဏ (ခဏခဏ) တင်ပြထားတယ်။ ဘလော့မှာ မေးခွန်းအတွက် သိစရာတွေ ရှိတယ်။ ဆရာဝန်ဖြေတာကို သိလိုသူမဟုတ်လို့ လင့်တွေ မပို့တော့ပါ။ ဒေါက်တာတင့်ဆွေ

February ဖေဖေါ်ဝါရီလ

Image
၂ဝ၂၃ နှစ်ဖေဖေါ်ဝါရီလဟာ မြန်မာပြက္ခဒိန်အရ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်ကနေ တပေါင်းလဆန်း ၁၀ ရက်နေ့အထိဖြစ်တယ်။  ဖေဖေါ်ဝါရီကို ရိုမန်လို Februarius ခေါ်ပြီး၊ လက်တင် Februum ကနေလာတယ်။ Purification သန့်စင်ခြင်းလို့ အဓိပ္ပါယ်ရတယ်။ ပေါ်ကာစပြက္ခဒိန်မှာ (၁ဝ) လသာရှိစဉ်က ဖေဖေါ်ဝါရီလမပါခဲ့ပါ။ ဘီစီ ရဝဝ ရောက်မှ ရောမဘုရင် Numa Pompilius နူမာပွန်ပီးလပ်စ်ကနေ နှစ်စမှာ ဇန္နဝါရီနဲ့ နှစ်ဆုံးမှာဖေဖေါ်ဝါရီကို ထည့်သွင်းလိုက်ပါတယ်။ နှစ်တနှစ်ရဲ့ ဒုတိယလလို့ကတော့ ဘီစီ ၄၅ဝ ရောက်မှ ဖြစ်လာပါသတဲ့။ ဒီနှစ်လို (၂၈) ရက်နဲ့ လေးနှစ်မှာတခါ (၂၉) ရက် ရှိတယ်။ ၂၀၂၀ ခုမှာ (၂၉) ရက်။ ဖေဖေါ်ဝါရီလ ထူးခြားတဲ့နေ့တွေ • ဖေဖေါ်ဝါရီ ၄ = သီရိလင်္ကာ လွတ်လပ်ရေးနေ့၊ • ဖေဖေါ်ဝါရီ  ၅= မက်ဆီကို ဖွဲ့စည်းပုံနေ့၊ • ဖေဖေါ်ဝါရီ ၈ = ဆလိုဗေးနီးယား ယဉ်ကျေးမှုနေ့၊ • ဖေဖေါ်ဝါရီ ၈ = ကမ္ဘာ့လက်ထပ်ထိမ်းမြားခြင်းနေ့ (ဒုတိယတနင်္ဂနွေနေ့)၊ • ဖေဖေါ်ဝါရီ ၁၁ = ဂျပန် အမျိုးသားအုတ်မြစ်ချနေ့၊ • ဖေဖေါ်ဝါရီ ၁၂ = အီဗရာဟင် လင်ကွန်းမွေးနေ့၊ • ဖေဖေါ်ဝါရီ ၁၃ = ကမ္ဘာ့ရေဒီယိုနေ့ • ဖေဖေါ်ဝါရီ ၁၄ = ဗယ်လင်တိုင်းဒေး၊ • ဖေဖေါ်ဝါရီ ၁၅ = ဆားဗီးယား အမျိုးသားနေ့၊ • ဖေဖေါ်ဝါရီ ၁၅ = ကန

Cancer Book ကျန်းမာရေးအသိ ဆုတ်ယုတ်လာခြင်း

Image
ဦးနှောက်အကျိတ်ကင်ဆာ Grade 3 အသက် ၆၅ နှစ်ဆို ဆေးသွင်း ဓာတ်ကင်တာခံနိုင်ပါ့မလားရှင့် လူတကာလိုဘဲ ကင်ဆာကိုသိချင်သူက ဆရာဝန်ကို မမေးပါ။ မေးခွန်းက နမူနာ ၁၀၀၀ လောက်ထဲက တခုသာဖြစ်ပါတယ်။ ကုသမှုခံနိုင် မခံနိုင်လည်း ဖေ့စ်ဘွတ်ကိုသာ မေးကြတယ်။ မြန်မာပြည်မှာ။  တစ်တော့ကနေ ကင်ဆာကိုခွဲထုတ်နည်း၊ မက်စင်ဂျာကနေ ဓါတ်ကင်နည်း၊ စကိုက်ကနေ ခီမိုပေးနည်းနဲ့ ဇူးမ်ကနေ ဓါတ်စာတွေ ကျွေးပေးကြတော့မယ်။ အဲဒါလည်း မြန်မာပြည်တခုထဲမှာသာ။  အဲလိုကျန်းမာရေးအသိ ဆုတ်ယုတ်လာတာ ၁-၂ နှစ်သာရှိသေးတယ်။ ဆေးဘယ်မှာရနိုင်သလဲ မေးသင့်။ ဆေးရုံ ဘယ်နေ့ဖွင့်သလဲ မေးသင့်။ ဘယ်လောက်ကုန်ကျသလဲ မေးသင့် ဖြေသင့်။ ဆေးလှူချင်တယ် ရေးသင့် လှူသင့်။။ ကျန်တောတွေကို ကင်ဆာအထူးကုဆရာဝန်ကိုသာ မေးရမယ်။  ဖေ့စ်ဘွတ်ကနေ ဟိုဟာတွေစားပါ ဒီဟာတွေ မစားနဲ့ ရေးကြတာတွေရဲ့ ၇၀% မမှန်ပါ။ ၂၀% က ပိုဆိုးစေနိုင်တာတွေ။ သင့်မှန်တာ ၁၀% လောက်သာတွေ့တယ်။ မြန်မာပြည်မှာ။ ဒေါက်တာတင့်ဆွေ

