ချောင်းဝမှ မြတခဲ လှလိုက်မှာဘဲ
မဗေဒါ မယ့်ဒုံရင်း၊ ဆင်းချိန်မို့လေး။
ဆင်းမယ့်လော့ မဗေဒါ တဲ့။
ကျူရိုးရှင် ပီပီကလေး၊ တေးသံကသာ။
ရေထဦးဆီက
အဖူးနဲ့ အငုံဟာ ပွင့်ပါပေါ့ခုများ။
ပွင့်ပြာမှာ ဝါလဲ့ဝင်းမှ၊ ဆင်းရမယ်လား။
အိုအချင်းကျူရိုးရှင်။
စုန်ချည် ဆန်ချည်နဲ့
တပြန်စီ ဒီတရား၊ ကြားပါစ ရှင်။
တက်ချိန်ကျ တက်ခဲ့လျင်၊ ဆင်းချိန်တွင် မနှေး။
ဒီချောင်းနေ ဗေဒါမျိုးမှာ ၊ရိုးလှပြီလေး။
အိုအချင်း ကျူရိုးရှင်။
ပွင့်ပြာမှာ ဝါလဲ့ဝင်းမှ ၊ ဆင်းပြလိုက်ချင်။
အပွင့်ကားရယ်နဲ့
ချောင်းဖျားမှာ လှရွှေစင်၊
ချောင်းရေယဉ် လှပုလဲ။
ချောင်းဝမှ မြတခဲ၊ လှလိုက်မှာဘဲ။
ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာစာအုပ်ထဲကဖြစ်ပါတယ်။ တင်ထားကြတာတွေ၊ ပြန်ထုတ်တွေမှာ သတ်ပုံတွေ မှားနေကြတယ်။ မလုပ်ကောင်းပါ။ သတ်ပုံပြင်လိုသူတွေက ဆရာဇော်ဂျီ သတ်ပုံမှားလို့ ပြင်ထားပါကြောင်း ပုံ မောင်ဘယ်သူ မဘယ်ဝါလို့ ရေးသင့်ကြပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment