စိတ်ကျန်း မာန်လျော့ ငါကန်တော့၏

စတုဓမ္မသာရ ကိုးခန်းပျို့ (အရှင်မဟာရဋ္ဌသာရ)

ငါနှင့်ငါသာ နှိုင်းစရာဟု၊ ပညာ မုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင် မြောက်၍၊ နှုတ်ငေါက် လွန်မိ၊ ဒေါသရှိလည်း၊ နှောင်းပြီ တခါ၊ ရိုသေစွာလျှင်၊ ဤစာကိုးခဏ်း၊ ပုလဲပန်းဖြင့်၊ စိတ်ကျန်း မာန်လျော့၊ ငါကန်တော့၏၊ မပေါ့ချစ်ခင်၊ သားနှယ်ကြင်၍၊ အရှင်တကာ၊ သည်းခံပါလော့၊ မေတ္တာမသွေ၊ ရန်တုံ့ ဖြေသည်။   ။ မျက်ပြေ သူတော့် ကျင့်ကောင်းတည်း။   ။

ဘဏ်၊ ငွေစက္ကူ၊ ငွေတန်ဘိုး ကိစ္စအဝဝတို့အတွက် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသို့ အစီရင်ခံစာကို မောင်စိန်က တင်သွင်းပါတယ်။ အစီရင်ခံစာ အစပိုင်းမှာ စတုဓမ္မသာရ ကိုးခန်းပျို့ကို ကိုးကားပြီး တောင်းပန်ချက် ထည့်ထားတယ်။ မောင်စိန်ဆိုတာ အရင်က ငွေစက္ကူတွေမှာ လက်မှတ်ရေးထိုးသူဖြစ်ပါတယ်။

စိတ်ကျန်းညံ့လျော့ ငါကန်တော့၏လို့ မူကွဲလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