Posts

Showing posts from July, 2024

Sarna Anti-Itch Lotion

Image
ကျွန်မ အိမ်ထောင်သည်ပါရှင်။ ကလေးနှစ်ယောက်ရှိ။ ဦးရေပြား ဂျိုင်းကြား ရင်ညွန့်ကြားတွေမှာ အဖုအပိန့် သေးသေးလေးတွေ ပေါက်ပြီး အင်မတန်ယားပါတယ်ရှင်။ယားနာပျောက်ဆေးလိမ်းသော်လည်း ခဏပဲ သက်သာပါတယ်ရှင်။ ပျောက်ကင်းချင်လို့ပါရှင့်။ အမည် ဒေါ်( - )၊ အသက် ၄၀နှစ်၊  ဦးရေပြား ယားယံ၊ဂျိုင်းကြား ယားယံ။ ၆ နှစ်ခန့်ရှိပြီ။ နှလုံးအဆို့ရှင်မလုံ၊လေးဘက်နာရောဂါရှိ။ ခွဲစိတ်ဖူးတာမရှိပါ။ နေ့စဥ် မီတိုပရိုလော၊ မီဂါသရီး၊ ဘီတက် သောက်နေရ။ ဘားပလက်အုပ်စုဝင်နဲ့ မတည့်ပါ။ ကန်တော့ပါ ဆရာ ဘီတက် = ဘားပလက်အုပ်စုဝင် Sarna Original Steroid-Free Anti-Itch Lotion, Relief for Dry Irritated Skin, Insect Bites ဒေါက်တာတင့်ဆွေ

‘Sociopaths’ and ‘Psychotic’

Image
J.D. Vance Also Called the Childless ‘Sociopaths’ and ‘Psychotic’ အမေရိကန် သမတရွေးကောက်ပွဲ စကားတွေထဲက ဆေးပညာအသုံးများ ၃၀-၇-၂၀၂၄ နေ့က ရီပတ်ဘလီကန် ဒုသမတလောင်း ဂျေဒီ ဗင့်စ် က သားသမီးမရတဲ့သူတွေဟာ စိတ်ရောဂါသည်တွေလို့ ပြောလိုက်ပါတယ်။  J.D. Vance Also Called the Childless ‘Sociopaths’ and ‘Psychotic’ Sociopaths ဆိုတာဘာလဲ ဆိုရှယ် ခေါ် လူမှုဆက်ဆက်ဆံရေးမှာ အမူအယာ၊ ကိုယ်နေဟန်ထား သူများတွေနဲ့ မတူကြသူ။ ကောင်းကျိုး ဆိုးပြစ် ခွဲခြားတတ်မှု မရှိသူတွေ။ Psychosis ဆိုတာဘာလဲ psychotic experience or episode လို့လည်း ခေါ်တယ်။ အစစ်အမှန်နဲ့ ထင်တွေးမှု ရောထွေးနေသူ။ သူတို့ဟာ  Delusions အမြင်သွေလွဲမှု၊ Hallucinations သူများမမြင် မကြား အနံ့မရတာတွေကို မြင်ကြားနံနေသူ၊ Confused thinking အတွေးအသိရှုပ်ထွေးနေသူ၊ Disorganized speech and behavior စာကားပြောတာနဲ့ အမူအယာ ပုံမကျသူ၊ အတိအကျ ဘာသာပြန် တင်ပြပါတယ်။ မဲစည်းရုံးရေး မပါ။ ဆေးပညာ။ သားသမီးမရကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မပါလောက်ပါ။ ရီပတ်ဘလီကန် သမတလောင်း ဒေါ်နယ် ထရမ့် နဲ့ ဒုသမတလောင်း ဂျေဒီ ဗင့်စ် တို့က လူဖြူ၊ ယောက်ျား၊ ခရစ်ယာန်တွေကိုသာ လူစာရင်းသွင်းပါသတဲ့။ ဒေါက်တာတင်

ကမ္ဘာမှာ အဖြစ်များနေတဲ့ အသည်းရောင်ရောဂါကို ဘယ်လိုကာကွယ်မလဲ

Image
BBC Burmese ၂၈ ဇူလိုင် ၂၀၂၄ “အသည်းရောင်ရောဂါ ကိုယ့်မှာ ရှိနေတာကို မသိကြတဲ့လူပေါင်း ကမ္ဘာတလွှားမှာ သန်းပေါင်းများစွာရှိနေတဲ့အတွက် အသည်းရောင်ရောဂါ ရှိ၊ မရှိ စစ်ဆေးသင့်တယ်” လို့ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေ၊ ပရဟိတအဖွဲ့တွေက ပြောနေပါတယ်။ ဒါဟာ ဇူလိုင် ၂၈ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ အသည်းရောင်ရောဂါနေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်းစကားလည်း ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ အသည်းရောင်ရောဂါကြောင့် သေဆုံးရသူ နှစ်စဉ် ၁ သန်းကျော် ရှိပြီး ဒီအရေအတွက်က ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တိုးလာတယ်လို့ ဆိုပါတယ်။ အသည်းရောင်ရောဂါဆိုတာ ဘာလဲ၊ ဘာ့ကြောင့် သေဆုံးမှု များတာလဲ အသည်းကိုရောင်လာစေတဲ့ ဒီရောဂါဟာ အများအားဖြင့် ဗိုင်းရပ်ပိုးကြောင့် ဖြစ်တာ ပါ။ အသည်းရောင်ရောဂါကနေ အသည်းကင်ဆာ၊ အသည်းပျက်ဆီး(ပျက်စီး)တာ စတဲ့ရောဂါတွေ အပါအဝင် တခြားပိုပြင်းထန်တဲ့ အသည်းရောင်ရောဂါတွေကို ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါကို ဖြစ်စေတဲ့ ဟက်ပါတိုက်တစ် ဗိုင်းရပ်စ် (Hepatitis Virus) က အေ (A) ကနေ အီး (E) အထိ မျိုးကွဲ ၅ ခု ရှိပါတယ်။ ဟက်ပါတိုက်တစ် (ဘီ) နဲ့ (စီ)က ပိုပြီး ပြင်းထန်ပါတယ်။ ကမ္ဘာကျန်းမာရေး အဖွဲ့ (World Health Organization - WHO) က အသည်းရောင်ရောဂါ (ဘီ

Molnupiravir ဆေး

Image
ဆရာရှင့် ယခု ဖြစ်နေတဲ့ new COVID variant အတွက် molnupiravir သောက်လို့ရပါသလား ကျေးဇူးတင်ပါတယ် ဆရာ။ Molnupiravir ဆေး UK မှာ သိပ်မဆိုးတဲ့အဆင့် COVID‑19 လူနာတွေကို ပေးတယ်။ US မှာလည်း EUA ခေါ် အရေးပေါ်သုံးခွင့် ပေးထားတယ်။ ကိုယ်ဝန်ဆောင်နေသူတွေအတွက် ဆေးသုတေသန မစုံလင်သေးပါ။ ဒေါက်တာတင့်ဆွေ

မဟုတ်လောက်ပါ

Image
အင်္ဂလိပ်ဆေး ခေါ် ဆရာဝန်တွေညွှန်တဲ့ဆေးအမျိုးအမည်တွေ သိန်းပေါင်းများစွာရှိတယ်။ နေ့စဉ်ဆေးသောက်ရေသူ သန်းပေါင်များစွာရှိပါတယ်။  Side effect လို့ ရေးရတယ်။ Side effect ဆိုတာ ဆေးရဲ့ ဘေးထွက်သက်ရောက်မှုတွေဖြစ်ပါတယ်။ ဆေးတွေတွဲသောက်ရလို့ ဆေးတခုနဲ့တခု ဓါတ်ပြုတာကို Drug Interaction လို့ ခေါ်ပါတယ်။ ဆေးနဲ့မဟုတ်ဘဲ အစား၊ အသောက်တွေနဲ့တွဲမသောက်သင့်တဲ့ဆေးတွေလည်း ရှိသေးတယ်။ ဥပမာ အရက်နဲ့တွဲမသောက်သင့်သောဆေးများ။ Medicines and Alcohol အရက်နဲ့တွဲရန်မသင့်သောဆေးများ https://dr-tint-swe.blogspot.com/2022/06/medicines-and-alcohol.html တချို့ဆေးနဲ့ မတည့်တဲ့အသီးအနှံရှိတယ်။ ဥပမာ ရှောက်ပန်းသီး ခေါ် ကျွဲကောသီးနဲ့ ကိုလက်စထောကျဆေးနဲ့ မတွဲရ။ ဒေါက်တာတင့်ဆွေ