သမြှားနီနဲ့ဘိစပ်ရွက် မှီဝှဲသူ

Image
မေးပါရစေရှင့် ညီမရဲ့ယောက်ခမက အခုဝမ်းသွားနေလို့ပါရှင့် အဆုတ်ကင်ဆာသမားပါရှင့် ဝမ်းသွားတာ နှစ်ရက်ရှိပါပီ(ပါပြီ) တစ်ရက် ( တရက် ) ကို ၁၀ခါလောက်သွားနေရတာနှစ်ရက်ရှိပီ(ရှိပြီ) လူကတော့ ပျော့မသွားပါဘူးရှင့် ဗိုက်ထဲတော့ဟာတာတာနဲ့ နည်းနည်းမောတယ်တဲ့ရှင့် ပုံမှန် သွားလာနေနိုင်တယ်ရှင့်  သဘော်သီးစားတာ နှစ်လရှိပါပီ(ပါပြီ) အသီးကလဲ ပင်မှည့်ပါ ရွာကထွက်တာပါ သမုန်းဖူးကတော့ တစ်ခါ ( တခါ ) ဘဲ စားရသေးတယ်ရှင့် ဗမာငရုတ်သီးကလဲ အိမ်အခင်းကထွက်တာပါရှင့် သန့်ရှင်းပါတယ် အရင်နေ့က ငရုတ်သီး  နည်းနည်းစားမိတယ်တဲ့ ဝမ်းသွားတာက အရည်တွေချည်းဘဲသွားတာပါကန်တော့ပါရှင် တစ်ခါတစ်လေ ( တခါတလေ ) အရည်တွေထောင်ပန်းတယ်တဲ့ရှင့် ညီမက ပရိုဘိုင်အိုတစ်တော့ တစ်ရက် ( တရက် ) နှစ်ထုတ် ( နှစ်ထုပ်) တိုက်ထားပါတယ် မနက်တစ်ထုတ်(တထုပ်) ညနေတစ်ထုတ်(တထုပ်) တိုက်တာပါ နှစ်ရက်ရှိပီ(ရှိပြီ)ရှင့် သမြှားနီနဲ့ဘိစပ်ရွက် မှီဝှဲနေတာ တစ်လ ( တလ ) ကျော်ပါပီ (ပါပြီ) ဆေးစသွင်းကတည်းကပါ အခု ရောဂါလျော့သွားလို့ဆေးဘဲသောက်ရတော့မယ်ပြောလို့ ဆေးဘဲသောက်နေတာတစ်လ ( တလ ) ပြည့်တော့မှာပါ ပရိုဘိုင်အိုတစ် တိုက်လိုက်ရင် ဝမ်းကရပ်သွားပါတယ် ဒီနေ့မနက်ကတိုက်ထားရင် ညနေ လောက

ကင်ဆာနေရာတွေမှာ စာရေးတာ အမှားအများဆုံး

Image
ကျွန်တော် အမေ သားဥအိမ် ကင်ဆာ အဆင့်(၃)လို့ သိရပါတယ် ခီမို ဆေးသွင်ရမယ်လို့ပြောပါတယ် ကင်ဆာဆရာဝန်နဲ့တော့ မပြရသေးဘာဘူ နယ်က မို့လို့ အကျန်ပေးကျပါအန်း ကျန် ကြံ ကျ ကြ ဘာဘူ အန်း သတ်ပုံတွေ မှားနေတယ်။ ဘာဘူဆိုတာ ဟင်ဒီစကား။ အသက်အရွယ် အဆင့်အတန်းမြင့်သူတဦးကို တလေးတစားခေါ်တာ။ အန်း ရောင်အန်း ကျန်  ချန်၍ကျန် ကျန်စစ်ပင် ကျန်ရစ်  ကျန်လပ်  ကြွင်းကျန်  စားကြွင်းစားကျန်  မေ့ကျန်  လက်ကျန်ငွေ  အထီးကျန်  ကံကြီးစည်ရာ ကြံစာပင် ကြံစည်  ကြံဆစ် ကြံညွှတ်ပင် ကြံတိုင် (ဗိသုကာသုံး) ကြံပင် ကြံပန်းခိုင် ကြံပပ် ကြံပုံထုတ်  ကြံဖတ် ကြံဖန်  ကြံမိကြံရာ ကြံသကာ ကြံဟင်းပင် စင်္ကြံလျှောက်  စင်္ကြံလမ်း  ဆင်ကြံကြံ  တကျိတ်တည်း တကြံတည်း  လုပ်ရည်ကြံရည်  သစ်ကြံပိုးပင် ကြ  ကျီကြ  သွားကြပြီ ကြခတ်ဝါး ကြငှန်း ကြစုပင် ကြလိုဝါး ကြလှဲဝဲ ကြသောင်းဝါး ကြောင့်ကြ  သွားကြလာကြ  Ascites and Ovarian Cancer မျိုးဥအိမ်ကင်ဆာနှင့် ရေဖျင်း https://dr-tint-swe.blogspot.com/2022/04/ascites-and-ovarian-cancer.html Family Cancer Syndromes မိသားစု ကင်ဆာ ဆင်ဒရုမ်း https://dr-tint-swe.blogspot.com/2021/06/family-cancer-syndromes.html Fathers may pass ovarian cance

Breast Cancer Symptoms ရင်သားကင်ဆာ လက္ခဏာ

Image
ရင်သားကင်ဆာအကြိတ်(အကျိတ်)ဖုဟာ ယေဘုယျ အားဖြင့် မာကြောခြင်း၊ နာကြင်မှုကင်းမဲ့ခြင်း၊ ရွေ့လျားမှုမရှိခြင်း စတဲ့သဘာဝရှိ ပါတယ်။ ရင်သားကင်ဆာ လက္ခဏာများမှာ -  (၁) နို့သီးခေါင်း အရေပြား နဲ့ရင်သားပေါ်ယံအရေပြားတို့ အရေခွံကွာကျခြင်း၊ အရေခွံ ပက်ကျားအက်ခြင်း။  (၂) ရင်သားအရောင် နီရဲလာခြင်း။  (၃) နို့သီးခေါင်းမှသွေးစက်ကျခြင်း။  (၄) ရင်သားအရွယ်အစားနဲ့ ပုံစံ သိသိသာသာပြောင်းလဲသွားခြင်း။  (၅) ရင်သား အရေပြားတို့ တင်းရင်းမနေဘဲ လိမ္မော်သီးအခွံကဲ့သို့ ပုံသဏ္ဍာန်(ပုံသဏ္ဌာန်) မမှန် ဖောင်းကြွခြင်း (သို့) ချိုင့်၀င်သွားခြင်း။  (၆) နို့သီးခေါင်းပုံစံ မမှန်တော့ဘဲပြောင်းလဲသွားခြင်း။ (အထဲသို့ချိုင့်၀င်သွားခြင်း)  (၇) နို့သီး ခေါင်းမှာ အဖုအပိမ့်ကွက်များထွက်ပေါ်ခြင်း။  (၈) ရင်သားထဲမှာ ငြိမ်နေ(မရွေ့မရှား)သော အကျိတ်တည်လာခြင်း။  (၉) ရာသီလာ စဉ် ကာလမဟုတ်ဘဲ၊ ဂျိုင်းကြား နဲ့ရင်သားတို့ နာကျင်စွာခံ စားနေရခြင်း။  (၁၀) ဂျိုင်းကြားမှာအကြိတ်(အကျိတ်) တည်လာခြင်း။  (၁၁) ရင်သားတစ်ရှုးတွေထူထဲကာ မာတင်းတင်းဖြစ်၍ နေထိုင်ရ ခက်ခဲခြင်း စသည်တို့ဖြစ်ပါတယ်။  ရင်သားကင်ဆာရောဂါ ဆိုတာကတော့ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတမျိုးပဲ ဖြစ်ပါတယ်

