Punctuation မြန်မာစာ ပန်ကျူယေးရှင်း



၁။ ပြည်ပလာတာ

ပြည်မြို့က ပလာတာလား
ပြည်ပခေါ် နိုင်ငံခြားက လာတာလား

၂။ မေးခွန်းတခုကို ပြန်လိုက်ပါတယ်။ စာရိုက်တာမှာ မလိုအပ်ပဲ စပေ့ ခြာတာ မသင့်။

ဟုတ်ကဲ့ကျေးဇူးပါခင်ဗျ။ သင်ခန်းစာတခုရလို့ကျေးဇူးတင်ပါတယ်ဗျ။

၃။ ပုဒ်ထီး ပုဒ်မ မချပဲ စာခြားရေးလို့ရလား ဆရာ

၄။ သို့မဟုတ်ကို အတိုရေးချင်ရင် (သို့) ကို ကွင်းခတ်ရတယ်။ အရှည်ရေးရင် ကွင်းမခတ်ရဘူးလို့ သိထားပါတယ်ဆရာ။ အခု (သို့မဟုတ်) ကို အရှည်ရေးပြီး ကွင်းခတ်ထားတာမျိုးကကော ရေးလို့ရလားဆရာ။

( - ) ကွင်း မလိုလောက်ပါ။ စာရေးသားနည်းမှာ အကျင့်ပါနေတာတွေ ရှိတယ်။

စာနဲ့ ဂဏန်းကို ခြားမရေးကြတာ နားလည်ရခက်တယ်။ ဥပမာ အသက်ရေးတာ ၁ဝနှစ်လို့ရေးကြတယ်။ (၁၀) နှစ်၊ ဒါမှမဟုတ် ၁၀ နှစ်လို့ ရေးသင့်တယ်။

မြန်မာလိုရေးတာမှာ အသက်ကို အင်္ဂလိပ်ဂဏန်းနဲ့ရေးကြသူတွေ ၉၀% လောက်ရှိတယ်။ မြန်မာလို ၁-၂-၃-၄ ရှိတယ် မဟုတ်ပါလား။

အင်္ဂလိပ်စာလုံးနဲ့ မြန်မာစာတွဲရေးရာမှာလည်း ခြားရေးမှသာ ရှင်းတယ်။ Ultrasoundရိုက်တယ်လို့ ရေးကြတာလည်း ၈၀% လောက်ရှိတယ်။ Ultrasound ရိုက်တယ်လို့ ခြာရေးရမယ်။

အသဲရောင် (စီပိုး) ကို (cပိုး) လို့ရေး မေးသူတွေ ၃၀% လောက်ရှိတယ်။ (ငပိုး) လို့ဖတ်နေရတယ်။

အတော်များများက (.)ထည့်ရေးတယ်။ မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ။ ခြာလည်းမခြာတော့ ကွန်ပြူတာက အဲဒါကို ဒေါ့လို့မှတ်ယူပြီး စာတစောင်လုံးဟာ ဝါကျတကြောင်းတည်းသာ ဖြစ်နေတော့တယ်။ လိုက်ပြင်ဖတ်နေရာတာက အလုပ်ကြီးတခု။ 

မြန်မာ့စွယ်စုံကျမ်းမှာ ပုဒ်ကလေး၊ ပုဒ်ကြီးလို့သာတယ်။ ကျွန်တော်တို့စာသင်တဲ့ခေတ်မှာ ပုဒ်ထီး၊ ပုဒ်မလို့ သင်တယ်။ အတူတူသာဖြစ်တယ်။ ဝါကျအဆုံးမှာ ပုဒ်မ ခေါ် ပုဒ်ကြီး ချရတယ်။ စကားစုတခုနောက်မှာ ပုဒ်ထီး ခေါ် ပုဒ်ကလေး ချရတယ်။ 

မြန်မာစာမှာ (၊) နဲ့ (။) သာရှိတယ်။ နောက်မှသာ (-)၊ ကွင်းစ၊ ကွင်းပိတ်တွေ၊ အဖွင့်အပိတ် ကော်မာတွေကို သုံးလာတာ။ မြန်မာ့စွယ်စုံကျမ်းမှာ ပုဒ်ကလေး၊ ပုဒ်ကြီးလို့ပါတယ်။ ကျွန်တော်တို့စာသင်တဲ့ခေတ်မှာ ပုဒ်ထီး၊ ပုဒ်မလို့ သင်တယ်။ အတူတူသာဖြစ်ပါတယ်။ ဝါကျအဆုံးမှာ ပုဒ်မ ခေါ် ပုဒ်ကြီး ချရတယ်။ စကားစုတခုနောက်မှာ ပုဒ်ထီး ခေါ် ပုဒ်ကလေး ချရတယ်။ မေးခွန်းအမှတ်အသားနဲ့ အာမေဋိတ်သံအမှတ်အသားတွေကို မထည့်တာက ပိုကောင်းတယ်။

မီဒီယာစာရေးနည်းက တမျိုး။ ခေါင်းစဉ်မှာ ပုဒ်ထီး ပုဒ်မ စတာတွေ မထည့်ရ။

ကဗျာကို ဘယ်လိုပုံနှိပ်သလဲ စနစ် မတူကြပါ။ တကြောင်းအဆုံးတိုင်းမှာ ပုဒ်ထီး မချပါ။ တပါဒအဆုံးမှာသာ ပုဒ်မချတယ်။

ခဏခဏမမှန်တာတွေ တွေ့ရတယ်။ (၊) နဲ့ (။) ကို နေရာကျအောင် မသုံးကြပါ။ ပုဒ်ထီး (ပုဒ်သေး) နဲ့ ပုဒ်မတွေကို စာလုံးတခုနဲ့ ဆက်တိုက်ရေးရတယ်။ မခြာရပါ။ ပုဒ်ထီး (ပုဒ်သေး) နဲ့ ပုဒ်မတွေရေးပြီးတိုင်း စပေ့တခု ခြားရတယ်။ 

ခုခေတ်မှာ ဖုန်းကနေစာရိုက်သူတွေ အတိအကျလိုက်နာကြပါလို့ မပြောလိုပါ။ ဖတ်တဲ့သူ နားလည်စေအောင်တော့ ရေးစေချင်တယ်။ ဒါမှသာ လိုရင်းရောက်ပြီး ကိုယ်လိုချင်တဲ့အကျိုးရစေမယ်။ ရောဂါအကြောင်းမေးတာကို ဆရာဝန်က နားလည်မယ်။ ကိုယ်ပြောလိုတာကို ဖတ်တဲ့သူတွေ ရှင်းမယ်။ စနစ်နဲ့ရေးသူ ပြောသူ လုပ်ကိုင်သူကို လူတွေက လေးစားကြတယ်။ 

စနစ်ကျမှသာ ကိုယ့်မြန်မာစာကို လူတိုင်းက လေးစားကြပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