TB Neck Glands လည်ပင်း အကျိတ်

Image
မင်ဂလာပါဆရာရှင့် သိချင်တာ တခုလောက်မေးပါရစေဆရာ ကလေးက ၆နှစ်ပါ ညာဘက်လည်ပင်းမှာ အကျိတ်တွေ့လို့ တီဘီဆေးသောက်နေတာ ၃ရက်ရှိပါပြီ အကျိတ်က ဆေးသောက်ရင်း တဖြည်းဖြည်းပျောက်သွားမှာပါလားဆရာ တခါမှ မကြုံဖူးလို့ပါဆရာ။ Antituberculous chemotherapy ခေါ် တီဘီဆေး မလွဲမသွေ ပေးမယ်။ တချို့ကို ခွဲစိတ်ပေးရတယ်။ ၃ စင်တီမီတာထက်ကြီးမှသာ လုပ်လေ့ရှိတယ်။ abscesses ပြည်တည်ရင်တော့ ခွဲထုတ်ပေးရတယ်။ fistulas ခေါ် ပြွန်နာဖြစ်ရင်လည်း ခွဲပေးရတယ်။ ခွဲစိတ်တာ ကလေးတိုင်းအတွက် မလိုအပ်ပါ။ Neck Glands လည်ပင်း အကျိတ် https://dr-tint-swe.blogspot.com/2020/12/neck-glands.html မေးခွန်းစာရေးသူ သတ်ပုံမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ ကျန်းမာရေးမေးခွန်းတွေ သတ်ပုံမမှန်လည်း မေးနိုင်ကြပါတယ်။ ဖတ်လို့ နားလည်လောက်ရင် ဖြေပါတယ်။ သတ်ပုံမှန်အောင်ရေးတဲ့ မေးခွန်းက ၁၀% ထက်နည်းတယ်။ ဒေါက်တာတင့်ဆွေ

Chicken Skin ကြက်အရေပြားနဲ့တူတဲ့အရေပြား

Image
အသက် ၂၅ ကျားဖြစ်ပါတယ်ဆရာ ကျွန်တော်သိချင်တာက ဆရာရေးထားတဲ့ ကြက်အရေပြားနဲ့ အဖျားဆွတ်ခေါ်ခြင်း ဆောင်းပါးမှာပြထားတဲ့ အဖုလေးတွေမျိုး ဆီးစပ်မှာဖြစ်နေပါတယ် အဲလိုပုံထဲကလိုပါပဲ ၇ ဖု ၈ဖုလောက်တော့ရှိပါတယ် မယားပါဖူး မနာပါဖူး အဲဒီလိုမျိုးအလားတူ ကျွန်တော့အမျိုးသမီးမှာလဲဖြစ်နေပါတယ် ပေါင်ရင်မှာ ၃ဖု ဆီးစပ်မှာ ၂ဖုပါ အဲဒါဘာကြောင့်ဖြစ်တာလဲ လင်မယားချင်းကူးစပ်တာမျိုးလား ကာလသားရောဂါလား နားမလည်လို့ သိချင်ပါတယ်ဆရာ ဘယ်လို ကုသလို့ရလဲပါသိချင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ် ပုံကို အခုမှသာ တွေ့ဖူးတယ်။ ရောဂါအမည်လည်း ကျွန်တော်ပေးတာနဲ့ နည်းနည်းလွဲတယ်။ ကူးစက်လို့ရေးရတယ်။ စပ်ဆိုတာ ငရုတ်သီးစပ်တာ၊ အရောင်စပ်တာ။ ဗီတာမင်အေနည်းသူမှာဖြစ်တဲ့ ကြက်အရေပြားလို့ အလွယ်ခေါ်တာရှိတယ်။ မှန်တော့ မမှန်ပါ။ ဗီတာမင်အေနည်းလို့ ဖြစ်တဲ့မျက်စိအားနည်းတာကို ကြက်မျက်သင့်လို့ခေါ်တယ်။ ဗီတာမင်အေနည်းလို့ တံတောင်ဆစ်နဲ့ ဒူးဆစ်နေရတွေမှာ ကြာဆူးထွက်မယ်။ ကြမ်းနေမယ်။ ဗီတာမင်အေသောက်ရင် ပျောက်တယ်။  ရောဂါအမည် အင်္ဂလိပ်လိုမှာ Chicken Skin ကြက်အရေပြားလို့ခေါ်တာ အတိအကျရှိတယ်။ အခုရေးတဲ့ရောဂါ။ ဘဲ-ငန်း အရေပြား Goose bumps ဆိုတာ ကြက်သီးထတာ။ Keratosis Pilaris (Chicken Skin) က

HIV ကာကွယ်ဆေး ဆေးသုသေန

Image
၂၄-၇-၂၀၂၄ နေ့ကထွက်တဲ့သတင်းဖြစ်ပါတယ်။  တောင်အာဖရိကနဲ့ ယူဂန်ဒါမှာ စမ်းသပ်နေတယ်။ တနှစ်မှာ ၂ ခါထိုးရင် ၁၀၀% ကာကွယ်နိုင်တယ်။ ဒေါက်တာတင့်ဆွေ

GLP-1s ဆေးကို လူဖြူအမျိုးသမီးများ အသုံးများနေသည်

Image
GLP-1s ဆေးဆိုတာ glucagon-like peptide-1 receptor agonists အမျိုးအစားဆေး ဖြစ်တယ်။  Ozempic နဲ့ Wegovy ဆေးအမည်နဲ့ ရောင်းချတယ်။  ထိုးဆေးဖြစ်တယ်။  type 2 diabetes ခေါ် ဆီးချိုအမျိုးအစား၂ အတွက်ဖြစ်ပေမဲ့ ကိုယ်အလေးချိန်ကျဆေးအဖြစ်ပါ သုံးလာကြတယ်။ ဆေး တလစာအတွက် $1,000 ကုန်ကျတယ်။  Zepbound, Mounjaro အမည်နဲ့ ဆေးတွေလည်းရှိတယ်။ BMI of 30 နဲ့အထက်မှာရှိသူတွေက သုံးကြတယ်။  BMI of 27 to 29.9 တွေပါ သုံးလာတာတွေ့နေရတယ်။ ဒေါက်တာတင့်ဆွေ

Alternative cancer therapies linked to reduced survival

Image
ကင်ဆာကို တခြားကုထုံးတွေနဲ့ကုသတာ အသက်ရှင်နှုန်း နည်းစေနိုင် ယူအက်အေမှာ ၂ဝ-၇-၂ဝ၁၈ နေ့ကထွက်တဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ ဆရာဝန်တွေမသုံးတဲ့ တခြား ကုထုံးတွေဆိုတာ နေရာအလိုက် အမျိုးမျိုးရှိနေတယ်။ ဆရာဝန်တွေသုံးတဲ့နည်းတွေဆိုတာ ခွဲစိတ်နည်း၊ ဓါတ်ကင်နည်းနဲ့ ကင်ဆာဆေးပေးနည်းတွေဖြစ်တယ်။ ဒီလေ့လာမှုမှာ ကင်ဆာလူနာပေါင်း ၁၂၉၀ ယောက်ကိုပြုလုပ်ခဲ့ပြီးမှာ အခုလိုကောက်ချက်ချတာဖြစ်ပါတယ်။  Alternative therapies လို့ခေါ်တဲ့ တခြားကုထုံးတွေက အမျိုးမျိုး။ အာဟာရနည်း၊ ဗီတာမင်နဲ့အားဆေးသွင်းပေးနည်း၊ လေ့ကျင့်ခန်းနည်း၊ ဟာဗယ်နည်း၊  ရောဂနည်း။  ကင်ဆာလူနာ ၁ဝ၃၂ ယောက်က ဆရာဝန်တွေကုသနည်းကိုလိုက်နာခဲ့ကြပြီး ၂၅၈ ယောက်က ဆရာဝန်နည်းတခုနဲ့ တခြားနည်းတခုခုကိုပါတွဲသုံးတယ်။ အသက်ရှင်နှုန်းကိုကြည့်တော့ ၅ နှစ်အသက်ရှင်နှုန်း ဆရာဝန်နည်းကိုသာအားကိုးသူ ၈၆့၆% ရှိပြီး တခြားနည်းကိုပါတွဲသူတွေထဲမှာ ၈၂့% သာရှိတာတွေ့ရတယ်။ ၉ နှစ်တာလေ့လာမှု သီးသန့်လုပ်တော့ အဲလိုနည်းအပိုတွဲသူတွေမှာ ရုတ်တရက်သေဆုံးမှုမှာ ၂ ဆပိုတာတွေ့ရတယ်။ အဲတာမှာနည်း ဆရာဝန်တွေညွှန်တဲ့နည်းကို လက်မခံတာ မတူကြပါ။  Chemotherapy ခီမိုသာရာပီ ခေါ် ကင်ဆာဆေးလက်မခံလိုသူ ၃၄% က ၃့၂% ရှိပြီး၊ Radiotherapy ရ

တေးဂီတ နှင့် ကင်ဆာ

Image
သီချင်းစာသားတွေကို စာလုံးပေါင်းသတ်ပုံအတွက် ကိုးကားတင်ပြပါတယ်။ တချို့က Chord ပါ ပါရင်ကောင်းမယ်တဲ့။ တချို့က အသံပါပါရင်ပိုကောင်းမယ် တဲ့။ တချို့က ဆိုပြပါတဲ့။ တချို့က လိုက်ဖ် လွှင့်ပါတဲ့။ တချို့က လိုက်ဖ် လွှင့်ပါတဲ့။ ကျွန်တော့ကို ဘလော့ကြလိမ့်မည် တေးဂီတဟာ ကျွန်တော်ညံ့တဲ့ဘာသာရပ်တွေထဲမှာ ထိပ်ဆုံးက။ မည်သူမည်ဝါမှ ဘာသာရပ်စုံ အကုန်မတတ်ပါ။ ဖေ့စ်ဘွတ်မှာတော့ ကင်ဆာအထူးကုတွေပေါပါသည်။ ဘာကင်ဆာလာလာ ဆေးနည်းတွေ၊ ဓါတ်စာတွေ ပေးနေကြသည်။ ရောင်းနေကြသည်။ ဒေါက်တာတင့်ဆွေ

Myth ကလေး ဆေးတိုက်ရင် အူပါးသလား

Image
ဆရာ ကျွန်မသမီးလေးက ဆယ်ရက်ရပါပြီ မျက်နှာမှာရော တကိုယ်လုံး အပူဖုလေးတွေပေါက်နေလို့ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါ။ ပြီးရင် မိခင်ရဲ့နို့သီးခေါင်းမှာကွဲပြီးအနာဖြစ်ကာ ပြည်တည်နေပါတယ်။ ဒါပေမယ့် ကလေးကို အနာခံပြီး နို့တိုက်နေပါတယ်။ ပျောက်နိုင်မယ့်နည်းလေးများရှိမလားဆရာ။ ကလေးကို ရာသီဥတုနဲ့ အဆင်ပြေအောင်ထားသင့်။ ရေချိုးသင့်။ ရေခြောက်မှ အဝတ်ပတ်သင့်။ အရပ်ဆေးတွေ မလိမ်းသင့်။ နို့ကိုလည်း ကလေးစို့ပြီး ခြောက်အောင်လုပ်ပြီးမှ အတွင်းခံမဖုံးသင့်။ ပါရစီတမော သောက်နိုင်။ ကလေး အနေရခက်မယ်ထင်ရင် Calamine lotion ပါးပါး လိမ်းနိုင်။ ဆရာ လသားအရွယ်ကလေးက တပတ် ဆယ်ရက်ဝမ်းမသွားတာ ပုံမှန်ပဲလားဆရာ သမီးလေးက အခုတလကျော်ပါပြီ။ ဝမ်းမသွားတာ ငါးရက်ရှိပြီဆရာ ဘာလုပ်ရမှန်းမသိလို့ပါ။ Constipation in children ကလေးတွေဝမ်းချုပ်ရင် https://doctortintswe.blogspot.com/…/constipation-in-childr… စာပို့လိုက်ပါတယ်။ တလကျော်အရွယ်ကလေးကို ဆေးတိုက်ရင် အူပါးတတ်တယ်ပြောလို့ပါ ဟုတ်လားဆရာ။ မသိပါ။ ကလေးအထူးကုဆရာဝန်ကပြောရင် မှန်ပါတယ်။ ကလေးဆေးတိုက်ရင် အူပါးတယ်ပြောတာ ဘာဆေးလဲတော့ မသိပါ။ ကလေးမွေးကာစ OPV ပိုလီယို ၁။ ၁ လခွဲ OPV ပိုလီယို ၂။ ၂ လခွဲ OPV ပိုလီယို ၃။ ၃ လခွဲ

HPV ကြွက်နို့ ဗိုင်းရပ်စ်

Image
(ကန်တော့) STI ခေါ် လိင်ကတဆင့်ကူးစက်ရောဂါအမျိုးမျိုးထဲမှာ HPV ဗိုင်းရပ်စ်ဟာ အဖြစ်အများဆုံး။ HIV ဗိုင်းရပ်စ်နဲ့မတူ။ HSV ခေါ် ရေယုံ ဗိုင်းရပ်စ် နဲ့လည်း မတူပါ။  HPV ဗိုင်းရပ်စ်အများအစားတွေက များတယ်။ တချို့က လိင်လမ်းကြွက်နို့နဲ့ ကင်ဆာဖြစ်စေတယ်။ ကာကွယ်ဆေးရှိတယ်။ အများအားဖြင့် ကူးစက်ခံရပြီး အလိုလိုပျောက်သွားတယ်။ မပျောက်ရင်တော့ ရောဂါရမယ်။ လိင်လမ်းကြွက်နို့နဲ့ ကင်ဆာ။ ကင်ဆာဖြစ်လာဘို့ ၁၀ နှစ်တွေကြာနိုင်တယ်။ ဆယ်နှစ်ကျော်အထိနေသေးတယ်။ ဘယ်သူတွေမှာ ကင်ဆာလာဖြစ်မလဲ ကြိုတင် မသိနိုင်။  HPV vaccine ကာကွယ်ဆေးကို အသက် ၁၁-၁၂ နှစ်မှာထိုးစေတယ်။ ၂ ခါထိုးရတယ်။ ၂၆ နှစ်ကျော်သူတွေ ထိုးရန်မလိုတော့ပါ။ အသက် ၂၁ ကနေ ၆၅ နှစ်ကြားရှိသူတွေကို သတ်မှတ်ချက်နှစ်တွေမှာ ကင်ဆာဖြစ်နေ မနေ စစ်ဆေးရတယ်။ စောစောသိလေ ပျောက်နိုင်လေ။ ယူအက်စ်အေမှာ အမေရိကမှာ လူပေါင်း ၇၉ သန်း HPV ကူးစက်ခံထားရတယ်။ အသက် ၂၀ ဝန်းကျင်တွေက အများဆုံး။ Genital warts လိင်လမ်းကြွက်နို့ကို ကာကွယ်ဆေးမပေါ်မီက နှစ်စဉ် ၃ သိန်း ၄ သောင်းကနေ ၃ သိန်း ၆ သောင်းအထိ လူနာသစ်တွေ့ရှိတယ်။ မျိုးပွါးနိုင်တဲ့အရွယ်တွေ ၁၀၀ မှ ၁ ယောက်။ Cervical cancer သားအိမ်ဝကင်ဆာ နှစ်စဉ် အမျိုးသမီးပေါင်း ၁ သ

Common blood-thinning drug neutralises cobra venom မြွေဟောက်အဆိပ်နှင့် သွေးကျဲဆေး

Image
လွန်ခဲ့တဲ့ ၂ ရက်က ထွက်တဲ့ သတင်းဖြစ်ပါတယ်။ သွေးကျဲဆေးတမျိုးက မြွေဟောက်အဆိပ်ကို ပြေစေနိုင်တယ်လို့ ဆိုပါတယ်။ တနှစ်မှာ မြွေကိုက်ခံရလို့ သေဆုံးရသူပေါင်း 138,000 ယောက်ရှိတယ်။ လူနာ 400,000 ကျော်ဟာ မြွေကိုက်တဲ့နေရာမှာ တစ်ရှူးတွေသေသွားတာ ခံစားရတယ်။ Cobras မြွေဟောက်ကို အာဖရိကတိုက်နဲ့ အိန္ဒိယမှာ အတွေ့များတယ်။ Heparin ဆေးကို အကောင်တွေကို စမ်းတဲ့အဆင့်ပြီးလို့ လူတွေကို ဆက်လက်စမ်းသပ်ပါမယ်။ မြွေတိုင်းအတွက် မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ

Doctor ဆရာ

Image
ဒေါက်တာ ၁။ မင်္ဂလာပါ ဦးရေ တကယ်အမျိုးမတော်တဲ့ ဆရာဝန်တယောက်ကို ဆရာလို့သာ ခေါ်သင့်ပါသည်။ ၂။ မင်္ဂလာ ညချမ်းပါ ရှင့် ဘဘ နေကောင်းလား အဘရောဂါ ကျဆုံးပါစေ https://burmese-spelling.blogspot.com/2022/12/blog-post_191.html ၃။ မဂ်လာပါ အကို ဆရာဝန်တဦးကို အမျိုးတကယ်မတော်ဘဲ အမျိုးစပ်ခေါ်တာ မသင့်မှန်ပါ။ ဆောရီး။ ၄။ ဆရာ့ လူနာဟောင်း ပါရှင့် နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ

Health gossip ခပ်တည်တည်နဲ့ လိမ်ညာခြင်း

Image
ဆရာခင်ဗျား ဇဝေဇဝါဖြစ်အောင်ရေးထားတဲ့အတိုင်း ဖြစ်နိုင်၊ မဖြစ်နိုင် အများသူငှာသိနိုင်ဖို့ ပို့စ်လေး ရေးပေးပါခင်ဗျာ။ ရိုသေလေးစားလျှက်(လျက်)ပါ။ Myawady Health မှာနာနတ်သီးစားမိရာမှ AIDS ဖြစ်ခေါင်းစဉ်နဲ့ တင်ထားတာဖြစ်ပါတယ်။ သတင်းပါအကြောင်းတွေ ချုပ်ရင် အသက် ၁ဝ နှစ်အရွယ် ကောင်လေးတယောက်၊ နာနတ်သီးစိတ်ဝယ်စား၊ နောက် ၁၅ ရက်ကြာတဲ့အခါ နေမကောင်းဖြစ်၊ ဆေးစစ် HIV ရောဂါပိုးတွေ့ရှိ၊ နာနတ်သီးစားမိရာမှ HIV ကူးစက်ခဲ့။ လမ်းဘေးအစားအစာ ဝယ်စားတာ သတိထားတဲ့။ မှားတယ်။ HIV ဆိုတာ (၁) လိင်ဆက်ဆံမှု။ (၂) ပိုးရှိမိခင်ကနေမွေးလာတဲ့ကလေး နဲ့ (၃) ဆေးထိုးအပ်ကနေသာ ကူးစက်နိုင်တယ်။ ဘာစားစား မကူးပါ။ ချက်ချင်းဆိုသလိုပဲ ဆေးရုံကနေ နာနတ်သီးရောင်းသူထံ အမြန်သွားခဲ့ကြပါတယ်လို့ ရေးထားတယ်။ အဲတာလည်း မှားတယ်။ HIV တရားခံရှာတဲ့အလုပ်ကို ဆေးရုံက ဘယ်ဆရာဝန်ကိုမှ သွားကြည့်ဖို့ တာဝန်ပေးထားနိုင်တာမရှိပါ။ ကပ်ရောဂါလိုဖြစ်ရင်သာ ရောဂါကာကွယ်တိုက်ဖျက်ရေးတာဝန်ရှိသူတွေက ချက်ချင်းဆောင်ရွက်ကြရပါတယ်။ AIDS ဝေဒနာရှင် နာနတ်သီးသည်လို့ ရေးထားတယ်။ HIV ပိုးတွေသူတိုင်းက AIDS မဟုတ်ပါ။ နာနတ်သီးစိတ်ဝယ်စားပြီးနောက် ၁၅ ရက်ကြာတဲ့အခါမှာတော့ နေမကောင်းစဖြစ်၊ ဆေးစစ်တော့ HIV တွေ့တယ

Peptic ulcer လေနာ မေးခွန်း

Image
ကွန်မင့်မေးခွန်း  အစာအိမ်သမားတွေ သောက်ရလား ဆရာယေ အစာအိမ်သမား ကျား မ အသက် မသိ။ အစာအိမ်မှာ ရောဂါအမျိုးမျိုးရှိ။ အစာအိမ်ရောင်တာပါ ဆရာယေ ဖြစ်တဲ့သူ ကလေး-လူကြီး-အသက်-ကျား-မ မသိ။ အစာအိမမှာလည်း ရေးဂါတွေ အမျိုးမျိုးရှိ။ Gastric Juice အစာခြေအရည် https://dr-tint-swe.blogspot.com/2021/10/gastric-juice.html Peptic ulcer လေနာ https://dr-tint-swe.blogspot.com/2022/01/peptic-ulcer.html ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ။  ယေဘုယျ ယေရှု ခရစ်တော် ဒေါက်တာတင့်ဆွေ

Nose job လုပ်ထားသူ

Image
ကွန်မင့်မေးခွန်း မျက်နှာခွဲစိတ်ခြင်းကို ဗဟုသုတအနေနဲ့ တင်ပေးရင် ကောင်းမယ် မျက်နှာခွဲစိတ်နည်း အများကြီးရှိ။ နှာခေါင်းဆရာ မေးနည်းအရ မေးတာတိုင်းကို သိရင် ဖြေပါတယ်။ နှာခေါင်းမှာလည်း ရောဂါအမျိုးမျိုးရှိ။ Nose Plastic Surgery နှာခေါင်း လှချင်သူ https://dr-tint-swe.blogspot.com/2022/08/nose-plastic-surgery.html Photo = Nose job လုပ်ထားသူ Ashlee Simpson ဒေါက်တာတင့်ဆွေ

Carrot Juices ကိုယ်ဝန်နှင့် မုန်လာဥနီ

Image
ဆရာရှင့် ကျွန်မ အသက် ၂၅နှစ်ပါ။ သားဦးကိုယ်ဝန်လွယ်ထားတာ ၆လရှိပါပြီ။ 4D ကိုဘယ်နှစ်လထိ ရိုက်လို့ရလဲ သိချင်ပါတယ်ရှင့်။ ပြီးတော့ မုန်လာဥနီကိုနေ့တိုင်းဖျော်သောက်တာကလေးအတွက် ဘာကောင်းကျိုး ဆိုးကျိုးရှိလဲ သိချင်ပါတယ်ရှင့်။ ကိုယ်ဝန်အပ်တဲ့ဆရာဝန်က ညွှန်တဲ့ရက်တွေမှာ အာထွာဆောင်းရိုက်သင့်။ ကိုယ်တိုင် ပိုက်ဆံပေးရိုက်တာကတော့ ကိုယ့်သဘောသာဖြစ်။ ကိုယ်ဝန်နဲ့ အာထွာဆောင်းစာတွေ ခဏခဏ (ခဏခဏ) တင်ထားတယ်။  ကိုယ်ဝန်နဲ့ ကလေးနို့တိုက်ချိန်မှာ ကိုယ်တသက်လုံးစားလာတာတွေထဲက ၉၀% စားသောက်နိုင်။ အဆန်းတွေ မသင့်။ မုန်လာဥနီကို ဘာကြောင့်သောက်လို မသိ။ မုန်လာဥနီသောက်ရင်ကလေးအတွက်ဉာဏ်ကောင်းတယ် အသားအရေလှစေတယ်ပြောလို့ပါဆရာ။ အိုဂျီနဲ့ ကလေးအထူးကုဆရာဝန်က ပြောပါသလား။ မုန်လာဥနီဟာ ကလေး လူကြီး ယောက်ျား မိန်းမအတွက် သင့်ပါတယ်။ မုန်လာဥနီထဲမှာ ဘီတာကရိုတင်း ခေါ် ဗီတာမင်အေ ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ဗီတာမင်အေ 1,000 retinol equivalents (RE)/day တနေ့တာအတွက် လိုအပ်တယ်။ 3,300 IU ဒါမှမဟုတ် Vitamin A 5,000 IU နဲ့ညီမျှတယ်။ WHO သတ်မှတ်ချက်က ဗီတာမင်အေအားဆေးကို ဗီတာမင်နည်းပါးတတ်တဲ့နေရာဒေသက ကိုယ်ဝန်ဆောင်တွေကိုသာ ပေးပါ။ နည်းနေရင် ကြက်မျက်သင့်ရောဂါရစေနိုင်တယ်

Paxlovid ကိုဗစ်ကုသဆေး

Image
မနေ့က ကိုဗစ် စစ်လို့ တွေတဲ့ အမေရိကန်သမတ ဂျိုးဘိုင်ဒန်ကို ပေးနေတဲ့ဆေး။ အမေရိကန် FDA က နေ EUA အရေးပေါ်သုံးအဖြစ် အသိအမှတ်ပြုထားတဲ့ဆေးဖြစ်တယ်။  အသက် ၁၂ နှစ်အထက်အတွက်ဖြစ်တယ်။ ဆေးပေးတာနဲ့ Paxlovid rebound လူနာဟာ နလံထသလိုဖြစ်လာမယ်။ ခံစားနေရတာတွေ ၂ ပတ်အတွင်း သက်သာလာမယ်။ ဆေးကို ၅ ရက်ပေးရတယ်။ ၇-၁၀ ရက်လည်း ပေးနိုင်မလား စမ်းသပ်နေဆဲ။ Paxlovid ဆေးက viral replication ဗိုင်းရပ်စ်ပိုးတွေ ပွားတာကို တားပေးမယ်။ ဆေးသုတေသနလေ့လာမှုတွေကို Delta variant ကာလတုန်းကတည်းက လုပ်နေခဲ့တာဖြစ်တယ်။ ဆေးရဲ့ ဘေးထွက်သက်ရောက်မှုများ ပျို့၊ ဗိုက်မကောင်း၊ ဝမ်းပျက်၊ အရသာပျက်၊ ကြွက်သားတွေနာ။ ဒေါက်တာတင့်ဆွေ

Dengue Vaccines and immunization သွေးလွန်တုပ်ကွေး ကာကွယ်ဆေး

သွေးလွန်တုပ်ကွေး ကာကွယ်ဆေးဆိုပြီး ကလေးတွေ ထိုးနေကြတယ်။သွေးလွန်တုပ်ကွေးကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီလား။ကလေးတယောက်ကို ဗမာငွေငါးသောင်းနဲ့ ထိုးနေကြပါတယ်။‌မိဘ‌တွေကတော့ စိုးရိမ်စိတ်တွေ‌ သားသမီးချစ်စိတ်ကြောင့် ထိုးနေကြပါတယ်။စား၊ဝတ်၊နေရေး ခက်ခဲချိန် ကျန်းမာရေးကို စီးပွားရေးလုပ် ပွဲစားတွေ ရှိနေသလားလို့ပါ ဆရာ။ WHO 10 May 2024  1. Dengvaxia® (CYD-TDV), developed by Sanofi Pasteur 2. Qdenga® (TAK-003), developed by Takeda Dengvaxia® (CYD-TDV) ဆေးအကြောင်း CYD-TDV was the first dengue vaccine to be licensed. CYD-TDV is a live recombinant tetravalent dengue vaccine, given as a 3-dose series with 6-month interval been doses, for individuals aged 9–45 years or 9–60 years (depending on the country-specific regulatory approvals) living in dengue-endemic countries or areas. It requires individuals to have pre-vaccination screening for previous dengue virus infection. Only those who test positive should receive the vaccine. Because of the requirement of pre-vaccination screening, this vaccine is currently no

လူနာ သမတ ဂျိုးဘိုင်ဒင်

Image
President Biden tests positive for Covid-19 အမေရိကန်သမတ ဂျိုးဘိုင်ဒင် ကိုဗစ်-၁၉ + ဖြစ် မိနစ်ပိုင်းအတွင်း ထွက်လာတဲ့သတင်း အမေရိကန်သမတ ဂျိုးဘိုင်ဒင် ကိုဗစ်-၁၉ + ဖြစ် မိနစ်ပိုင်းအတွင်း ထွက်လာတဲ့သတင်း လူနာ သမတ ဂျိုးဘိုင်ဒင် အသက်က ၈၁ နှစ်၊ ကာကွယ်ဆေး အပြည့်ထိုးထားပြီး၊  လက်ရှိ ရောဂါလက္ခဏာတွေ နှာစေးသလိုခံစားရ၊ ချောင်းခြောက်ဆိုး၊ အောက်စီဂျင် ၉၇% မှန်။ CR test +ve အခုစာရေးနေချိန်မှာ လပ်စ်ဗေးဂပ်စ် ကနေ နေအိမ်ရှိရာ ဒယ်လာဝဲယား ကို သွားနေပြီ။ တဦးတည်း သီးခြားနေထိုင်ရမယ်။  အိမ်ကနေ သမတ တာဝန် အကုန်လုပ်ဆောင်မယ်။ ဆေးကုသမှု ခံယူရမယ်။ Medicines can include nirmatrelvir-ritonavir (Paxlovid), remdesivir (Veklury) or molnupiravir (Lagevrio). ဆေး ၅ ရက်သွင်းပေးမယ်။ ဆေးရဲ့ ဘေးထွက်သက်ရောက်မှုတွေက အစားပျက်မယ်။ တပတ်အတွင်း ပုံမှန်ပြန်ဖြစ်မယ်။ လက်ရှိ ကမ္ကာပေါ်မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ မျိုးဆက်သစ်ဟာ ရောဂါလက္ခဏာတွေ ပြင်းထန်ခြင်းမရှိ။ ကူးစက်မှု မြန်တယ်။ ဒေါက်တာတင့်ဆွေ

သူတို့ဆီမှာ ကင်ဆာ

Image
Good Morning America with Mastercard. Over the last decade, our sponsor Mastercard has supported Stand Up To Cancer's mission to make every cancer patient a long-term survivor. This year, Mastercard is continuing to raise awareness and empowering everyone to stand up for someone they love affected by cancer with the new "I Stand Up For" filter. Learn more about how to join the cause here: https://www.priceless.com/su2c-home?ac=SU2C သူတို့ဆီမှာ ကင်ဆာ လူနာတွေအတွက် အဲလို အသိပညာပေး လှုံ့ဆော်ရေး လုပ်ပါတယ်။ ကျွန်တော်က - မြန်မာလိုရေးတဲ့ ကင်ဆာနေရာတွေမှာ ဆရာဝန်ကို မေးတာမဟုတ်လည်း ဖြေပေးပါတယ်။ ရောဂါအကြောင်းဖြစ်ဖြစ်၊ တရားစာဖြစ်ဖြစ်၊ သီချင်းသာဖြစ်ဖြစ် ဘယ်ကရေးရေး ရေးထားတာမှားရင် ပြင်ပေးပါတယ်။ ကင်ဆာနေရာတွေနဲ့ ကင်ဆာမေးခွန်းတွေမှာ - ပါပီ၊ ဖစ်၊ တေ၊ မာ၊ ပီး၊ ညမ၊ ကျယ်မ၊ က၊ ကွကို စတဲ့ စာလုံးပေါင်းအမှားတွေ၊ လောက်သေ၊ ငှက်သိုက်၊ ဆေးအိုးဗုတ်၊ အောက်မဲညို၊ ဟိုအသီး ဒီအရွက်၊ ဖြည့်စွက်စာ စတဲ့ ဆေးနည်းအမှားတွေကို မဟုတ် မမှန် လွဲမှားကြောင်း ထောက်ပြပါတယ်။ အဲတော့ - ကင်ဆာနေရာတွေက ကျွန်တော့ကို သပိတ်မှောက်ထား

ရွာကျက်သရေ

Image
ရွာကျက်သရေထဲက ဆရာစောကျောင်း ဆရာတင်မိုး အတုခိုးပြောရရင် ကျွန်တော်ငယ်စဉ်က လင်ကွန်း၊ ကြီးလာတော့ ပခန်းကျောင်းနဲ့ ရွှေကျောင်း။ အခုရေးနေရတာ မြန်မာစာ၊ ဆရာစောကျောင်းက သင်ပေးလိုက်တာ။ သတ်ပုံလည်း မပြောင်းပါ။  ကွန်မင့်တခု = ဆရာစောကျောင်းမှာ အရိုက်ခံခဲ့ရသူများထဲ ကျွန်တော်လည်းပါ။ ရွာကျက်သရေ ကကြီး ရရစ် ကသတ် ကြက်၊ ကကြီးရရစ် ငသတ် ကြင်။ နှစ်တလီ နှစ်၊ နှစ်နှစ်လီ လေး၊ နှစ်သုံးလီ ခြောက်။ ထိုအသံများ၏ပိုင်ရှင် ကျောင်းသားကျောင်းသူကလေးတို့ စုဝေးရာ ရွာကျောင်းကား ဒိစတြိတ်ကောင်စီ၏ အထောက်အပံ့ခံ ကျောင်း မဟုတ်။ အစိုးရမင်းက အသိအမှတ်ပြုသော ကျောင်းလည်းမဟုတ်၊ အမျိုးသားပညာရေးအဖွဲ့က အားပေးသော ကျောင်းလည်းမဟုတ်ပေ။ ထိုကျောင်းသားကျောင်းသူကလေးများက တယောက်လျှင် တနှစ်အတွက် စပါးသုံးတင်းမျှသော အထောက်အပ့ံကိုသာခံယူကာ တည်ထောင်ထားသောကျောင်းဖြစ်လေသည်။ ဤသို့ ကျောင်းသားကလေးများ၊ ကျောင်းသူကလေးများမှတပါး အခြားမည်သူ၏ အထောက်အပံ့ကိုမျှခံယူသောကျောင်း မဟုတ်သောကြောင့် ပညာအုပ်၊ ပညာဝန်ထောက်၊ ပညာဝန်၊ ဒိစတြိတ်ကောင်စီလူကြီးမင်းတို့၏ စစ်ဆေးခြင်းမှ လုံးလုံးကင်း၏။ ထိုကျောင်းကို အုပ်ချုပ်ကာ မင်းလုပ်နေသော ဆရာစောပင် ပညာဝန်၊ သူပင် ပညာမင်းကြီး၊ သူပင် ပညာရေး

Lifestyle Changes Could Avert 40% of New Cancer Cases

Image
လူနေမှုပုံစံ ပြောင်းခြင်းဖြင့် ကင်ဆာ ၄၀% ကို ရှောင်ရှားနိုင် Smoking, weight, and alcohol consumption  ဆေးလိပ်၊ ကိုယ်အလေးချိန်၊ အရက်။ https://www.newser.com/story/352851/lifestyle-changes-could-avert-nearly-half-of-cancer-deaths.html ဒေါက်တာတင့်ဆွေ

Lung Adenocarcinoma အဆုတ်ကင်ဆာ

Image
ဆရာရှင့် ကျမအကို  ပြီးခဲ့တဲ့ Fri ကမြန်မာပြည်မှာ open surgery လုပ်တာ adenomatous carcinama stage(1)တဲ့ဆရာ အသပ်(အသက်)(၇၈)ဆိုတော့စိုးရိမ်လှပါတယ်ဆရာရှင့် ဘာဆက်လုပ်ရမလဲညွှန်ကြားပေးပါဆရာရှင့် Adenocarcinoma ကင်ဆာဆိုတာ ရင်သား၊ အဆုတ်၊ အစာမျိုပြွန်၊ အစာအိမ်၊ အူမကြီး၊ သရက်ရွက်၊ ဆီးကျိတ်၊ သားအိမ်တွေမှာဖြစ်တယ်။  မေးခွန်းထဲက လူနာ ဘယ်အင်္ဂါမှာ ဖြစ်နေ သလဲ မသိပါ။  ကုသပေးနေတဲ့ အထူးကုဆရာဝန်က လိုတာ လုပ်ပေးပါမယ်။ အဆုပ် ရဲ့ upper lobe မှာပါဆရာရှင့် ဆရာဝန်က အကိုကြီးရဲ့ Lung lymph node တွေတော့မထုတ်ဘူးတဲ့ဆရာ ဘာဖြစ်နိုင်ပါသလဲရှင် အဆုပ်ကင်ဆာ အမျိုးအစားများ အနုကြည့်မှန်ဘီလူး အောက်မှာ အဓိက ၂ မျိုးရှိတယ်။ - Small-cell lung cancer ဆိုတာက ပိုဆိုးတယ်။ ပြန့်ပွါးတာ မြန်တယ်။ ဆေးလိပ်သောက်တာနဲ့ ဆက်စပ်တယ်။ - Non-small-cell lung cancer က ပြန့်တာ နှေးတယ်။ ၉ဝ% က ဒီအမျိုးအစား ဖြစ်တယ်။ Adenocarcinoma is a type of non-small cell lung cancer (NSCLC) that's the most common in the United States, especially in people who have never smoked. It usually starts in the outer parts of the lungs and the lining of the bronchi, and grows

Emergency Disinfection of Drinking Water သောက်ရေကို အလွယ်ပိုးသန့်စေနည်းများ

Image
၁။ ရေသန့်ပုလင်း။ ၂။ ရေကိုပွက်အောင်ကျိုပြီး အအေးခံသောက်ပါ။ ၃။ ရေက နောက်နေရင် အနယ်ထိုင်ပါစေ။ ရေစစ်နဲ့စစ်ပါ။  ၄။ ရေသန့်ဆေးပြားကို အညွှန်းအတိုင်း အသုံးပြုပါ။ ၅။ ကလိုရင်းပေါင်ဒါ ခေါ် bleach ခေါ် ချွတ်ဆေး အသုံးပြုနည်း (၁) Volume of Water ရေထုတည် 6% Bleach 8.25% Bleach  1 quart/liter 2 drops 2 drops 1 gallon 8 drops 6 drops 2 gallons 16 drops (1/4 tsp) 12 drops (1/8 teaspoon) 4 gallons 1/3 teaspoon 1/4 teaspoon 8 gallons 2/3 teaspoon 1/2 teaspoon Bleach ခေါ် ချွတ်ဆေးဆိုတာ 6 or 8.25% sodium hypochlorite ပါတာဖြစ်တယ်။ မွှေစရာနဲ့ မွှေပေးပါ။ မိနစ် ၃၀ စောင့်ပါ။ ကလိုရင်းထည့်ထားတဲ့ရေဟာ Chlorine 4 milligrams per liter (mg/L or 4 parts per million (ppm) အထိ သောက်သုံးလို့ စိတ်ချရတယ်။ (၂) Bleach having a 5%–9% concentration of sodium hypochlorite 1 quart/liter water 1 gallon water 5 gallons water If you have a dropper: Add 2 drops of bleach If you have a dropper: Add 8 drops of bleach If you have a dropper: Add 40 drops of bleach If you have something that measures millili

ခရီးသည်

Image
ခရီးသည်  (ဇေယျ) ကြက်ဦး တွန်ခဲ့ပြီ။ ရွာကလေးကား မလုံ့တလုံ ခြုံစောင်ကလေးနှင့် ကွေး၍ အိပ်ပျော်လျက်ပင် ရှိသေး၏။  လူကလေးတို့ မိသားစု သုံးယောက်သည် ရွာတံခါးဝတွင် နှုတ်ဆက်လျက် ရှိကြ၏။  “လူကလေး ကောင်းကောင်း သွားနော်။ အမေတို့ စိတ်ချပါရစေ။ ငါ့ သား အရက်မသောက်နဲ့၊ ဖဲမရိုက်နဲ့၊ မကောင်းတဲ့ လူတွေ နဲ့ မပေါင်းနဲ့။ ကောင်းကောင်း နေနော်” ဟူသော မိခင်ကြီး၏ မှာ စကားသည် မြူနှင်းများ အကြားမှ ထွက်ပေါ်လာ၏။ အဖမူကား ဘာမျှမပြော။ မြူနှင်းတဝေဝေထဲတွင် သား၏မျက်နှာကိုသာ ငေးစိုက် ကြည့်နေ၏။  လူကလေးသည် အမိပေးလိုက်သော ဆေးပေါ့လိပ်ငါးလိပ်၊ ကောက်ညှင်းငါးဆိုင်း၊ ကြံသကာတခဲကို ဘေးမှ လွယ်အိတ်ထဲတွင် ထည့်၍ လွယ်ထား၏။ အဖပေးလိုက်သော ငွေသုံးဆယ် မူကား အတွင်းအိတ်ကပ်ထဲတွင် သေချာစွာပါရှိ၏။  “လူကလေး ကောင်းကောင်းသွားနော်။ ငါ့သားကလေး သွားပေတော့ ... သွားပေတော့” ဟု နှုတ်ဆက်လိုက်သော မိခင်၏ စကားသံများသည် မြူနှင်းများအကြားမှ ဖောက်လျက် နောက်မှ လိုက်လာသည်ဟု ထင်ရ၏။  လူကလေးသည် သန်မာတောင့်တင်း သစ်လွင်သော ခြေများဖြင့် ပေတရာကို လျှောက်ခဲ့၏။ တလှမ်းထက် တလှမ်း ရွာမှဝေးခဲ့၏။ လမ်းဘေးရေမြောင်း နှုတ်ခမ်းရှိ မြက်ဖုတ်များ အပေါ်သို့ နှင်းပေါက်ကြီးများ တပေါက်ပေါက် ကျသ

Flooding and communicable diseases ရေကြီးခြင်းနဲ့ ကျန်းမာရေး

Image
ဝါဆို ဝါခေါင် ရေဖေါင်ဖေါင် ရေကြီးနေတဲ့သတင်းတွေ ဖတ်ရတယ်။ ရေကြီး၊ ရေလွှမ်းရင် သတိထားရမယ့် ကူးစက်ရောဂါတွေ ရှိတယ်။  ၁။ ရေကတဆင့်ကူးစက်ရောဂါတွေ = တိုက်ဖွိုက်ရောဂါ၊ ကာလဝမ်းရောဂါ၊ လက်ပတိုစပိုင်ရိုးဆစ်ရောဂါ၊ အသည်းရောင်အေရောဂါ) တွေကူးစက်နိုင်တယ်။ ၂။ ကြားခံအကောင်တွေကတဆင့်ကူးစက်ရောဂါတွေ = ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အသားဝါအဖျားရောဂါ၊ အနောက်နိုင်းလ်မြစ်ရောဂါ) တွေကူးစက်နိုင်တယ်။ Waterborne Diseases ရေကတဆင့်ကူးစက်သည့်ရောဂါများ  အစာကတဆင့် ကူးစက်သည့် ရောဂါများအုပ်စုမှာ ပါဝင်တယ်။ ရောဂါရစေတဲ့ပိုးမွှားများ၊ အဆိပ်အတောက်များ၊ လူနှင့်မသင့်သော ဓါတ်ပစ္စည်းများပါဝင်နေတဲ့ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိပြီး ရစေတေဲ့ကူးစက်ရောဂါတွေဖြစ်တယ်။ အစာကတဆင့် ကူးစက်တဲ့ရောဂါတွေ အများဆုံး ဖြစ်စေတဲ့ပိုးတွေနဲ့ ကွဲပြားတယ်။ ယူအက်စ် ကူးစက်ရောဂါများ ထိန်းချုပ်ရေးဌာနရဲ့ ၁၉၇၂-၂ဝဝဝ စာရင်းအရ အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။  ပိုးအမျိုးအမည်နဲ့ ဖြစ်ပွါးတဲ့ရာခိုင်နှုန်း • Giardia lamblia 35.8% • Shigella spp. 11.4% • Hepatitis A 6.3% • Noroviruses 5.7% • Campylobacter jejuni 4.5% • Cryptosporidium 4.2% • Samonella, nontyphoidal 3.9%

Diarrhoeal disease ဝမ်းပျက်ရောဂါများ

Image
(ကန်တော့) ကလေးငယ်တွေ အသက် ၁ လကနေ ၁၉ လအတွင်း သေဆုံးရခြင်းအကြောင်းခံတွေထဲမှာ ဝမ်းပျက်ရောဂါက တတိယမြောက် အများဆုံးဖြစ်တယ်။ ကာကွယ်လို့လည်းရ ကုသပေးလို့လည်း ရတယ်။ တကမ္ဘာလုံးမှာ နှစ်စဉ် ကလေးပေါင်း 1.7 billion ယောက်ဖြစ်တယ်။ တနှစ် ၅ နှစ်အောက် ကလေးပေါင်း 443 832 ယောက်နဲ့ ၅ နှစ်ကနေ ၉ နှစ်အရွယ်ကလေးပေါင်း 50 851 ယောက် သေဆုံးနေရတယ်။  ကာကွယ်မှုမှာ အရေးအကြီးဆုံးက သောက်သုံးရေနဲ့ တကိုယ်ရေ သန့်ရှင်းမှုဖြစ်တယ်။ ဖြစ်ရင် ရေနဲ့ ဓါတ်ဆားကုန်ခန်းတယ်။ တနေ့မှာ ဝမ်းအရေသွားတဲ့အကြိမ် ၃ ကြိမ်ကျော်တာကို သတ်မှတ်တယ်။ ရေနဲ့ အစားအသောက်တွေကနေတဆင့် ကူးစက်တယ်။ ORS ဓါတ်ဆားထုပ်က အသက်ကယ်နိုင်တယ်။ ရေ + ဆား + သကြား ဖျော်သောက်ရမယ်။ အိမ်မှာ ကိုယ်တိုင်ဖျော်နိုင်တယ်။ dispersible zinc tablets ဇင့်ဓါတ်ဆေးပြားကို ဖြည့်စွက်အဖြစ် ၁၀-၁၄ ရက် သောက်သင့်တယ်။ ကြာရက် တိုစေမယ်။ ဝမ်းပျက်ရောဂါ အမျိုးမျိုးရှိတယ်။ ၁။ ရက်တိုအမျိုးအစား။ ဖြစ်တာရက်မကြာ။  ၂။ Cholera ခေါ် ကာလဝမ်းကလည်း ရက်တိုအမျိုးအစားထဲကဖြစ်တယ်။ ၃။ dysentery ဝမ်းကိုက်ရောဂါ။ ဝမ်းကိုက်မှာလည်း ၂ မျိုးရှိတယ်။ ၄။ ရက်ရှည်ဝမ်းရောဂါ။ ၁၄ ရက်ကနေ ၁၄ ရက်မက ကြာတတ်တယ်။ ၅။ Chronic diarrhea နာတာရှည်ဝမ်းပျက

ကြောင်လျှာသီး ရောင်းချခြင်း

Image
ပို့စ်တခု = ကြောင်လျှာသီးကို ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏။  မဟုတ်ပါ။ ကာလဝမ်းရောဂါနဲ့ ဝမ်းလျှောဝမ်းပျက်ရောဂါလည်း မတူပါ။ ဝမ်းရောဂါဆိုတာကလည်း အမျိုးမျိုးရှိတယ်။ အခုရက်တွေ မြန်မာပြည်မှာဖြစ်နေတာက ပြင်းထန်လို့လည်း ပြောကြတဲ့ ဝမ်းပျက်ရောဂါသာဖြစ်တယ်။ ကာလဝမ်းရောဂါ ဟုတ် မဟုတ် လူနာရဲ့ဝမ်းကိုစစ်ရတယ်။ V. cholerae တွေ့ရှိမှာသာ ကာလဝမ်းရောဂါ ဖြစ်ပါတယ်။ ပြင်းထန်ဆိုတာကလည်း ဝမ်းပျက်ရာကနေ ရေနဲ့ ဓါတ်ဆားနည်းလွန်းတာကိုသာ ခေါ်တယ်။ ဖြစ်တိုင်းတော့ ရေနဲ့ ဓါတ်ဆားကုန်ခန်းတာ မတူကြပါ။ ဖြစ်ရင် ဓါတ်ဆားရေတိုက်ရတယ်။ ဓါတ်ဆားထုပ်ဝယ်လို့မရရင်၊ ဝယ်ချိန်မရရင် အိမ်မှာ ကိုယ်တိုင်ဖျော်လို့ရတယ်။ ဆိုးတဲ့လူနာကို သွေးပြန်ကြောကနေ ဓါတ်ဆားရေ သွင်းပေးရတယ်။ ကာလဝမ်းရောဂါဖြစ်ရင် လူတွေအများကြီးကို ကူးစက်တယ်။ အရေးပေါ်ကုသမှု၊ ကာကွယ်မှု၊ ပညာပေးမှုတွေ လုပ်ရတယ်။ တခါတခါ ကပ်ရောဂါအဆင့်ထိ ဖြစ်တယ်။ ကြောင်လျှာသီး ရောင်းလိုရင် စားလို့ကောင်းတယ်ပြောပြီး ဈေးမှာသာ ရောင်းပါရန်။ ဒေါက်တာတင့်ဆွေ

Norovirus နိုရို ဗိုင်းရပ်စ်

Image
ပို့စ် တခု = ကိုရီးယားတွင် မသန့်ရှင်းသည့် ဂင်ချီ​ကြောင့် နိုရိုဗိုင်းရပ်စ် ကူးစက်ခံရမှုဖြစ်​နေ Norovirus နိုရို ဗိုင်းရပ်စ် ကူးစက်ခံရရင် အန်မယ်၊ ဗိုက်နာမယ်။ တချို့ နည်းနည်းကိုယ်ပူမယ်။ ချမ်းမယ်၊ ခေါင်းကိုက်မယ်။ ပိုးဝင်ခံရပြီး ၁-၂ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ ခံစားရမယ်။ Rotavirus ရိုတာဗိုင်းရပ်စ် ၁။ မဂ်လာပါ ဆရာ rotarvirus အကြောင်းရှင်းပြပေးစေလိုပါတယ် ဆရာ မင်္ဂလာလို့ ရေးရမယ်။ Rotavirus လို့ ရေးရတယ်။  ၂။ ဆရာ သမီးသူငယ်ချင်းကလေးက ၂နှစ်ပြည့်တော့မယ် အခု ပါရမီဆေးရုံမှာ အူမှာ ဗိုင်းရပ်တွေ့လို့ တင်ထားရတာ ၁ပတ်ကျော်နေပီ မသက်သာသေးလို့ ဘယ်လိုများဖြစ်လဲ သိချင်ပါတယ် ကလေးလေးကို သနားလို့ပါ။ Rotal virus ပြောတယ်ဆရာ။ ၈လအောက်မှာတိုက်တဲ့ အစက်ချဆေးနှစ်မျိုး လိုလို့တဲ့ဆရာ။ မတိုက်မိလို့တဲ့။ ပိုး၅မျိုးတွေ့တယ် ပြောတယ်။ ၃။ ဆရာရှင့် ညီမကလေးက ၅လခွဲပါ။ ခုရက်ပဲ ဝမ်းလျှောပြီး ဆေးရုံတက်ခဲ့ရပါတယ်။ ကလေးအထူးကုက virus ကြောင့် ဖြစ်တယ်ပြောပါတယ်။ မိခင်အစားစားမှားလို့ မဟုတ်ပါလို့ပြောပါတယ်ရှင့်။ ဒီ virus က ဘယ်လိုတွေကူးတာပါလဲဆရာ။ ကာကွယ်ဆေးရှိတယ်လဲ ပြောပါတယ်ဆရာ။ ဘယ်နှစ်လမှာ ကာကွယ်ဆေးသောက်ရမှာပါလဲဆရာ။ မိခင်နဲ့ကလေးက ပေးတဲ့စာရွက်ထဲမှာတ

Adenocarcinoma ကင်ဆာဆိုတာ

ဆရာရှင့် ကျမအကို  ပြီးခဲ့တဲ့ Fri ကမြန်မာပြည်မှာ open surgery လုပ်တာ adenomatous carcinama stage(1)တဲ့ဆရာ အသပ်(၇၈)ဆိုတော့စိုးရိမ်လှပါတယ်ဆရာရှင့် ဘာဆက်လုပ်ရမလဲညွှန်ကြားပေးပါဆရာရှင့် Adenocarcinoma ကင်ဆာဆိုတာ ရင်သား၊ အဆုတ်၊ အစာမျိုပြွန်၊ အစာအိမ်၊ အူမကြီး၊ သရက်ရွက်၊ ဆီးကျိတ်၊ သားအိမ်တွေမှာဖြစ်တယ်။  မေးခွန်းထဲက လူနာ ဘယ်အင်္ဂါမှာ ဖြစ်နေ သလဲ မသိပါ။  ကုသပေးနေတဲ့ အထူးကုဆရာဝန်က လိုတာ လုပ်ပေးပါမယ်။ ဒေါက်တာတင့်ဆွ

