Allergic skin အရေပြား အလာဂျီ

ရေးထာတာ ၇ နှစ်တိတိရှိပြီ။ သြဂုတ်လကို အယားပေါ်တဲ့ရာသီလို့ခေါ်နိုင်တယ်။ 

၁။ ဆရာ ကျွန်တော့်ကိုယ်နေရာအနှံ့မှာ ဘုသေးသေးလေးတွေထွက်လာပါတယ်။ လက်တွေ ခြေထောက်တွေ ပေါင်တွေ ကျောကုန်းတွေမှာရောပဲ ဆရာ။ အစုလိုက်ရော တလုံးချင်းရော။ ဘာဖြစ်မှန်းမသိဘူးဆရာ။ ဘုလေးတွေကယားတယ်။ သောက်ဆေး လိမ်းဆေးလေး ညွှန်ကြားပေးပါအုန်း ဆရာ။

၂။ သမီး လက်နဲ့ခြေထောက်တွေမှာ အနီအဖုသေးလေးတွေထွက်လာတယ်။ အရေခွံလေးတွေက ပုံထဲမှာလိုပဲ ခြောက်သွားတယ်။ အရေခွံလေးတွေခြောက်လို့ လက်သည်းနဲ့ခြစ်လိုက်ရင် ဗောက်လိုပဲ အရေခွံလေးတွေ ပါလာတယ်။ ဒါပေမယ့်ပုံထဲကလို အရေပြားမှာအဖြူစက်ကလေးတွေကျန်နေတယ်ဆရာ။ သမီးလည်း အစကမနာတော့ သတိမထားမိဘူးဆရာ။ သတိထားမိတော့မှခြေထောက် လက်တွေမှာ ဆက်တိုက် ပေါက်နေတယ်။ အခုထိပဲဆရာ။ လိုအပ်တာကိုညွှန်ကြားပေးပါဦးဆရာ။ 

၃။ ဆရာ Allergy အကြောင်းတင်တာနဲ ့သမီး ဖြစ်နေတာလေးပြောပါရစေ။ သမီးအသက် ၄၆ နှစ်ပါ။ လွန်ခဲ့တဲ့ ၅နှစ်ခန့်က အသားတွေယားလို ့သွေးစစ်ဘူးပါတယ်။ အထွေထွေအထူးကုသမားတော်နဲ့ပါ။ သွေးထဲမှာ Allergy ဖြစ်တဲ့သွေးပါတယ် ပြောပါတယ်။ အဲတုန်းကတဲ ကနေ CETRINE ဆေးကို တနေ့တလုံး သောက်လာတာ ၅နှစ်ခန် ့ရှိပါပြီ။ မသောက်ရင် အသားတွေယားလာတာပဲဆရာ။ အဲဒါ အဲဒီဆေးဆက်သောက်ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲ။ နောက်ပြီး ဆရာဝန်နဲ ့ပြန်ပြီးဆေးကုသမှုဆက်လက်ခံယူသင့်ပါသလား။ အဲလောက်ကြာနေတဲ ့ရောဂါ ပျောက်နိုင်ပါ ့မလားဆရာ။

သြဂုတ်လကို အယားပေါ်တဲ့ရာသီလို့ခေါ်နိုင်တယ်။ မုတ်သုန်ဥတုမှာ မိုးကလဲမရွာ၊ လေထဲမှာ ရေငွေ့ဓါတ်ကဲနေချိန်မှာ လူတွေ အနေရခက်တယ်။ ယားယံပြီး အဖုတွေထွက်တယ်။ ကုပ်ဖဲ့ရာကနေ အနောလေးတွေဖြစ်တယ်။ ကလေးတွေမှာ ပြည်တည်နာဖြစ်တယ်။ ခုတလော ဆေးခန်းလေးမှာ နေ့တိုင်း အနာခွဲပေးနေရလို့ ဆရာမတွေခင်မြာ လက်မလည်ကြဘူး။