ဗေဒင်မေးသလို မေးခြင်း

Image
ဆရာရှင့် အဆုတ်မှာ အကျိတ်တွေ့တိုင်း ကင်ဆာဖြစ်နိုင်လားရှင့် အကျိတ်ဆိုတာ အရပ်သုံးစကားလုံး။ အမျိုးမျိုးခေါ်ကြတယ်။ အကျိတ်၊ အလုံး၊ အိတ် စသည်။ ခဏခဏ (ခဏခဏ) ဖြေရတယ်။ ၁၂ နာရီအတွင်းမှာ ၂ ခါဖြေတယ်။ ဆေးစစ်ချက်မှာရေးထားတဲ့ မှတ်ချက်စာကိုသာ ဖတ်လိုပါကြောင်း။ ပုံတွေ မလိုပါကြောင်း။ လက္ခဏာကြည့်ခိုင်းသလို၊ ဗေဒင်မေးသလို ဖြေမယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူး။ တိုက်ဆိုင်တာတခု ပြောဦးမယ်။ ကနေ့မနက် နိုင်ငံတကာသတင်းတခုမှာ ရှေ့ဖြစ်ဟောပေးတယ်ဆိုတဲ့ ကနေဒါနိုင်ငံသားတယောက် လိင်ရာဇဝတ်မှုနဲ့ အဖမ်းခံရတယ်။ နိုင်ငံတိုင်းမှာ အဖမ်းမခံရသူတွေ အများကြီးရှိမယ်။ အကြံပေးလည်းမရ၊ ပညာပေးလည်း မရသူမျိုးတွေက အတော်များတယ်။  မြန်မာပြည်မှာလည်း များနိုင်တယ်။ ကိုဗစ်ဆိုးတုန်းကလည်း ဖေ့စ်ဘွတ်ကဆေးနည်းတွေ လူကြိုက်များခဲ့တယ်။ ရောင်းကောင်းခဲ့တယ်။ အခုဖြစ်လာတာက ကင်ဆာဆို ဖေ့စ်ဘွတ်ကိုသာ မေးနေ ဖြေပေးနေကြတယ်။  မကြာခင်မှာ မက်စင်ဂျာကနေ ခီမိုပေးမယ်။ ဇူးမ်ကနေ ဓါတ်ကင်ပေးမယ်။ စကိုက်ကနေ ကာကွယ်ဆေးထိုးပေးမယ်။ ဒေါက်တာတင့်ဆွေ

Sodium ဆိုဒီယမ်ဆား

Image
ဆရာ ဆိုဒီယမ် (sodium) ရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုရှင်းပြပေးပါအုံး။ အသင့်စားအစားအစာတွေမှာ ဥပမာ ယမ်ယမ်ခေါက်ဆွဲထုပ်လိုမျိုးမှာဆိုဒီယမ်ရဲ့ပါဝင်မှုဟာ 1650g ဖြစ်ပြီး ကိုရီးယားက တင်သွင်းတဲ့ ခေါက်ဆွဲထုပ်မှာတော့ 1510 mg သာပါဝင်တယ်လို့ ရေးထားပါတယ်။ ဆိုတော့ အရမ်းကိုကွာခြားနေလို့ပါ။ မြန်မာပြည်က ကျောင်း တော်တော်များများမှာ ကစားကျောင်းဆင်းချိန်ဆို ကလေးတွေ တော်တော်များများဝယ်စားကြတာက ပလက်စတစ်ဗူး အကြည်ထဲကို ရေနွေးပူပူလောင်းထည့်ပြီး ခေါက်ဆွဲပြုတ်မကျက်တကျက်တွေကို အရမ်းစားကြပါတယ်။ ကျမတို့နိုင်ငံက အခြေခံမိသားစုများရဲ့ ကလေးတွေဟာ အာဟာရတန်ဖိုး အင်မတန်နည်းပါးပြီး ဘေးထွက်ဆိုးကျိုးများတဲ့ မုန့်တွေကို စားနေကြတာမြင်ပြီး အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်။ ကျောင်းမုန့်ဈေးတန်းကို သက်ဆိုင်ရာက လာစစ်တာကလည်း အကြိမ်ရေနည်းလှပါတယ်။ ဈေးသည်များကလည်း ရောင်းရပြီးရော ကောင်းတာမကောင်းတာ မခွဲခြားကြပါဘူး။ အချိုရည်တဗူးကျပ် ၅၀နဲ့ရောင်းပါတယ်။ ကြည့်လိုက်တော့ အချဉ်အရသာအတုနဲ့ ဆေးသကြား အရောင်အနံ့ အကုန်အတုတွေနဲ့သာပြုလုပ်ထားတဲ့အရည်တွေပါ။ ရေးမယ်ဆိုမကုန်နိုင်ပါဘူးဆရာရယ်။ နောင်တချိန်မှာ နိုင်ငံအတွက်အကျိုးပြုကျမတို့ရဲ့ကလေးတွေကို ကျန်းကျန်းမာမာနဲ့

Medical Report ဆေးစစ်ချက်ပါ စာသားမှတ်ချက်သာ ဖတ်လိုတယ်

Image
ဆရာရှင့် ကျွန်မ အဖေကအသက် ၅၉ နှစ်ပါ ချောင်းဆိုးတာ ၃ ပတ်ဖြစ်နေပီ(ပြီ)မို့ ဆေးခန်းသွားပြပါတယ် ဆီးချိုရောဂါလဲ အခံရှိတာမို့ ကျောက်ကပ် နှလုံး အကုန်စစ်ဆေးပါတယ် အကုန်ကောင်းပါတယ် ဒါပေမယ့် အဲ့အဆုတ်မှာစပေါ့လေးနဲနဲနဲ့ လက်သည်းခွံလောက်ရှိတဲ့အဖြူလေး တခုတွေ့တယ်ပြောလို့ပါ အဲ့တာ ဘာဖြစ်နိုင်လဲဆရာ ကင်ဆာဖြစ်မှာအရမ်းကြောက်လို့ပါ ဆေးစစ်ချက်ပါ မှတ်ချက်စာကို ဖတ်ရမှသာ ဘာလဲ သိနိုင်။ ပုံမလို။ ရမ်းမဖြေပါ။ အခုမေးခွန်းလိုဘဲ အတော်များများက အကုန်ကောင်းပါတယ်။ ( - ) လေးကတော့လို့ ရေးလေ့ရှိကြတယ်။ တယောက်ပြောတဲ့စကားကို လိုက်အတုယူကြတယ်။ တချို့ကလည်း အကုန်ကောင်းပါတယ်မှာ ရပ်ထားတယ်။ စစ်စစ်ပေါက်ပေါက်မေးတော့မှာ မူမမှန်တဲ့ ဆေးစစ်ချက်ပို့တယ်။  ကျန်းမာရေးအကြောင်း ပြောဆို ရေးသားတဲ့အခါ အပိုမပါရ။ မလိုစေရပါ။ ဓာတ်မှန်ပုံပါဆရာ ဒီအချက်ကိုလည်း မကြာခဏ (မကြာခဏ) တင်ပြရတယ်။ ဆေးစစ်ချက်ပို့ရာမှာ ပုံတွေ မလို (မလို)၊ ဆေးစစ်ချက်အောက်ဆုံးမှာ ရေးထားတဲ့စာကြောင်းသာ လိုတယ်။ ဓါတ်မှန်ဖလင်ပြားကို နောက်ခံအလင်းရောင်မှာထားပြီး လိုအပ်ရင် ဖလင်ပြားကို စောင်းကြည့်ရတတ်တယ်။ ဓါတ်မှန်အထူးကုဆရာဝန်ကို အသိဆုံး။ လူဓါတ်ပုံလို ရပ်ချောတယ်၊ ရုပ်လှတယ်ကြည့်ရတာမျိုး မဟုတ်ပါ။ အာထွ

