Low blood pressure သွေးဖိအားနည်းခြင်း

ဆရာ ကျတော် အသက်က ၃၂ပြည့်ပါပြီ။ အိမ်ထောင်သည်ပါ သွေးပေါင် မကြာကြာ ကျတတ်လိုပါခင်မျာ။ အခု ဖြစ်တာ မသက်သာပါဘူး အကျောဆေးသွင်းလိုက်မှ အနည်းငယ်သက်သာပါတယ် ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပါဦး ခင်ဗျာ။

သွေးပေါင်ကျတယ်၊ တက်တယ်၊ ဘယ်လောက်ရှိတယ်လို့ပြောတာ မမှန်ပါ။ သွေးဖိအားလို့ပြောရတယ်။ ပေါင်နဲ့တိုင်းတာတာ မဟုတ်ပါ။ ပေါင်ဆိုတာ ဗြိတိသျှသုံး အလေးချိန် နဲ့ ပိုက်ဆံ။ အခုဟာက မီလီမီတာ မာကျူရီနဲ့ တိုင်တယ်။ ဖိအားဆိုရပါတယ်။

သွေးဖိအားတိုင်းလို့နည်းနေပေမဲ့ လူကနေကောင်းရင် ဆေးမလိုလောက်ပါ။

သွေးဖိအားနည်းတာကို Hypotension လို့လဲခေါ်တယ်။ နှလုံးကနေ လူ့တကိုယ်လုံးအနှံ့ရောက်အောင် ဖိအားသုံးပြီး ညှစ်ထုတ်နေရတာမှာ ဖိအားနည်းရေင် သွေးသန့်တွေ လုံလောက်အောင် မရောက်စေနိုင်ဘူး။ သွေးဖိအား နည်းနေယုံ သက်သက်ဆိုရင် ဘာမှစိုးရိမ်စရာမရှိပါ။ ခေါင်းထဲပေါ့နေမယ်၊ ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်ဆိုရင်တော့ ဆေးကုရပါမယ်။ ဒီလိုဖြစ်တာကလဲ လှဲနေရာကနေ ထတာ၊ ရပ်တာလုပ်မှ ဖြစ်တတ်တယ်။

သွေးဖိအားနည်းတယ်ဆိုတာမှာ နှိုင်းပြောရတာမျိုးဖြစ်တယ်။ အရင်ကထက် နည်းတာလဲကျတာဘဲ။ ပုံမှန်ထက် နည်းတာလဲ ကျတာဘဲ။ ဆေးပညာမှာ ဘယ်ဂဏန်းကို ကျတယ်ပြောမလဲလို့ အတိအကျမရှိပါ။ အထက်သွေးဖိအား ၁ဝဝ အောက်ကျရင် နည်းတယ်လို့ပြောရင် မမှားပါ။ သွေးဖိအားနည်းစေတဲ့အကြောင်းတွေ အမျိုးမျိုးရှိတယ်။ ဝမ်းပျက်ရင်။ အန်ရင်၊ အလုပ်ပင်ပန်းရင်လဲဖြစ်တယ်။ သွေးထွက်-သွေးဆင်း များရင်လဲဖြစ်တယ်။ ဖြစ်စေတာကို ကုရမယ်။ နားရမယ်။ မူးမိုက်သွားရင် ချက်ချင်းလှဲအိပ်ရမယ်။ လိုအပ်ရင် Dextrose, RL drip သွင်းရမယ်။ သွေးကြောင့်ဆိုရင် သွေးသွင်းရမယ်။ ကျန်တာအတွက် ORS ဓါတ်ဆားရည် သောက်ရမယ်။ အမြဲလိုနည်းနေရင် ဆေးစစ်ရမယ်။

ဆိုးတဲ့အခြေအနေတွေမှာ ဦးနှောက်သွေးမလုံလောက်တာ၊ ကျောက်ကပ်အလုပ်မလုပ်နိုင်တာတွေဖြစ်နိုင်တယ်။ (ရှော့ခ်) ရနိုင်တယ်။ ဒါပေမဲ့ အဲလိုနည်းနေသူတွေ တခြားလူတွေထက် ဒီရောဂါကြီးတွေ အဖြစ်နည်းကြတယ်။ ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေကတော့ သွေးထုထည်နည်းတာ၊ နှလုံးရောဂါနဲ့ ဆေးတွေကြောင့်ဖြစ်တယ်။ ကုတဲ့အခါမှာလဲ ဘာလို့ ဖြစ်သလဲအပေါ်မှာ မူတည်တယ်။

