Cobenfy စိတ်ရောဂါကုသဆေး
FDA ကနေ ၂၆-၉-၂၀၂၄ နေ့က အတည်ပြုချက်ပေးလိုက်ပါတယ်။ schizophrenia ခေါ် စိတ်ရောဂါအတွက် ဖြစ်တယ်။ ဆေးကို တနေ့မှာ ၂ကြိမ်သောက်ရမယ်။ Bristol Myers Squibb ကနေ ထုတ်လုပ်တယ်။ xanomeline နဲ့ trospium chloride ဆေး ၂ မျိုးရောထားတယ်။ Schizophrenia စိတ်ရောဂါဆိုတာ နာတာရှည်ရောဂါတခုဖြစ်တယ်။ ၁။ Psychotic symptoms စိတ်လက္ခဏာများ - Hallucinations သူများတွေ မမြင်ရ၊ မကြားရတာတွေကို မြင်ကြားနေခြင်း၊ - delusions အမြင်သွေးလွဲခြင်း၊ - disorganized speech and behavior အပြောအဆိုနဲ့ အပြုအမူတွေ ပုံမှန်မဟုတ်ခြင်း၊ - unusual ways of thinking ပုံမှန် မစဉ်းစားခြင်း။ ၂။ Negative symptoms အပြုသဘောမဆောင်သည့်လက္ခဏာများ - Reduced motivation စိတ်အားထက်သန်မှုနည်းခြင်း၊ - expression of emotions စိတ်ခံစာမှုတွေကိုသာ ပြောဆိုနေခြင်း၊ - interest in life သူ့ဘဝကိုသူ စိတ်ပါဝင်စားမှု မရှိခြင်း။ ၃။ Cognitive impairments အသိစွမ်းအားနည်းခြင်း - Difficulty with concentration အာရုံစူးစိုက်မှု နည်ခြင်း၊ - memory မှတ်ဉာဏ်နည်းခြင်း၊ - mental processing speed စိတ်အလုပ် လုပ်ဆောင်မှု နှေးကွေးခြင်း။ ဒေါက်တာတင့်ဆွေ