ပက် ပတ် သက် သပ်

Image
တိုင်းရက်သည့်ပက္ကလာ မိုးရွာသည်နှင့်အခန့်သင့် ပက္ကလာ = မိုးကာကွယ်ရန် အသုံးအဆောင်၊ အဲယွန်း ခေါ် ပလီမ၊ ကောက်စိုက်တဲ့နေရာမှာသုံးတဲ့ အဆောင်း။ တချိုု့က ဘီလားတဲ့။ ၁။ အိပ်ခန်း၊ စားပွဲခုံ၊ ဖင်ထိုင်ခုံ၊ အိမ်သာ၊ ရေချိုးခန်း တို့တွင်ပတ်ဖြန်းဖို့အတွက်။ ပက်ဖြန်းဖို့အတွက်လို့ရေးရတယ်။ ၂။ ဆရာ ပက်သက်၊ ပတ်သတ် ဘယ်ဟာက အမှန်ဖြစ်ပါလည်းခင်ဗျာ ပတ်သက်လို့သာရေးရတယ်။ ၃။ ဆရာ ဘယ်လိုစမ်းသက်မှုမျိူး လုပ်ရပါလည်ဆရာ။ စမ်းသပ်လို့သာ ရေးရတယ်။ ၄။ ပါတ်နဲ့ ပတ်ရဲ့ အသုံးကိုလည်း တိတိကျကျသိချင်လှပါတယ်။ ၅။ ဆရာ အအေးပက်မယ် လို့ရေးတာလား၊ အအေးပတ်မယ်လို့ရေးရတာလားရှင့်။ အအေးပတ်လို့ ရေးရတယ်။ ပက် ပက္ခဒိန် (ပြက္ခဒိန်) ပက်ကျိ ပက်ကား = ညွှန်အိုင် ပက်ခွန့် (လှေ) ပက်စက်သည် ပက်ပင်းတိုးသည်း ပက်ပည် = ရင်ဆိုင်တည့်တည့် ပက်ပြဲ ပက်ဖျန်းသည် ပက်လက်လန် မှောက်ခုံပက်လက် ပတ် ကမ္ပတ်အိမ်၊ ကြိုးနဲ့ပတ်၊ ကွေ့လည်ကြောင်ပတ်၊ ခရုပတ်၊ ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း၊ သီရိပျံချီ ဦးသာမြတ်)၊ ငါးကြီးအန်ပတ်၊ စီကာပတ်ကုံး၊ ညစ်ပတ်၊ တံခါးပတ္တာ၊ တနှစ်ပတ်လုံး တသက်ပတ်လုံး၊ တာလပတ်၊ ထောပတ်၊ ပဋ္ဋိပတ်၊ ပတ္တကျည်ပင် ပတ္တပိုဏ်ဓူတင် ပတ္တမြား ပတ္တရောင်လှည့်၊ ပတ္တလား ပတ္တာ (တံခါး) ပတ္

ဆောင့် နှင့် စောင့်

Image
၁။ သာအိမ်မှာ ရေအိပ် ၂လုံးတည်နေတယ် သာအိမ်လဲရောင်နေတယ် စိုးရိမ်ရလားရှင့် 2cm မပြည့်လို့ ဆရာဝန်က ၆လအထိ ဆောင့်ကြည့်ရမယ် ပြောတယ် စိတ်ထဲမှာ တော့ တအားကြောက်နေတယ် သာအိမ်ခေါင်း ကင်ဆာလဲ စစ်ထားပါတယ် အဖြေက မသိသေးဘူးဆောင့်ခိုင်းထားတုန်းပါ ဘာဆေးတွေသောက်ရမလဲ ပြောပြပေးကြပါရှင် တအားကြောက့်နေလို့ပါ သားအိမ်အလုံး အကျိတ်နဲ့ မျိုးဥအိမ်ရေအိတ်စာတွေ မကြာခဏတင်ပါတယ်။ ဘာလော့မှာရှိတယ်။ သားအိမ်လို့ ရေးရ။ စောင့်ကြည့်လို့ ရေးရ။ စောင့်ခိုင်းလို့ ရေးရ။ ရေအိတ်လို့ ရေးရ။ ကြောက်မှာ အောက်မြစ် မလိုပါ။ တအားကို စမသတ်တာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။  ၂။ မင်္ဂလာပါဆရာ။ ကျွန်တော် အသက် ၂၁ နှစ်ပါ၊ ယောက်ျားလေးပါ။ ကျွန်တော်ညာဘက်လက်မှာ အနီဆက်ကလေးတွေ ထွက်နေလို့ပါ။ အနီစက်လို့ ရေးရ။ ဆက်ဆိုတာ ဆက်စပ်သည်။ ဆက်သွယ်သည်။ ဆက်ဆံရေး။ ဟုတ်ကဲ့ပါ။ စာလုံးပေါင်း အမှားတွေကို ထောက်ပြတဲ့အတွက်ကျးဇူးတင်ပါတယ်။ အဲ့သည်နေ့က နောက်မှာ ဆောင့်နေတဲ့ လူနာတွေအရမ်းများတော့ - စောင့်နေတဲ့လို့ ရေးရ။ ၃။ ဆရာခင်ဗျာ ကျတော် အသက်၂၈ပါ။ ဘီပိုးရှိပါတယ်။ - ဆရာမက ဆောင့်ကြည့်ကုထုံးနဲ့ ကုသမယ်ပြောပါတယ်။ ဒါပေမဲ့ ခုဆို အရောင်ပါတဲ့အချိူရေတို့ အားဖြည့်အချိုရေတို့ သီးစုံဓါတ်စားရေးတို့ အချဉ်ရေတ

