Cerebrolysin ဆယ်ရီဘရိုလိုင်စင်

ဆရာ မသိတာလေးရှိလို့ မေးခွင့်ပြုပါ IV Cerebrolysin ကို ၅လုံးထိုးထားရင် လေဖြတ်တာ ဦးနှောက်သွေးခဲပိတ်တာတွေကို ကြိုတင်ကာကွယ်နိုင်တယ်ဆိုပြီး ပြောလို့ပါ မဖြစ်နိုင်မှန်းသိပေမယ့် သက်သေပြလို့မရဖြစ်နေလို့ပါ။

လေဖြတ်တာကိုဖြစ်စေနိုင်တဲ့ ဦးနှောက်သွေးကြောမတော်တဆဖြစ်မှုအကြောင်းရင်းတွေထဲက သွေးခဲပိတ်တာကို ကာကွယ်ဘို့ ဆေးထိုးနည်းနဲ့ ကာကွယ်နိုင်တယ်ဆိုတာ ဟုတ် မဟုတ် မေးတာဖြစ်ပါတယ်။ ဦးနှောက်သွေးကြော မတော်တဆဖြစ်မှုကို Cerebrovascular accident (CVA) (၂) မျိုးရှိတယ်။ Ischemic stroke (Embolic stroke) ဆိုတာ သွေးခဲပိတ်တာနဲ့ Hemorrhagic stroke ဆိုတာ သွေးကြောပေါက်ပြီး သွေးယိုတာ။ သွေးခဲပိတ်တာမှာ (၂) မျိုး ရှိသေးတယ်။ ဦးနှောက်ထဲမှသာသွေးခဲပိတ်တာနဲ့ တခြားနေရာကနေလာတဲ့ သွေးခဲပိတ်တာ။

ဘယ်နည်းနဲ့ဖြစ်ဖြစ် ဖြစ်လာတာကို Stroke ဆထုပ်ခ်လို့ခေါ်တယ်။ အဲတာဖြစ်ရင် ရုတ်တရက် ခေါင်းကိုက်၊ ပျို့အန်၊ ခေါင်းမူး၊ စကားပြောခက်ခဲခြင်းနဲ့ သူများပြောတာကို အရင်လိုကောင်းကောင်းနားမလည်ခြင်း၊ မျက်စိအမြင် အားနည်းခြင်း၊ ကိုယ်တခြမ်းမှာ မျက်နှာ၊ လက်၊ ခြေ၊ ကိုယ် လေဖြတ်ခြင်း၊ ကိုယ်ကိုတည့်မတ်အောင် မထိန်းနိုင်ခြင်း၊ လမ်းကောင်းကောင်း မလျှောက်နိုင်ခြင်းတွေ ခံစားရမယ်။

Fibrinolysin ဖိုက်ဘရင်နိုလိုက်စင်ဆေးဆိုတာ Proteolytic enzyme အင်ဇိုင်းတမျိုးဖြစ်တယ်။ သွေးထဲမှာ Plasminogen ဖြစ်စေပြီး သွေးခဲထဲက fibrin ကိုဖျက်ဆီးပေးမယ်။ Lysis of intravascular blood clots လို့ခေါ်တယ်။ Plasmin နဲ့ Streptokinase ရောထားတာကို Fibrinolysin ခေါ်တယ်။ Thromboembolic disorders သွေးခဲပိတ်ရောဂါတွေမှာ သုံးတယ်။ ဒီဆေးကို သုတေသနလုပ်တော့ ရှားပေမဲ့ ဆိုးဝါးတဲ့နောက်ဆက်တွဲကျိုးဆက်တွေ ရနိုင်တာကို တွေ့ရှိရတယ်။ ဒါကြောင့် ဒီဆေးကို သုံးမယ် မသုံးဘူး အငြင်းပွားနေဆဲဖြစ်တယ်။ Clotting time သွေးခဲချိန်ကြာစေလို့ ခွဲစိတ်နာတခုမှာ Hemostasis ဖြစ်တာကို အားနည်းစေလို့ အနာကျက်တာနှေးစေမယ်။ လိမ်းဆေးလည်းရှိတယ်။