သွေးတိုးရောဂါမှာလို အထက်ဂဏန်း-အောက်ဂဏန်းကိုကြည့်ပြီး သွေးဖိအားနည်းတယ်ပြောတာထက် ဘာတွေ ခံစားနေရသလဲကို ကြည့်ရတယ်။ BP 90/50 ရှိပြီး ဘာမှမခံစားရတာလဲရှိတယ်။ ဆေးကုစရာမလိုပါ။ ကိုယ်ဝန်ဆောင်ရင် သွေးဖိအားနည်းတတ်တယ်။ 100/60 သာရှိပေမဲ့ ပုံမှန်လို့ပြောနိုင်ပါတယ်။ အားကစားသမားတွေမှာ သူများထက် နည်းနေတယ်။ သွေးဖိအားနည်းနေသူမျိုးဟာ ရေရှည်ကြည့်ရင် ကောင်းတယ်လို့ ပြောနိုင်တယ်။ ရေဓါတ် နည်းခြင်းကြောင့် ဖြစ်နိုင်တယ်။ ဝမ်းလျှောတာ၊ အန်တာ၊ လှုပ်ရှာမှုများတာ? ချွေးထွက်များတာ၊ ရာသီဥတုပူပြင်းတာ တွေကနေ ဖြစ်တယ်။

သွေးဖိအားနည်းစေနိုင်တဲ့ ရောဂါတွေ -
• Acute pancreatitis သရက်ရွက်ရောင်ခြင်း၊
• Heart disease နှလုံးရောဂါ၊
• Bradycardia နှလုံးခုန်နှုန်းနှေးခြင်း၊
• Heart block နှလုံးပိတ်ရောဂါ၊
• Tachycardia နှလုံးခုန်နှုန်းမြန်ခြင်း၊
• Pulmonary embolism အဆုပ်သွေးကြောပိတ်ခြင်း၊
• Digoxin နှလုံးဆေး၊
• Angiotensin converting enzyme, ACE inhibitors, Angiotensin receptor blockers, Beta blockers, Calcium channel blockers, and Alpha blockers သွေးတိုးဆေးတွေ၊
• Hydrochlorothiazide and Furosemide (Lasix) ဆီးသွားဆေးတွေ၊
• Amitriptyline (Elavil) စိတ်မကျဆေး၊ 
• Sildenafil (Viagra), Vardenafil (Levitra), and Tadalafil (Cialis) ပန်းညှိုးသက်သာဆေးတွေကို Nitroglycerin ဆေးနဲ့တွဲသုံးခြင်း၊
• Alcohol အရက်နဲ့ Narcotics မူးယစ်ဆေးတွေ၊
• Septicemia သွေးထဲပိုးဝင်ခြင်း၊
• Anaphylaxis (ရှော့ခ်) ရခြင်း

ဘယ်လိုကုသမလဲ
• ရေဓါတ်နည်းနေရင် ORS ဓါတ်ဆားထုပ်သောက်ပါ။ လိုသေးရင် RL Drip သွင်းပါ။ 
• သွေးယိုတာရှိရင် သွေးထိတ်အောင်လုပ်ပါ။ သွေးသွင်းပါ။ 
• Septic shock ဖြစ်နေရင် ချက်ချင်း ပိုးသေဆေး သွေးကြောထဲထိုးပါ။ Drip သွင်းပါ။
• သွေးတိုးဆေးတွေနဲ့ ဆီးသွားဆေးတွေကြောင့်ဆိုရင် ဆေးချိန်ဆ ပြုပြင်ပေးမယ်။
• နှလုံးခုန်နှေးလွန်းနေရင်၊ နှလုံပိတ်ရောဂါဖြစ်နေရင် Pacemaker တပ်ပေးမယ်။
• နှလုံးရောင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အဆုပ်သွေးကြော ပိတ်ခြင်းတွေကို ဆေးကုသရမယ်။
• Postural hypotension လူအနေအထားကြောင့်ဖြစ်ရတာဆိုရင် အစားအသောက်ပြုပြင်ရမယ်။ ရေ + ဆား များစေရမယ်။ ကေဖင်းပါတဲ့သောက်စရာတွေ သောက်နိုင်တယ်။ Compression stockings ခြေပိုင်းကို ပတ်တီးစီးပေးနိုင်တယ်။ တချို့ကို Midodrine (ProAmatine) ဆေးပေးမယ်။ တချို့ကို Pyridostigmine ဆေးပေးမယ်။

Low blood pressure သွေးဖိအားနည်းခြင်း https://dr-tint-swe.blogspot.com/2021/05/low-blood-pressure_24.html
Anemia and low Blood pressure သွေးအားနည်းတာနဲ့ သွေးဖိအားနည်းတာ https://dr-tint-swe.blogspot.com/2021/10/anemia-and-low-blood-pressure.html

ဒေါက်တာတင့်ဆွေ

Comments

  1. ဆရာ ကျွန်တော့်အမေ အသက် 50ပါ covid 19 ဖြစ်ပြီး 16ရက်မြောက်ပါဆရာ Antibody စစ်တာ C တစ်လိုင်းပေါ်တယ်ဆရာ အနံလဲပြန်ရနေပါပြီ Spo2လဲ 94/95ပါဆရာ ဒါပေမယ့် မနက်အိပ်ယာထ မစားသောက်ရသေးမှီ မှာသွေးပေါင်က 105/68လောက်ပဲရှိတယ်ဆရာ ထမင်းစားပြီး ဓာတ်ဆားရည်သောက်ပြီးရင်တော့ 115/70လောက်ထိ တက်ပါတယ်ဆရာ စိတ်ပူသင့်တဲ့အခြေနေမှာရှိလားဆရာ

    ReplyDelete

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