Foods အစားအစာအကြောင်း

Image
ထပ်မံတင်ပြရပါဦးမယ်။ ဆရာ မဂ်လာပါရှင် ကလေးများ ယုန်သားစားလို့ရလားရှင့် အမြဲစားနေကျအစားအစာမဟုတ်တော့ ကျွေးရတာသိပ်မရဲဖြစ်နေလို့ပါ အရပ်ထဲစကားကတော့ ယုန်သားက ကလေးတွေနဲ့တည့်တယ် လို့ပြောကြပါတယ် ကလေးအသက် ၃နှစ်နှင့် ၈နှစ်ပါရှင့် ဘာတွေအကျိုးကျေးဇူးရှိပြီး Side effects ဘာတွေရှိလဲရှင့် ၁။ လူအများ စားသုံးနေတာတွေ လူတိုင်းနဲ့ သင့်။ ၂။ လူတချို့မှာ အစားအသောက်တချို့နဲ့မတည့်တာ ရှိတတ်။ အလာဂျီ ခေါ်တယ်။ စာဆိပ်သင့်တာက တခြား။ ၃။ လူတချို့မှာ မွေးကတည်းက နွားနို့ထဲမှာပါတဲ့ လက်တို့စ်ဓါတ်နဲ့ မတည့်။ မိခင်နို့လည်း မတည့်။ ၄။ အစားအစာသစ်တခုခုစားစမှာ တချို့မှာ အဆင်မပြေသလို ဖြစ်တတ်။ စားနေကျသွားရင် အဆင်ပြေကြတယ်။ ၅။ လူတိုင်းလိုလိုက နေ့တိုင်းလိုလိုစားသောက်နေတာတွေကြောင့် ကင်ဆာ မဖြစ်။ ၆။ လူတိုင်းလိုလိုက နေ့တိုင်းလိုလိုစားသောက်နေတာတွေကနေ ကင်ဆာကို မကာကွယ်နိုင်။ ဒေါက်တာတင့်ဆွေ

Menopause (2) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂)

Image
(ကန်တော့။ အင်္ဂလိပ်စာလုံးလေးတွေပါနေတယ်။ ဆောရီး။) သွေးမဆုံးခင်ဖြစ်တာတွေဟာ လူ့သဘာဝမှာ ဖြစ်ကိုဖြစ်ရတဲ့ ပြောင်းလဲဖြစ်စဉ် ဖြစ်တယ်။ ရောဂါမဟုတ်ပါ။ ဒါ့ကြောင့် ဆေးကုဘို့ လူတိုင်းတော့ မလိုတတ်ပါ။ လိုသူတွေမှာ ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ လိုအပ်ကြတယ်။ တကယ်သွေးမဆုံးခင် ရာသီဖေါက်ပြန်တယ်။ လမမှန်၊ ရက်မမှန်ဖြစ်တာ များတယ်။ ဘယ်တော့ သွေးဆုံးမလဲကို အကြမ်းပြောရရင် မိခင်နဲ့ အတော်တူတာများပါတယ်။  စမ်းသပ်စစ်ဆေးပြီး တခြားသွေးဆင်းစေတဲ့အကြောင်း မရှိတာသေချာမှ ဒီဆေးပေးရတယ်။ ဟော်မုန်းပေးနည်းမှာ အီစထိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ၂ မျိုးပေးတာရှိတယ်။ မျက်နှာနီမြန်းတာနဲ့ (ဗဂျိုင်းနား) ခြောက်သွေ့တာအတွက် ကောင်းတယ်။ တာရှည်ပေးလို့တော့ မကောင်းပြန်ဘူး။ နှလုံး (အတက်ခ်) ရတာ၊ (ဆထုပ်ခ်) ဖြစ်တာ၊ ရင်သားကင်ဆာတွေ ပိုဖြစ်စေနိုင်တာ အီစထိုဂျင်ကြောင့် ပိုဖြစ်စေနိုင်တယ်။  ကိုယ်ဝန်တားစားဆေး၊ ကပ်ခွါဆေး၊ ဖြန်းဆေးတွေ သုံးနိုင်တယ်။ တားဆေးပေးရတဲ့ ရည်ရွယ်ချက်က ရာသီ မမှန်တာအတွက် ဖြစ်တယ်။ အရေပြားအောက် ထားရတဲ့ဆေးကို တချို့က ပိုကြိုက်တယ် အသည်းကိုမထိခိုက်လို့ပြောတာ ဖြစ်တယ်။ (ဗဂျိုင်းနား) ထဲ ထည့်ရတဲ့ ဆေး၊ ကွင်း၊ (ခရင်မ်)၊ ဆေးပြားတွေ အမျိုးမျိုးရှိတယ်။ Vag

Nosebleed (1) နှာခေါင်းသွေးယိုခြင်း (၁)

Image
လွန်ခဲ့တဲ့ ၆ နှစ်တိတိက မေးတာ 3 ယောက်။  ၁။ ကျွန်တော် ယခုလိုဆောင်းတွင်းရောက်တိုင်း နေ့ညမရွေး နှားခေါင်းသွေးလျှံတတ်ပါတယ်ဆရာ။ နှာခေါင်းပိတ်တဲ့အခါမျိုးမှာပိုဖြစ်ပါတယ်ဆရာ။ ယခုနှစ် ယခုရက်ပိုင်းအတွင်းမှာ နောက်ဆုံး ၁၀ ရက်အတွင်း 4 ခါလောက်ဖြစ်တယ်ဆရာ။ သွေးလျံတဲ့အခါ တအားကြီးလျှံတာမျိုးမဟုတ်ပဲ နာရည်ယိုတယ်ထင်၍ ညှစ်တဲ့အခါမျိုးမှ သိရတာပါဆရာ။ အသက် ၂၅ နှစ်ပါဆရာ။ တိတိကျကျ စစ်ဆေးသင့်ပါသလားဆရာ။ ၂။ ကျွန်တော့် မိန်းကလေးသူငယ်ချင်း အသက် ၁၇၊ ရာသီမမှန်၊ အပျို၊ နှာခေါင်းသွေး ခဏခဏလှံျပါတယ်။ အရင်တုန်းက ခေါင်းမူးရင် သွေးလျှံပါတယ်။ အခုဆိုရင် သွေးက ထွက်ချင်တဲ့အချိန်ထွက်ပါတယ်။ ညဘက်အိပ်နေရင်းတောင် ထွက်လာပါတယ်ဆရာ။ အဲတာ ဘာကြောင့်လဲဆရာ။ ရောဂါဆိုရင် ဘယ်လိုရောဂါမျိုးလဲဆရာ။ ရှောင်ရန်ဆောင်ရန်လေး နှင့် ဖြစ်ရတဲ့အကြောင်းအရင်းလေးတွေ ပြောပြပေးပါဆရာ။ အရမ်းကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ အမြဲကျန်းမာပါစေ။ ၃။ ဆရာ ကျွန်တော်ကောင်မလေးက အသက် ၂ဝ ပါ။ သူက အခု နာခေါင်းသွေးလျှံလို့ ဘယ်လို လုပ်ရမလဲဆရာ။ ခဏခဏတော့မဖြစ်ဘူး တခါတလေမှဖြစ်တာဆရာ။ ဘယ်လို လုပ်ရမလဲ ပြောပြပေးပါခင်ဗျာ။ ကနေ့ ကင်ဆာနေရာမှာ မေးတာတခု ရှာဖတ်ပါတယ်။ ကူညီပါအုန်းရှင့် ကျမ အသိတယောက်က ခေါင်းလည်းမ

