Diabetic food ဆီးချိုနဲ့ အစားအသောက်

ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိကအစာအုပ်စု (၃) မျိုး -
(၁) လုံးဝရှောင်ကြဉ်ရမဲ့ အစားအစာတွေ = ဂလူးကို့စ်၊ သကြား၊ နို့ဆီ၊ ထန်းလျက်၊ ကြံသကာနဲ့ အဲတာတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊

(၂) အသင့်အတင့်သာ စားသုံးနိုင်တဲ့ အစားအစာတွေ = ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စတဲ့ ကစီဓါတ်များတဲ့ အစာများ၊ ချိုတဲ့ အသီးအနှံများ၊ ပဲအမျိုးမျိုးနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊

(၃) ကြိုက်သလို စားသုံးနိုင်တဲ့ အစားအစာတွေ = အသား၊ ငါး၊ အချိုဓါတ်မရှိတဲ့ အသီးအနှံများ၊ အရွက်များ။

• ပင်မအစားအစာတွေ = ဆန်ဖြူ ထက် ဆန်လုံးညိုက သင့်တယ်။ ခေါက်ဆွဲက ပိုသင့်တယ်။ ပေါင်မုံ့က ကြားကြတယ်။

• သစ်ဥ-သစ်ဖုတွေ = မျောက်ဥ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ အာလူး၊ (အစီအစဉ်နောက်ကျတာက ပိုမသင့်)။

• ပဲတွေ = ပဲပုတ်၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ပဲနီလေး၊ ပဲထောပါတ်၊ (အစီအစဉ်နောက်ကျတာက ပိုမသင့်)။

• သစ်သီးအမျိုးမျိုး = ပန်းသီး၊ သစ်တော်သီး၊ ဆီးသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ (အစီအစဉ်နောက်ကျတာက ပိုမသင့်)။

• နို့နဲ့ နို့ထွက်ပစ္စည်းတွေ = နွားနို့၊ ဒိန်ချဉ်၊ နို့ဆီ၊ ရေခဲမုန့်၊ (အစီအစဉ်နောက်ကျတာက ပိုမသင့်)။

• သကြားအမျိုးမျိုး = သစ်သီးသကြား (Fructose)၊ နို့သကြား (Lactose)၊ ကြံသကြား (Sucrose)၊ ပျားရည်၊ ဂလူးကို့စ် (Glucose)၊ (အစီအစဉ်နောက်ကျတာက ပိုမသင့်)။

• အချိုရည်အမျိုးမျိုး = ပန်းသီးဖျော်ရည်၊ လိမ္မော်ရည််၊ ကိုကာကိုလာ၊ လင်မနစ်၊ (အစီအစဉ်နောက်ကျတာက ပိုမသင့်)။

ဆီးချိုဆေးကို မနက်ည သောက်-ထိုး၊ အစားအမျိုးတွေ မှန်နေ၊ ဆီးချိုရှိလျှက် အသက် ၁၂ဝ ရှည်ပါစေ။

Dr. တင့်ဆွေ


Comments

Popular posts from this blog

Hair Loss (1) ဆံပင်ကျွတ်ခြင်း (၁)

Omicron Positive အိုမီခရွန် ကူးစက်ခံရလျှင်

Ringworm ပွေး