Blood Sugar Levels သွေးထဲရှိ သကြားဓါတ်စစ်ဆေးခြင်း

မင်္ဂလာပါဆရာ ကျွန်မအသက်က ၃၁ နှစ်ပါ အိပ်ယာနိုးတိုင်း လက်ကျဉ်ကျဉ်နေလို့ပါရှင့် ဆီးချို သွေးတိုးမျိုးရိုးရှိပါတယ် လက်ကျဉ်တာ ဆီးချိုလက္ခဏာလို့ပြောလို့ အိမ်ကညီမစက်နဲ့ ဆီးချိုစစ်ကြည့်ပါတယ် မနက်အစော အစာမစားခင်စစ်တာ 130 ရှိပါတယ်ရှင့် ကျွန်မအနေနဲ့ ဆေးသောက်ဖို့လိုပြီလားသိချင်ပါတယ်ရှင့် ဆေးမသောက်ဘဲ လေ့ကျင့်ခန်းနဲ့ အစားရှောင်ချင်းဖြင့် ကုသလို့ရပါသလားရှင့် ကျွန်မ အရပ်က 5'2" body weight 140lb ရှိပါတယ် အရင်က 120-125lb ပတ်လည်မှာပါ အခုရှစ်လအတွင်းဝိတ်တက်လာပါတယ်ရှင့် အပြင်ထွက်ရင် ချွေးအရမ်းထွက်တတ်ပြီး air-con ခန်းထဲဆို ရေခနခန (ခဏခဏ) သောက် ဆီးခနခန (ခဏခဏ)သွားတတ်ပါတယ်ရှင့် ကျွန်မအနေနဲ့ ဘာတွေရှောင်ပြီး ဘယ်လိုကုသလို့ရမလဲသိချင်ပါတယ်ရှင့် နောက်ဆက်တွဲ ဆေးစစ်မယ်ဆို ဘယ်လိုအရာတွေအဓိကထားစစ်ရမလဲရှင့် 

သွေးထဲရှိသကြား (ဂလူးကို့စ်) ဓါတ်စစ်ဆေးခြင်း အဖြေ

(၁) ပုံမှန်

ဘာမှမစားပဲစစ်ခြင်း Fasting Value = ရဝ မှ ၁ဝဝ။

အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = ၁၄ဝ ထက်နည်းရမည်။

(၂) ဆီးချိုအစအပိုင်း

ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁ဝ၁ mg / dl မှ ၁၂၆ mg / dl

အစာစားပြီးစစ်ခြင်း Post Prandial = ၁၄ဝ mg / dl မှ ၂ဝဝ mg / dl

(၃) ဆီးချိုဖြစ်နေပြီ

ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁၂၆ mg / dl အထက်။

အစာစားပြီးစစ်ခြင်း Post Prandial = ၂ဝဝ mg / dl အထက်။

(၁) ပုံမှန်

ဘာမှမစားပဲစစ်ခြင်း Fasting Value = 4.0 မှ 5.9 mmol/L အထိ။

အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = 7.8 mmol/L ထက်နည်းရမည်။

(၂) ဆီးချိုအမျိုးအစား (၂)

ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 မှ 7 mmol/L အထိ။

အစာစားပြီးစစ်ခြင်း Post Prandial = 8.5 mmol/L ထက်နည်းရမည်။

(၃) ဆီးချို အမျိုးအစား (၁)

ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 7 mmol/L

အစာစားပြီးစစ်ခြင်း Post Prandial = 9 mmol/L ထက်နည်းရမည်။

(၄) ကလေး ဆီးချို အမျိုးအစား (၁)

ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 8 mmol/L

အစာစားပြီးစစ်ခြင်း Post Prandial = 10 mmol/L ထက်နည်းရမည်။

ဆီးချိုရှိလျက် အသက် ၁၂ဝ ရှည်ပါစေ။

A1C (HbA1c) test ဆီးချိုအတွက် https://dr-tint-swe.blogspot.com/2021/04/a1c-hba1c-test.html

Diabetes ဆီးချို https://dr-tint-swe.blogspot.com/2021/06/diabetes_26.html

Diabetes Complications ဆီးချို နောက်ဆက်တွဲဖြစ်နိုင်သည်များ https://dr-tint-swe.blogspot.com/2021/04/diabetes-complications.html

Blood sugar levels ဆီးချိုစစ်ခြင်း https://dr-tint-swe.blogspot.com/2021/01/blood-sugar-levels.html

Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို https://dr-tint-swe.blogspot.com/2021/06/gestational-diabetes.html

Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ https://dr-tint-swe.blogspot.com/2021/05/diabetic-neuropathy.html

Metformin ဆီးချိုစားဆေး ဘယ်လိုပေး https://dr-tint-swe.blogspot.com/2021/05/metformin.html

Diabetic food ဆီးချိုနဲ့ အစားအသောက် https://dr-tint-swe.blogspot.com/2021/05/diabetic-food_7.html

Diabetic Ketoacidosis (DKA) ဆီးချိုအန္တရာယ် https://dr-tint-swe.blogspot.com/2022/05/diabetic-ketoacidosis-dka.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