Cancerbook ကင်ဆာဘွတ်

Image
ကင်ဆာ အဆင့် ၄ ဆို ဘယ်လောက်ပဲခံတော့တာလဲရှင့် သိတာ ၁၀လလောက်ရှိပီ(ရှိပြီ) တခြားလူတွေလိုပါဘဲ၊ သိလိုတာက ကင်ဆာဖြစ်လို့ ဆရာဝန်ကို မမေးပါ။ ဖတ်လိုက ဖတ်နိုင်။ 5-year survival rate ကင်ဆာလူနာ ငါးနှစ်အသက်ရှင်နှုန်း https://dr-tint-swe.blogspot.com/2021/05/5-year-survival-rate.html မြန်မာလိုရေးတဲ့ ဖေ့စ်ဘွတ်ကို ကင်ဆာဘွတ်လို့ အမည်ပြောင်းသင့်တယ်။ ဒေါက်တာတင့်ဆွေ

LFT အသည်းအတွက် သွေးစစ်ခြင်း

Image
ရှင်းပြပေးပါဆရာရှင့် ခီမို ၄ကြိမ် Taxol+ Her2 ၂ ကြိမ်သွင်းပြီး အောက်ဆုံးက ၂ ခု ၃ ဆတက်နေတယ် အသဲအားဆေး၂မျိုး သောက်ရမယ်တဲ့ ALT AST ဆိုတာဘာတွေ မြင့်တက်နေတာလဲရှင့် မေးခွန်းထဲက ဆရာဆိုတာ ကွန်တော် မဟုတ်ပါ။ ကင်ဆာနေရာတခုမှာ တွေ့တာ။ မြန်မာပြည်မှာ ကင်ဆာဆိုရင် ဖေ့စ်ဘွတ်ကိုသာ မေးကြတယ်။ ဖြေတဲ့သူတွေကတည်း အလွန်များတယ်။ ၈၀% လောက်က မမှန်။ အဲဒီထဲက ၄၀% လောက် ပြောင်းပြန်။ အသည်းအတွက် သွေးစစ်တယ်ဆိုတာ သွေးထဲမှာ (အင်ဇိုင်းမ်) ခေါ်တဲ့ (ပရိုတင်း) တွေ ရှိနေတာကို စစ်ရတယ်။ နေကောင်းနေတဲ့အချိန်မှာ ဒါတွေက အသည်းရဲ့ (ဆဲလ်) တွေထဲမှာသာရှိနေကြတယ်။ တခုခု ဖြစ်လာမှသာ အသည်းထဲကနေ သွေးထဲကို ရောက်လာကြတယ်။ အများဆုံးစစ်နည်းဟာ Aminotransferases (အမိုင်နိုထရန်စဖါရေ့စ်) တွေဖြစ်တယ်။ Transaminase လို့လဲခေါ်သေးတယ်။ Glycogen (ဂလိုင်ကိုဂျင်) လို့ခေါ်တဲ့ (အင်နာဂျီ) (မော်လီကျူး) တွေ အသည်းထဲမှာ သိုလှောင်ထားဘို့ရာ ဓါတ်ပြောင်းလဲရေးအတွက် လုပ်ပေးကြတယ်။ အတိအကျဆိုရင် Aminotransferase (AST = SGOT) နဲ့ Alanine aminotransferase (ALT = SGPT) လို့ခေါ်တယ်။ Liver Blood Test အသည်းအတွက် သွေးစစ်ခြင်း https://dr-tint-swe.blogspot.com/2021/08/liver-blood-test.h

ကိုယ့်ကိုယ်ကို အားကိုးပါ

Image
၁။ ကိုယ့်ကိုယ်ကို နဲ့  ကိုယ့်ကိုယ်ကိုယ် ဘယ်ဟာအမှန်လည်း သိချင်လို့ပါဆရာ၊ ကျနော်က နောက်စာလုံး ကိုယ် ကို အမှန်လို့ ယူဆပြီး ရေးနေမိလို့ပါ ၂။ ဆရာ ကျနော်ရောထွေးနေလို့ပါဗျာ ကိုယ့်ကိုယ်ကို လို့ပေါင်းရမှာလား ကိုယ့်ကိုကိုယ်လို့ပေါင်းရမှာလား ကိုယ့်ကိုယ်ကိုယ် လို့စာလုံးပေါင်းရမှာလား ရောထွေးနေပါတယ် ကျနော်ကတော့ ကိုယ့်ကိုယ်ကိုယ်လို့ သုံးထားပါတယ် ဆရာ အမှန်ကိုပြင်ပေးပါ ဆရာ ၃။ ကိုယ့်ကိုကိုယ် အားကိုးပါ နဲ့ ကိုယ့်ကိုယ်ကို အားကိုးပါ၊ ဘယ်ဟာမှန်ပါသလဲဆရာ။ ၄။ တခါတည်းထပ်မေးပါရစေဆရာ ကို နဲ့ ကိုယ် အသုံးကိုလည်း သိပ်မကွဲလို့ခင်ဗျ။ ကိုယ့်ကိုယ်ကို၊ ကို့ကိုယ်ကို၊ ကိုယ်ကိုယ်တိုင်၊ ကိုကိုယ်တိုင်၊ ကိုယ့်ဟာ သူ့ဟာ၊ ကို့ဟာ သူ့ဟာ၊ ကိုယ်တိုင်ကိုယ်ကျ၊ ကိုတိုင်ကိုကျ။ သတ်ပုံစာအုပ်ဟောင်းတွေမှာ အတိအကျမပါ။ ကျောင်းနေကတည်းက ကိုယ့်ကိုယ်ကိုလို့သာ သင်ခဲ့ပါတယ်။ ခုခေတ်ဆရာတချို့က ရေးခိုင်းနေတာတော့ သဘောမတူနိုင်ပါ။ ခုဆရာတွေက ကျွန်တော့်နောက်မှ စာသင်ကြသူတွေ များမယ်ထင်တယ်။ မိမိကိုယ်မိမိလို့ ရေးတာတော့ နားလည်သူများမယ်။ ပဌမမိမိက ကိုယ့် နဲ့၊ နောက်မိမိက ကို သဘောဖြစ်တယ်။ အလယ်ကိုယ်က အတူတူ။ အဲလိုစဉ်းစားရင် ကိုယ့်ကိုယ်ကို ကို နားလည်နိုင်ပါတယ်။ ကို ကိုလူ