အရေပြားယားတာကို သုံးရတဲ့ဆေးကို Antihistamines (အင်တီဟစ်စ်တမင်း) ခေါ်တယ်။ (အလာဂျီ) ဖြစ်ရာကနေ ရောင်တာ၊ ယားတာ၊ နှာရည်ယိုတာ၊ မျက်ရည်များတာ၊ အင်ပြင် ထွက်တာတွေ သက်သာစေတယ်။ အလွယ် ဝယ်ရနိုင်တာတွေက Cetirizine (Zyrtec), Loratadine (Claritin) နဲ့ Clemastine (Tavist) တွေ ဖြစ်တယ်။ Fexofenadine (Allegra) ကိုတော့ ဆေးလက်မှတ်လိုမယ်။ မြန်မာပြည်မှာ Burmeton (ဘာမီတွန်) လို့ လူသိများတဲ့ဆေးဟာ Chlorpheniramine Maleate (ကလိုဖင်နရာမင်း) ဖြစ်ပါတယ်။ 

(အင်တီဟစ်တမင်း) အုပ်စုဝင်ဆေးတွေကို အအေးမိ၊ နှာစေး ချောင်းဆိုး၊ ဆိုင်းနပ်စ်၊ (အင်းဆက်) ကိုက်၊ (အလာဂျီ) အမျိုးမျိုးနဲ့ အရေပြားယားတာတွေအတွက် သုံးပါတယ်။၊ ဘေးထွက်ဆိုးကျိုး = အာခေါင် ခြောက်မယ်၊ အိပ်ချင်မယ်။

(အင်တီဟစ်စ်တမင်း) တွေထဲမှာ နောက်မျိုးဆက် Cetirizine (စီထရွက်ဇင်း) ဆေးကို အများဆုံးသုံးတယ်။ အအေးမိပျောက်ဆေး၊ ချောင်းဆိုး ပျောက်ဆေး စတာတွေထဲမှာပါတယ်။ မသောက်ဘူးသူ မရှိသလောက် အသုံးများလှတဲ့ဆေးဖြစ်တယ်။ ဒုတိယမျိုးဆက်ဖြစ်တယ်။ မအိပ်ချင်ဘူးဆိုပေမဲ့ နဲနဲတော့ အိပ်ချင်တာပါဘဲ။ (အင်းဆက်) ကောင်တွေ ကိုက်တာအတွက်လဲ သုံးတယ်။ ဘယ်နေရာက ဘာလို့ယားယား ဒီဆေးဘဲ သုံးတာများတယ်။ လူကြီးတွေကို တည ၁ ပြားပေးတယ်။

ကလေးတွေအတွက် Urticaria အင်ပြင်ထတာနဲ့ Allergic Rhinitis အလာဂျီကြောင့်နှာခေါင်းမွှန်တာအတွက် အတွက် 5 to 10 mg တနေ့ ၁ ကြိမ်။ ကလေး ၆ လမှ ၂ နှစ် 2.5 mg တနေ့ ၁ ကြိမ်။ ၁ နှစ်အထက် 2.5 mg - 5 mg တနေ့ ၂ ကြိမ်။ ၆ နှစ်ကလေး 5 to 10 mg တနေ့ ၁ ကြိမ်။

ဘေးထွက်ဆိုးကျိုးများ ၆ နှစ်မှ ၁၁ နှစ်အရွယ် ကလေး ၉ဝဝ ကျော်ကို ၂ ပါတ်မှ ၆ ပါတ်ပေးပြီး၊ သုတေသနလုပ်တော့ အများစုမှာ သာမန်ကနေ အသင့်အတင့် ဘေးထွက်ဆိုးကျိုးများတွေ့ရတာ်။ ခေါင်းကိုက် = ၁၁-၁၄%၊ လည်ချောင်းနာ = ၆့၂-၂့၈%၊ ဗိုက်နာ = ၄့၄-၅့၆%၊ ချောင်းဆိုး = ၄့၄-၂့၈%၊ ဝမ်းပျက် = ၁့၉-၄့၂%၊ နှာခေါင်းသွေးယို = ၃့ရ-၁့၉%၊ ပျို့ချင် = ၁့၉-၂့၈%၊ အန် = ၂့၅-၂့၃%၊ ရင်ကြပ် = ၃့၁-၁့၉%။

