ဖဆပလ ခေတ်က သတင်းစာအရေးအသား



တသောင်းဘိုး ဖေါက်ပြီးခိုးပြန်ပြီ

ဖဆပလခေတ် သတင်းစာအရေးအသား

သူကြီးသစ်ပြောင်းပါ
ရန်ကုန်မြို့ ဦးဝိစာရရပ်ကွက် သူကြီးသည် နိုင်ငံရေးအရောင်အမျိုးမျိုးပြောင်းလဲ၍ အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုလုပ်သဖြင့် ရပ်ကွက် လူထုသည် အကြည်ညို ကင်းမဲ့နေသည့်အတွက် လမ်းလိုက်ကိုယ်စားလယ်များပါဝင်သော ဦးတင်ဆွေ ခေါင်းဆောင်သည့် လူထုသူကြီးဖြစ်မြောက်ရေးကေါ်မီတီတရပ်ကို၂၆-၇-၅ဂနေ့တွင် ဖွဲ့စီးပြီးကြောင်း၊ ထိုကေါ်မီတီသည် လူထုထံမှ လက်မှတ်ရေးထိုး ဆန္ဒယူ၍ ဖဆပလသန့်ရှင်းရေးအဖွဲ့ဥက္ကဋ္ဌဦးနန်ကျော်ထံသို့ သူကြီးသစ်တယေါက် ပြောင်းလဲရေးကို ထောက်ခံပေးပါရန်တောင်းဆိုချက်တရပ် ပေးပို့ ထားကြောင်းနှင့် သိရကြောင်း။

တံတားအောက် ကားမှောံကျပုံ
အမျိုးသ္မီးတဦး ရှေ့သွား၂-ချောင်း ကျွတ်သွားပြီ (သတင်းထောက် အထူး ၅ ထံမှ) 
ဇူလိုင်လ၂၁ ရက် နေ့နံနက် ၉နာရီအချိန်တွင်ပခုက္ကူသို့  ကံတော်မှ မောင်းနှင်လာသော ကိုအောင်ဆိုသူပိုင် ခေါင်းရှည် ချက်ပလက် ကားအမှတ်-ခ-၃၅၈၇သည် ပဲစိမ်းကုန် နှင့် ဝါဂွမ်းများ တင်ဆောင် လာခဲ့ရာမှ ပခုက္ကူ အနောက်ပိုင်း လယ်ရာရွာအလွန်သို့ ရောက်ရှိလာသောအခါ လက်ျာဘက်ရှေ့ဘီးမှာ ရုတ်တရက် ပေါက်ကွဲ သွားသဖြင့် ကားဒရိုင်ဘာ ကိုသိန်းမောင်မှာ မည်သို့မျှ မတတ်နိုင်တော့ဘဲ ကားဆွဲသွားရာသို့သာ ပါသွားလျက် ဆင်ပေါက်လှတံတားမြောက်ဘက် လက်ရမ်းများကို ဝင်တိုးပြီး ပေ၂ဝ ခန့်ရှိသော တံတားအောက် ချောင်းထဲသို့ ထိုးကျတိမ်းမှောက်သွားကြောင်း။

သွားကျွတ် မနန်းခင်
အဆိုပါ ကားပေါ်တွင် လိုက်ပါလာသော ခရီးသည်များ တဦးတယောက်မျှ သေဆုံးခြင်း မရှိသော်လည်း ကံတော်မှ ဦးအောင်သိန်း၊ မစိုး၊ ဒဟပ်ချောက်မှ ကိုလှမောင်၏သား ၇နှစ်သားကလေးတဦးတို့ မှာ ဒဏ်ရာအသီးသီး ရရှိသွားကြသဖြင့် ပခုက္ကူ ပြည်သူ့ဆေးရုံကြီးတွင်အတွင်းလူနာအဖြစ် တက်ရောက် ကုသနေကြရကြောင်း၊ ကံတော်မှ မနန်းခင်ဆိုသူမှာ ရှေ့သွား နှစ်ချောင်း ထွက်သွားသဖြင့် ဆေးထည့်ပြီးနောက် ပြန်သွားကြောင်း၊ထိုအမှုကိုရဲဋ္ဌာနမှ ပုဒ်မ ၃၃ဂအရ အရေးယူထားသည်ဆိုကြောင်း။

စာရိုက်ပေးသူ ကျေးဇူး။

- တံတားအောက် ကားမှောံကျပုံ

- အမျိုးသ္မီးတဦး ရှေ့သွား ၂ ချောင်းကျွတ်သွားပြီ

- ပြည်ထောင်စုနေ့စဉ်

- အဖြတ်ကြမ်းလှသော နကရဖ

- တနှစ်အတွင်း ၄ ကုဋေကျော်ဖြတ်ခဲ့ခြင်း

- တသောင်းဘိုး ဖေါက်ပြီးခိုးပြန်ပြီ

ပုံများ Maung Maung Cartoon ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