Luke warm Shower ရေနွေးနဲ့ ရေချိုးခြင်း

Image
ရင်သားကင်ဆာ ဖစ်(ဖြစ်)နေတဲ့လူနာက ရေနွေးပူနဲ့ချိုးလို့ရလားရှင့် ၂နစ်လောက်ရှိပါပီ(ပါပြီ)ရှင့် ခွဲပီးပါပီး (ပြီးပါပြီ) သိသောသူများ ဖြေပေးကျ(ကြ)ပါနော် မကြာခဏတင်ပြထားတဲ့အတိုင်း ကင်ဆာအတွက် ဆရာဝန်ကို မမေးပါ။ ကင်ဆာမေးခွန်းဖြစ်လို့ ဖြစ်ကို ဖစ်လို့သာရေးပါတယ်။ ပါပြီကိုလည်း ပါပီ။ မက်စင်ဂျာ ဖတ်ပါရန်။ ရေနွေးပူကတော့ လူကောင်းတွေချိုးလည်း အပူလောင်နိုင်တယ်။ သတိထားပါလေ။ မြန်မာပြည်မှာတော့ နေရာအနည်းငယ်မှာသာ ရေပူ + ရေးအေးပေးစနစ်ရှိသေးမယ်ထင်ပါတယ်။ ရာသီဥတု အခြေအနေအရ ရေနွးပူးပူနဲ့ သာမန်ရေကို စပ်ချိုးကြတာများမယ်။ လက်တွေ့မှာ ကိုယ့်လက်နဲ့ စမ်းစမ်းပြီး ကိုယ်ခံနိုင်လောက်မဲ့အပူချိန်ရောက်အောင် ရေနွေးပူနဲ့ ရေးအေး စပ်ရမှာသာဖြစ်တယ်။ အပူချိန်တိုင်းစရာကလည်း အသုံးနည်းသေးမယ်။ ရေအပူချိန်ဘယ်လောက်ထားချိုးတာ အသင့်ဆုံးလဲ။ ပျမ်းမျှ 98°F (37°C) ကနေ 101°F (38.3°C) အထိထားသင့်တယ်။ 105 °F (41°C) ထက် မပိုစေရ။ အဲဒီအပူချိန်ကို Luke warm လို့ခေါ်တယ်။ ဒေါက်တာတင့်ဆွေ

Steamed Chicken Soup ကြက်သား ဆု(ပ်)

Image
ကြက်ပေါင်းရည်ကို ဘုန်းကြီးသောက်လို့ အဆင်ပြေ / မပြေ သိချင်တာပါ။ အခု သက်တော် (၆၄) သိက္ခာဝါ (၄၄) ပါ ဒကာကြီး။ တင်ပါ့ဘုရား။ အားနာနာနဲ့ ရေးပါမယ်။ လူတွေစားတဲ့ အသားတွေမှာ ပရိုတင်းဓါတ်ခေါ် လူတိုင်းမရှိမဖြစ်တဲ့ဓါတ်ပါတယ်။ ပရိုတင်းအပြင် အဆီ၊ ဓါတ်ဆားတွေနဲ့ ဗီတာမင်တချို့လည်းပါတယ်။ အတိအကျ တင်ပြပါမယ်။ ကြက်ရင်အုပ် (အရိုးမပါ၊ အရေမပါ) 3.5 အောင်စ (100 ဂရမ်) ကနေ 165 calories ကယ်လိုရီ၊ 31 grams of protein ပရိုတင်းနဲ့ 3.6 grams of fat အဆီရမယ်။ ကြက်ပေါင် (အရိုးမပါ၊ အရေမပါ) 3.5 အောင်စ (100 ဂရမ်) ကနေ 209 calories ကယ်လိုရီ၊ 26 grams of protein ပရိုတင်းနဲ့ 10.9 grams of fat အဆီရမယ်။ ကြက်တောင်ပံ (အရိုးမပါ၊ အရေမပါ) 3.5 အောင်စ (100 ဂရမ်) ကနေ 203 calories ကယ်လိုရီ၊ 30.5 grams of protein ပရိုတင်းနဲ့ 8.1 grams of fat အဆီရမယ်။ ကြက်ခြေသလုံး (အရိုးမပါ၊ အရေမပါ) 3.5 အောင်စ (100 ဂရမ်) ကနေ 172 calories ကယ်လိုရီ 28.3 grams of protein ပရိုတင်းနဲ့ 5.7 grams of fat အဆီရမယ်။ ကယ်လိုရီဆိုတာ သွားလာလှုပ်ရှားတဲ့အခါလိုအပ်ချက်ယူနစ်ဖြစ်တယ်။ လူတယောက်ဟာ တနေ့မှာ ကိုယ်လိုရီ ၁၅၀၀ ကနေ ၂၅၀၀ လိုအပ်တယ်။ ပရိုတင်း၊ အဆီနဲ့ အစားမျိုးစုံကနေရတယ်။ ပရိုတင

ရောဂါက ကင်ဆာဖြစ်လို့ ဆရာဝန်ကို မမေးပါ

Image
  ရင်သားမှာအကြိတ်(အကျိတ်)တွေ့လို့ အလုံးကိုခွဲထုတ်ပီး ဘိုင်အိုစီး စစ်ဆေးတဲ့အဖြေမှာ ရင်သားကင်ဆာ အဆင့်၁လို့ သိရပါတယ် ultrasound ရိုက်တော့ ပိုးတွေ တခြားမပြန့်သေးဘူးသိရပါတယ်ရှင်  ရောဂါက ကင်ဆာဖြစ်လို့ ဆရာဝန်ကို မမေးပါ။ တခြားလို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။ မေးခွန်းတွေမှာ ကင်ဆာပိုးလို့ မကြာခဏ တွေ့ရတယ်။ ပိုး မဟုတ်ပါ။  ကင်ဆာဆိုတာ ပုံမှန်ဆဲလ် ခေါ် ကလာပ်စည်းလေးတွေက မူမမှန်ဖြစ်တာကို ခေါ်တယ်။ မူလနေရာကနေ တခြားကို ပြန့်တယ်ဆိုတာလည်း ဒုတိယနေရာမှာ ပါ မူမမှန်ဆဲလ်တွေ တွေ့တာ။  ပိုးမဟုတ်လို့ ကင်ဆာက မကူးစက်ပါ။ ဒေါက်တာတင့်ဆွေ

