စပ်ဟင်းချို

တပို့တွဲလဖွဲ့ လေးချိုးအောက်မှာ ကွန်မင့်တခုရတယ်။ ရှေးခေတ်ပညာရှင်တွေရဲ့ကဗျာတွေက ကောင်းပြီးသားဘဲ၊ တချို့စကားလုံးတွေ နားမလည်တာက ခက်တယ် တဲ့။ စံနစ်တကျသင်ပေးတဲ့ဆရာတွေက ခက်ဆစ်အဓိပ္ပါယ်ဖွင့်ပေးကြပါတယ်။ ကဗျာစာအုပ်တွေမှာ ဝေါဟာရအနက်၊ ဝေါဟာရ လေ့လာချက်၊ စကားပြေ၊ လိုရင်းအချုပ်၊ ဝေဖန်ချက်ပါထည့်တယ်။ ဦးကြီးရေးတဲ့ စပ်ဟင်းချို လွမ်းချင်းကို တင်ပြပါတယ်။

တခါလေလိုက်ခဲ့တော့၊ စရိုက်ကယ်ဘာသာ၊
တို့တောရွာမှာ၊ စားစရာဆန်ထမင်းမှာလ၊
မုရင်းနီတျာနှင့် သီတာရောတဲ့ချိန်ကိုလေး။
စပ်ဟင်းချိုမူ ယုန်ကိုပြက်ပြက်၊
ကင်ပလင်း ဂုံမင်းဖက်လို့၊ ငပျက်ကယ်ရောရီ၊
လောရွှေပီနှင့်၊ ပတီရုံးပြုံး
စပ်ကာ ကျိုပြီးလျှင်၊
ဇီးချိုပင်ရိပ်သာမှာ၊ နှစ်မျက်နှာ ယှဉ်ပြိုင်ပြုံးလို့၊ သုံးရအောင်လေး။ ။

ဝေါဟာရအနက်
နီတျာ = နီရဲသော
သီတာဆန် = ကောက်ကြီးဆန်တမျိုး။
ပြက်ပြက် = အနည်းငယ်။
ငပျက် = ငါးအငယ်စားတမျိုး။
ရောရီ = ရောနှော၍။
ပြုံးစပ်ကျို = ရောမွှေ၍ကျိုသည်။
ထမင်းကို မုရင်းဆန်နီနီနှင့် သီတာဆန်ရောချက်တယ်။
ဟင်းချိုကို ကင်ပလင်းရွက်၊ + ဂုံမင်းရိုး + ပီလောရွက် + ရုံပတီးသီး ရောမွှေပြီးကျိုတယ်။

ဦးကြီးရေးသားတာမှာ တစ်ခါလေ မဟုတ်။ ခါတစ်လှည့် မဟုတ်။ မြေတစ်လင်းမှာ မဟုတ်ပါ။ ခေတ်ပေါ် နေပြည်တော် မြို့ဓလေ့ကဗျာတွေ စာတွေထဲက လုံးတော်ပုပြောင်းဆန်ကတော့ လည်မျိုမှာ တစ်နေတယ်။

ခါတလှည့်
လာခဲ့ပ ကျုပ်တို့ရွာ
ဝေးမကွာ၊ ပြေးလာလျှင် တာမထောက်ပါဘူး
ရွာမြောက်က မကျည်းစဉ်
ရွာဝင်မှာ ပင်စောင်ချမ်းငယ်နှင့်
မြောက်လမ်းကွေ့ အနောက်ဆွယ်မှာ
ကြောက်စဖွယ် မျက်နှာထားပါလို့
ရွာသားတွေ အာဏာကြို့ရ
မင်းပြည်စို့အိမ် အိုတောင်မှာ
အခေါင်စောက်နှင့် တဲကိုလေး။
ဖျားမလွန်၊ နွားခွံအခင်း မြေတလင်းမှာ
နေခင်းပျော်အင် လိမ်းကျောက်ပြင်နှင့်
ဗိုင်းငင်ဝါဖန် အိမ်လုံးသာ ညံတော့
သန်းယံချိန်ကျော် သူငယ်ချင်းကိုလှ
အပျင်းပြေ ဖျော်ရအောင်
လုံးတော်ပု ပြောင်းဆန်ကို
ပေါင်းလန်အောင် ဖျော်ဟင်းငယ်နှင့်
ဦးရင်းရေမျို ချဉ်းအောင်၊ သွင်းစေ့မယ်လေး။ ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