Stroke prevention ဆထုပ်ကာကွယ်နည်း အစစ်အမှန်တွေရှိပါတယ်။

၁။ Risk factors ဖြစ်နိုင်ချေ အခြေအနေတွေသိပါ။ အဲတာကိုကာကွယ်ပါ။

၂။ FAST ဆိုတဲ့ အင်္ဂလိပ်စာလုံး ၄ လုံးနဲ့မှတ်သားနည်းတခုရှိပါတယ်။ Face မျက်နှာ = ပြုံးရီလို့ ခါတိုင်းလိုမရ၊ မျက်စိ ချက်ချင်း ကြည့်မကောင်း၊ ချက်ချင်းခေါင်းကိုက်၊ Arms လက် = လက်တွေအမြှေက်ခိုင်းရင် ဖြစ်တဲ့ဘက်ကမရဘူး၊ အားနည်းနေမယ်၊ ထုံကျင်နေမယ်၊ Speech စကေားပြောခြင်း = ရိုးရိုးစာကြောင်းလေး တခုကို ထပ်ဆိုခိုင်းရင် မှန်အောင်-မြန်အောင်မဆိုနိုင်၊ လေးနေ၊ နှေးနေမယ်၊ Time အချိန် = အဲလိုဖြစ်တာတွေတွေ့ရင် အချိန်မဆိုင်းဘဲ ချက်ချင်း ဆေးကုပေးဘို့ အနီးဆုံး-အကောင်းဆုံးနေရာကို ဆက်သွယ်ပါ၊ သယ်ယူသွားပါ။

၃။ Lifestyle Risk Factors လူနေမှုပုံစံပြောင်းပါ။ အစားအသောက်နဲ့ အနေအထိုင်ပြုပြင်ပါ။

၄။ Medical Risk Factors ကျန်းမာရေးအခြေခံများထဲမှာ High blood pressure သွေးတိုးရောဂါ၊ Atrial fibrillation နှလုံးခုန်မမှန်တာ၊ Cholesterol ကိုလက်စထောများခြင်း၊ Diabetes ဆီးချို Circulation problems သွေးလှည့်ပတ်ခြင်း ရောဂါတွေပါတယ်။

၅။ Uncontrollable Risk Factors ထိန်းမရတဲ့အန္တရာယ်တွေလည်း ရှိသေးတယ်။ မျိုးရိုးလိုက်ခြင်း၊ အသက်ကြီးလာခြင်း၊ ယောက်ျားတွေမှာ ပိုဖြစ်တယ်။ ဆေးလိပ်သောက်ခြင်း။ စိတ်ဖိအားများခြင်းနဲ့ အရက်သောက်ခြင်းတွေပါဝင်တယ်။

Cerebrolysin ဆယ်ရီဘရိုလိုင်စင်ဆေးထဲမှာ ဝက်ဦးနှောက်ကနေထုတ်တဲ့ Peptides နဲ့ Ciliary neurotrophic factor တွေပါတယ်။ ဆထုပ်ကို ကုသရာ (ကာကွယ်တာမဟုတ်) နဲ့ Vascular dementia သွေးကြောရောဂါအတွက်သုံးတယ်။ နိုင်ငံတိုင်းမှာတော့ မသုံးပါ။ လေ့လာမှုတွေဆက်လုပ်နေတယ်။ Fibrinolysin ဖိုက်ဘရင်နိုလိုက်စင်ဆေးနဲ့ ဦးနှောက်သွေးကြော မတော်တဆဖြစ်မှုကို ကာကွယ်လို့ရတယ်လို့ အာမမခံပါ။

ဒေါက်တာတင့်ဆွေ

၁၉-၁၂-၂ဝ၁၆

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