Protein Powder ပရိုတင်းပေါင်ဒါ

Image
၁။ ဆရာခင်ဗျာ ကျွန်တော် အသက်၂၉ လူပျိုပါဗျာ Hyper ရောဂါဖြစ်နေသူပါ သိချင်တာလေးတခုက ကျွန်တော်အဲ့ရောဂါရှိနေလို့ gym ကစားသူတွေဖျော်သောက်တဲ့ ပရိုတိန်းအမှုန့်မျိုးကို သောက်လို့ရပါသလားခင်ဗျာ ရောဂါနဲ့တည့်လားခင်ဗျာ လူတိုင်း ပရိုတင်းလိုကြတယ်။ အစားအသောက်တွေကနေ ရတယ်။ ပရိုတင်းဖြည့်စွက်စပေါ်တာ ဆယ်စုနှစ်တွေ သိပ်မကြာသေးပါ။ အားကစားသမားတွေ သုံးနေကြတယ်။ ကိုယ်အလေးချိန်များလိုသူတွေက သုံးကြတယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာ ပရိုတင်းနည်းလွန်းတဲ့ကလေးတွေ များတယ်။ ပရိုတင်းပေါင်ဒါ အကောင်း-အဆိုး သောက်ရတာ လွယ်တယ်။ ကိုယ်အလေးချိန်ကို တိုးစေ လျှော့စေလုပ်နိုင်တယ်။ များရင် ဘေးထွက် သက်ရောက်မှုတွေ ရနိုင်တယ်။ တချို့က အလာဂျစ်ဖြစ်တယ်။ ဈေးကြီးတယ်။ အကျိုးကျေးဇူးအတွက် သုတေသနလေ့လာမှုတွေ အမျိုးမျိုး အဖြေထွက်တယ်။ ထည့်မရေးတော့ပါ။ ပရိုတင်းပေါင်ဒါထဲမှာ ဟော်မုန်းတွေပါရင် ဟော်မုန်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ရမယ်။ Supplement အားဖြည့်ဆေးများ သတိထား ၂။ ကျနော်သိချင်တာက မြန်မာလူငယ်တွေက ခန္ဓာကိုယ်ဖွံ့ထွားဖို့အဆီချဖို့လေ့ကျင့်မူကိုသိပ်မလုပ်ကြပဲ ဖြည့်စွက်စာ ပရိုတိန်းတွေပဲ အားကိုးနေကြတယ်။ အကျိုးဆက်က ဘယ်လို ဖြစ်နိုင်လဲလို့သိချင်လို့ပါဆရာ။ ကျေးဇူးတင်ပါတယ

India cough syrup linked to Uzbekistan deaths ‘substandard’ အိန္ဒိယဆေး ရွေးဝယ်ပါ

Image
  အူဇဘက်ကစ်စတန်မှာ အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးကြောင့် သေဆုံးရမှုရှိတယ်လို့ WHO က ထုတ်ပြန်ပါတယ်။ ကလေး အနည်းဆုံး ၂၀ ယောက်သေဆုံးတယ်။  အိန္ဒိယဆေးတွေရဲ့ အဆင့်အတန်းနိမ့်ကျမှုကြောင့်ဖြစ်တယ်။ အဆိပ်သင့်နိုင်တာတွေ ပါနေတယ်။ ဆေးကုမ္ပဏီအမည်က Marion Biotech ဖြစ်တယ်။ Emenox Group လက်အောက်။ Doc-1 Max အမည်နဲ့ ချောင်းဆိုးပျောက်ဆေးကနေဖြစ်စေတယ်။ ဒေါက်တာတင့်ဆွေ

Personal Data ကွန်မင့်ကနေ မမေးသင့်

Image
ဆရာရှင့် Crochet ချည်ဖြစ်တဲ့ cotton ချည်လေးနဲ့ထိုးထားတဲ့ ခြေအိတ်ဝတ်အိပ်မယ်ဆိုရင် ပိုကောင်းလားရှင့် မေးခွန်းပါခြေအိတ်ကို ဝတ်လိုသူ ကလေး-လူကြီး-အသက်-ကျား-မ မသိရ။ ဘာရောဂါအခံရှိသလဲ မသိ။ နေရာဒေသရဲ့ ရာသီဥတု မသိ။ တင်ပြထားတဲ့စာထဲမှာလည်း သိလိုတာ ပါရှိ။ ကွန်မင့်ကနေ မမေးသင့်။ ကွန်မင့်ဆိုတာ တင်ထားတဲ့စာကို ကောင်း-ဆိုး၊ ကြိုက်-မကြိုက်သာ ရေးရတယ်။ မေးနည်းကို အကြိမ် တထောင် (တစ်ထောင် မဟုတ်) တင်ပြထားပါတယ်။ ကွန်မင့်ကနေ ကျန်းမာရေးရင် အသက်-ကျား-မ-ရောဂါတွေကို လူတကာ သိမယ်။ မသိသင့်တာတွေပါနိုင်တယ်။ ဆေးစစ်ချက်တွေပို့မေးတဲ့အခါ ဖတ်တဲ့ ဆရာဝန်အတွက် မလိုအပ်လောက်မဲ့ ကိုယ်ပိုင်အချက်အလက်တချို့ကို ဖျက်ကွယ်ထားသင့်တယ်။ ကိုယ့်အတွင်းရေးဆိုတာ လူတိုင်းကို ထုတ်မပြောရပါ။ ဒေါက်တာတင့်ဆွေ

Socks ခြေအိတ်နှင့် ညအိပ်ခြင်း

Image
ဂူဂယ်လ်ရှာဖွေနေရာက မေးခွန်းနဲ့ အဖြေတခုကို တင်ပြပါမယ်။  အိပ်ရာထဲမှာ ခြေအိတ်စွပ်လျက်အိပ်ခြင်းသည် အိပ်ပျော်တာ မြန်စေသည်။ အိပ်စက်ချိန်တာရှည်စေနိုင်သည်။ တရေးနှစ်ရေးနိုးတာ နည်းစေနိုင်သည်။ လေ့လာမှုတခုမှာ ခြေအိတ်ဖြင့် အိပ်ကြသည့် အမျိုးသားများသည် ခြေအိတ်မပါဘဲအိပ်သူတွေထက် ၇့၅ မိနစ် ပိုစောပြီး အိပ်ပျော်ကြသည်။ အိပ်ပျော်ချိန် ၃၂ မိနစ်ပိုကြာသည်။ တရေးနိုးခြင်းလည်း ၇့၅ ကြိမ် နည်းကြသည်။ နောက်လေ့လာမှုတခု ခြေအိတ်စွပ်အိပ်လျှင် နွေးထွေးမှုပိုစေမည်။ အမျိုးသမီးတွေ မျက်နှာနီမြန်းခြင်း နည်းစေသည်။ ခြေဖနောင့်ကွဲအက်တာ နည်းစေသည်။ ချည်သားခြေအိတ်က ပိုကောင်းသည်။ နောက်လေ့လာမှုတခု တချို့က ခြေထောက်အေးနေလို့ အိပ်မပျော်နိုင်။ ခြေအိတ်ဖြင့် အိပ်ပါလေ။ ခြေအိတ်အမျိုးအစား merino wool or cashmere အမျိုးအစားတွေက အကောင်းဆုံး။ ပိုက်ဆံတော့ ပိုပေးရလိမ့်မယ်။ ခြေအိတ်က တင်းကျပ်မနေပါနေနဲ့။ compression socks အမျိုးအစား ရှောင်ပါလေ။ ယူအက်စ်အေက လေ့လာမှုတွေထဲမှာ မတွေ့တဲ့အချက်လည်း ရှိတယ်။  လူတွေ တယောက်နဲ့တယောက် မတူပါ။ တချို့က ခြေအိတ်စွပ်အိပ်ရင် မနက်ကျ မျက်ဝတ်ထွက်မယ်လို့ အယူစွဲနေကြတယ်။ မမှန်ပါ။ တချို့က ခြေအိတ်ဝတ်တဲ့အကျင့် ငယ်ကတည်း မရှိကြပါ။  စစ