Fetal heartbeat သန္ဓေသားနှလုံးအလုပ်

Image
(ကန်တော့) ဆရာရှင့် လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဆရာကိုအဆက်အသွယ်လုပ်ပြီး မေးမြန်းဖူးတဲ့ သူပါရှင် အဲတုန်းက သမီးလေးကိုယ်ဝန်ရှိပြီး ခုဆို ၇ နှစ်ရှိနေပါပြီ ခုနှစ် ၅ လပိုင်းကစပြီးသမီးမှာ နောက်ထပ်တယောက် ကိုယ်ဝန်ရှိနေပါတယ် ခုဆို ၁၁ ပတ်ထဲမှာပါ ပထမ လလယ်လောက်မှာ သွေးပုပ်ရောင်တွေ့လို့ULTRASOUND ရိုက်ခဲ့တော့ အကောင်အထည်သိပ်မပြပေမယ်ရှိတယ် ကောင်းတယ်လို့အဖြေထွက်ပါတယ် အဲဒါနဲ့နေလိုက်တာ  ခုမနက် ၇-၇-၂၀၂၄ မနက်ပိုင်းဆီးသွားရင်း အချွဲနဲ့သွေးဆင်းပါတယ် သွေးကလတ်ဆတ်တဲ့ရောင်ရှိပါတယ် day pap အသေးတခုစာလောက်ဆင်းပါတယ် ခန္ဓာကိုယ်ကိုက်ခြင်း မရှိသေးပါဘူးဆရာ အဲဒါနဲ့ OG ကိုသွားပြပါတယ် ULT ပြန်ရိုက်ခိုင်းပါတယ် သွားရိုက်လိုက်တော့ ကလေးက 36 cm ရှိပြီးနှလုံးမခုန်ဘူး အဲတော့ပျက်ပါတယ်လို့ ULT ဆရာမက ပြောလိုက်ပါတယ် သမီးအတော်ကိုစိတ်ထိခိုက်ရပါတယ်ဆရာ တခဏအတွင်း ကလေးကို နှလုံးမခုန်တော့ဘူးတပ်အပ်ပြောချလိုက်တာ မယုံနိုင်ဖြစ်ရတယ် မိခင်က ခုလက်ရှိ အစားအသောက် ကိုက်ခဲမှုမရှိပါဆရာ ဆရာရဲ့ အတွေးနဲ့အကြံကောင်းလေးများရှိရင်ပြောပြပေးပါဆရာ အရမ်းစိတ်ထိခိုက်လို့ငိုရပါတယ်။ ဆောရီး။ Fetal heartbeat ကိုယ်ဝန်ဆောင်စဉ် အထဲက သန္ဓေသားနှလုံးလှုပ်နေတာကို high quality, hig

Health Education Basics ကျန်းမာရေး သင်ပုန်းကြီး

Image
၁။ လက်ကို မကြာမကြာဆေးပါ။ ရေနှင့် ရိုးရိုးဆပ်ပြာကိုသာ အသုံးပြုပါ။ ၂။ ချောင်းဆိုး နှာချေလျှင် တံတောင်ဆစ်ထဲမှသာ ပြုလုပ်ပါ။ ၃။ ကင်ဆာဖြစ်လျှင် စားစရာကို မေးမနေပါနဲ့။ စစ်ဆေးနည်းနဲ့ ကုသနည်းကိုသာ အမှန်အတိုင်း သိအောင်လုပ်ပြီး လိုက်နာဆောင်ရွက်ပါ။ ၃။ ဆိုရှယ်မီဒီယာနှင့် အစိုးရမီဒီယာတွေမှာရေးတဲ့ ကျန်းမာရေးပညာပေးတိုင်းကို မှန်တယ်လို့ မထင်ပါနဲ့။ ၅။ နေမကောင်းလျှင် မြန်မာလိုရေးတဲ့ ဖေ့စ်ဘွတ်ကို မေးမနေပါနဲ့ ဆရာဝန်တဦးဦးကိုသာ မေးပါ။ မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ

Health ကျန်းမာရေးသတင်း

Image
ကနေ့ ကျန်းမာရေးသတင်း ၂ ခုကို တယောက်ပြီးတယောက်က တင်ကြတယ်။ အသိပေးတာတော့ ကောင်းတယ်။ ဒါပေမဲ့ - တချို့က ကာလဝမ်းရောဂါလို့ ရေးကြတယ်။ တချို့က ပြင်းထန်ဝမ်းပျက်ရောဂါလို့ ရေးကြတယ်။ ရောဂါအမည်ကို ထင်သလိုရေးတာ မကောင်းပါ။ ဒုတိယရောဂါကို - တချို့က သွေးလွန်တုပ်ကွေး အသစ်တဲ့။ တချို့က တုတ်ကွေးတဲ့။ ရောဂါအမည်ကို ထင်သလိုရေးတာ မကောင်းပါ။ တုပ်ကွေးကို တုတ်ကွေးလို့ ရေးတာလည်း မှားတယ်။ ကျန်းမာရေးဆိုတာ  - ဖြဲမခြောက်ရပါ။ - လျှော့မပြောရပါ။ - မှားမရေးရပါ။ မြန်မာပြည်သားတွေ  ဘယ်မှာနေနေ ကျန်းမာကြပါစေ။  ဘယ်မှာနေနေ ကျန်းမာအောင်ရေးတတ်ကြပါစေ။ ဒေါက်တာတင့်ဆွေ

Cholera ကာလဝမ်းရောဂါဟုတ်ပါရဲ့လား

Image
- ဝမ်းပျက်ဝမ်း​လျှော​ရောဂါ​ ပြင်းထန်မှု အထူးသတိပြုကြပါ - ကာလဝမ်းရောဂါ သတိပြုပါ - သာကေတမှာ ဝမ်းရောဂါတွေ ဖြစ်နေလို့  - ရန်ကုန်မှာကာလဝမ်းရောဂါအဖြစ်များနေပါတယ်။ - ဂရုစိုက်ကြပါ ကာလဝမ်းရောဂါ ကာလဝမ်းရောဂါနဲ့ ဝမ်းပျက်ဝမ်း​လျှော​ရောဂါ​ မတူပါ။ တကယ်ဖြစ်နေတာ ဘာရောဂါလဲ။ ဝမ်းစစ်ဆေးရင် သိတယ်။ V. cholerae တွေ့ရှိမှာသာ ကာလဝမ်းရောဂါဖြစ်ပါတယ်။ Cholera ကာလဝမ်းရောဂါ ကာလဝမ်းရောဂါဟာ အလွန်ကူးစက်မြန်တယ်။ ကုသမှုမရရင် နာရီပိုင်းအတွင်း သေဆုံးနိုင်တယ်။ နှစ်စဉ် ကမာ္ဘမှာ လူ ၁့၃ သန်း ကနေ ၄ သန်းအထိဖြစ်တယ်။ လူပေါင်း ၂၁ဝဝဝ ကနေ ၁၄၃ဝဝဝ သေဆုံးနေတယ်။ ကာကွယ်လို့ရတယ်။ ကုသလို့ရတယ်။ အမြန်လုပ်ရတယ်။ ကုန်ခမ်းသွားတဲ့အရည်နဲ့ ဓါတ်ဆားပြန်ဖြည့်ရမယ်။ ပိုးသေဆေး ပေးရတယ်။ ကာလဝမ်းရောဂါကို ကူးစက်မြန်ဝမ်းရောဂါလို့ခေါ်တယ်။ ပါးစပ်ထဲဝင်တဲ့ ရေနဲ့ အစားအသောက်ထဲမှာ Vibrio cholerae ပိုးပါနေလို့ကူးစက်တယ်။ ပိုးအမျိုးအစားကွဲတွေရှိတယ်။ O1 နဲ့ O139 ဖြစ်တယ်။ ကာလဝမ်းရောဂါဟာ ကပ်ရောဂါ ဖြစ်နိုင်တယ်။ နေရာတခုမှာသာ ကွက်ဖြစ်တာကနေ နေရာအများအပြားကို ပြန့်သွားနိုင်တယ်။ ကူးစက်ခံရရင် ဝမ်းအရည်တွေသွားမယ်။ ကလေးရော လူကြီးတွေပါဖြစ်တယ်။ ၁၂ နာရီကနေ ၅ ရက်အထိကြာတယ်။ တချို့မှာ ပ