Skin Creams and Lotions လိမ်းဆေး

အရေပြားမှာ ယားယံပြီး အနီပိန့်တွေအတွက် Calamine lotion ကောင်းပါတယ်။ Zinc oxide (ZnO) + 0.5% Ferric oxide (Fe2O3) ရောထားတဲ့ဆေးဖြစ်တယ်။ Moisturizers ကနေ အရေပြားကို ယားတာ၊ နေမထိထိုင်မသာဖြစ်တာကို သက်သာစေမယ်။ Hydrocortisone ကနေ ရောင်ရမ်းခြင်း ဖြစ်စဉ်ကို သက်သာစေမယ်။ 

(အလာဂျီ) ကနေ အရေပြား ယားယံတာအတွက် ပြောထားတဲ့ သောက်ဆေးနဲ့ လိမ်းဆေး မရသေးရင် (ကော်တီဇုမ်း) ပါတဲ့လိမ်းဆေးသုံးနိုင်တယ်။ ပျင်းတာမသုံးပါနဲ့။ မနေ့တနေ့က ကလေးအမေတယောက်မေးလို့ဖြေရသေးတယ်။ ၁% Hydrocortisone cream (ဟိုက်ဒရိုကော်တီဇုမ်း) လိမ်းဆေးကိုညွှန်လိုက်ပါတယ်။ (ကော်တီဇုမ်း) လိမ်းဆေးကို တခြားနေရာတွေမှာလဲသုံးတယ်။ ဥပမာ နှင်းကူနာ၊ တော်တော်နဲ့မပျောက်နိုင်တဲ့ အရေပြားနာ။ ဆေးကို ခပ်ပါးပါးလိမ်းပါ။ ရက်ရှည် (၇-၁ဝ ရက်ကျော်) မသုံးရပါ။ နားပြီး ပြန်ပေါ်ရင် ပြန်သုံးပါ။ သိထားဘို့က ယားစေတဲ့အကြောင်းခံကို မရှောင်နိုင်ရင် ပြန်ယားမယ်။

Allergy Links 

1. Allergic skin အရေပြား အလာဂျီ https://dr-tint-swe.blogspot.com/2021/08/allergic-skin.html

2. Allergies Treatment (အလာဂျီ) ကိုကုသခြင်း https://dr-tint-swe.blogspot.com/2021/01/allergies-treatment.html

3. Allergy Relief Kit အလာဂျီရှေးဦးသူနာပြု ဆေးအိတ် https://dr-tint-swe.blogspot.com/2020/12/allergy-relief-kit.html

4. Allergy testing အလာဂျီ စစ်ဆေးခြင်း https://dr-tint-swe.blogspot.com/2020/12/allergy-testing.html

5. Allergy Triggers အလာဂျီရစေတတ်တဲ့ အကြောင်းတရားများ https://dr-tint-swe.blogspot.com/2021/08/allergies.html

6. Anti-Itch အယားသက်သာဆေး https://dr-tint-swe.blogspot.com/2021/06/anti-itch.html

7. Cetirizine တညတပြား အလာဂျီဆေး https://dr-tint-swe.blogspot.com/2021/01/cetrizine.html

8. Cosmetic allergy ကော့စမက်တစ် အလာဂျီ https://dr-tint-swe.blogspot.com/2021/08/cosmetic-allergy.html

9. Hives အင်ပြင်ထွက်ခြင်း https://dr-tint-swe.blogspot.com/2020/12/hives.html

အလာဂျီ ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာနိုင်-ရှောင်နိုင်မှသာ ပျောက်မှာပါ။ ဆေးက ဖြစ်လာတာကိုသာ သက်သာစေမယ်။ 

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