Hepatitis B treatment guideline အသည်းရောင် (ဘီ) ကုသမှုလမ်းညွှန်

ဆရာခင်ဗျ အရင်လကကျနော်သွေးသွားစစ်တော့ ဘီပိုးတွေ့ပါတယ်ဗျ ပိုးကောင်ရေတော့မစစ်ရသေးပါဘူး ဆရာဝန်နဲ့ဆွေးနွေးကြည့်တော့ Tenofovir 300 mg သောက်ခိုင်းပါတယ် အရက်ကတော့ဖြတ်လိုက်ပါပြီဗျ ကျနော်သိချင်တာက ဒီဆေးတဘူးကုန်ရင် ဆက်မသောက်တော့ဘဲ ရပ်လိုက်လို့ရလားဆိုတာပါ
၁၂-၃-၂ဝ၁၅ နေ့ကထုတ်ပြန်တဲ့ WHO ရဲ့ ပထမဆုံးအသည်းရောင် (ဘီ) ကုသမှုလမ်းညွှန်ဖြစ်ပါတယ်။ (ဘီ) ပိုးဟာ ကိုယ်ခန္ဓာအရည်တွေနဲ့ သွေးကနေတင့်ကူးစက်တယ်။ အသည်းခြောက်တာနဲ့ အသည်းကင်ဆာတွေကြောင့် တနှစ်မှာ လူပေါင်း ၆၅ဝဝဝဝ သေဆုံးနေရတယ်။ အများစုဟာ ဝင်ငွေနည်းတိုင်းပြည်တွေကဖြစ်တယ်။ အာရှနဲ့အာဖရိကမှာ အများဆုံးဖြစ်တယ်။ ကမ္ဘာမှာလူပေါင်း သန်း ၂၄ဝ မှာ (ဘီ) ပိုးကူးစက်ခံထားကြရလို့ နာတာရှည် အသည်းရောင်ရောဂါ ရှိနေကြတယ်။ ထိရောက်တဲ့ကုသနည်းကို လိုက်နာနိုင်ရင် အသက်ပိုရှည်ပါမယ်။
လမ်းညွှန်
(၁) ဘယ်သူတွေအတွက်နဲ့ အသည်းအခြေအနေသိဘို့ရာ ရိုးရှင်းတဲ့ အကြီးစားလည်းမဟုတ်တဲ့ စမ်းသပ်နည်းတွေ၊
(၂) အသည်းခြောက်နေသူတွေအတွက် ကုသမှုဦးစားပေးရွေးချယ်စရာတွေ၊
(၃) နာတာရှည်အသည်းရောင်နေသူအတွက် စိတ်ချရပြီး အကောင်းဆုံးထိရောက်တဲ့ tenofovir (သို့) entecavir ဆေး၊
(၄) အသည်းကင်ဆာကိုစောစောသိနိုင်ရေး၊ ကုသမှုထိရောက်ပုံသိနိုင်ဘို့နဲ့ ဆေးကုတာဘယ်တော့ရပ်မလည်းတို့အတွက် ရိုးရှင်းတဲ့ စမ်းသပ်နည်းကိုသုံးပြီး ပုံမှန်စောင့်ကြည့်နည်း
(၅) အထူးလိုအပ်သူတွေ (HIV နဲ့တွဲရှိနေသူတွေ၊ ကလေးတွေနဲ့လူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ) အတွက် လိုအပ်ချက်များပါတယ်။
ဆေး ၂ မျိုးကို တိုင်းပြည်အများစုမှာရနိုင်ပြီး၊ ဆေးဘိုးလည်း ဆေးနာမည်ရင်းနဲ့ဆိုရင် တလမှ ၅ ဒေါ်လာထက်မပိုနိုင်ပါ။ လူအများစုအတွက် ဆေးဟာတသက်လုံးဖြစ်ပါတယ်။ ကလေးတိုင်းကို မွေးကတည်းက ကာကွယ်ဆေးထိုးပေးရပါမယ်။ ဆေးထိုးအပ်တွေ ပြန်သုံးရာကနေလည်း ကူးစက်နိုင်တယ်။
စမ်းသပ်နည်းတွေမှာ -
(၁) APRI – aspartate aminotransferase [AST]-to-platelet ratio index) သွေးစစ်နည်းနဲ့
(၂) Transient elastography (FibroScan) စကင်တွေဖြစ်ပါတယ်။
Hepatitis B treatment (ဘီ) ပိုးဆေးပေးခြင်း
(က) Acute hepatitis B ရက်တိုဖြစ်တာ 
HBIG ကာကွယ်ဆေး ၃ ကြိမ်ထိုးပါ။ ပိုးပါလောက်တဲ့အပ် စူးတာကနေ ကူးနိုင်တယ်လို့ထင်ရင် ၇ ရက်အတွင်း၊ ပိုးရှိသူနဲ့ လိင်ဆက်ဆံမိတာဆိုရင် (၁၄) ရက်အတွင်းမှာ ကာကွယ်ဆေး ထိုးနိုင်ရင်အကောင်းဆုံးဖြစ်တယ်။ ကူးစက်လာတဲ့ လက္ခဏာရှိနေချိန်မှာ ကာကွယ်ဆေးထိုးလည်းမထူးပါ။ ကျန်းမာရေးနဲ့ညီတဲ့အစားအသောက်စားသောက်ပါ။ ရေ + အရည်သောက်တာ မနည်းစေနဲ့၊ အရက်ရှောင်ပါ။
(ခ) Chronic hepatitis B နာတာရှည်ကုသနည်း
အသည်းကို ထပ်ပြီးမပျက်စီးစေဘို့ ရည်ရွယ်တယ်။ ပိုးတွေမပွါးစေဘို့ရည်ရွယ်တယ်။ Antiviral medicine ဆေးကို ကူးစက်မှုတက်ကြွနေချိန်မှာပေးတယ်။ ပိုးတွေပွါးမှာကို နှေးစေမယ်။ လူတိုင်းကိုဆေးမပေးပါ။ ဆေးစစ်တာတော့ ပုံမှန်လုပ်နေရမယ်။ Cirrhosis အသည်းခြောက်နေရင်တော့ အဲဒီအတွက်ဆေးလိုမယ်။ ပိုးသေဆေးက အသည်းကို ပြန်မကောင်းစေနိုင်ပါ။
ဆေးအမျိုးမျိုးရွေးချယ်ခြင်း 
(၁) Interferons = interferon alfa-2b and pegylated interferon alfa-2a
(၂) Nucleoside reverse transcriptase inhibitors (NRTIs) = adefovir, entecavir, lamivudine, telbivudine, and tenofovir
Interferons ဘေးထွက်ဆိုးကျိုး = ဖျား၊ ခေါင်းကိုက်၊ ဆံပင်ကျွတ်၊ စိတ်။ Cirrhosis အသည်းခြောက်နေရင် Interferons မပေးပါ။ But you can use adefovir, entecavir, lamivudine, telbivudine, and tenofovir တွေတော့ပေးနိုင်တယ်။ ဆေးပေးပေမယ့် ပြန်ထလာတာလည်းရှိတတ်တယ်။
ကိုယ့်ဖါသာစောင်ရှောက်တာလည်း အရေးကြီးတယ်။ လုပ်နိုင်တဲ့အလုပ်မျိုးကိုသာလုပ်ပါ။ နားလို့ရသလောက်နားပါ။ အစားအသောက်မှန်ကန်ပါစေ။ အားရှိအောင် ပရိုတင်းများများစားရမယ်ဆိုတာမဟုတ်ပါ။ မျှတလုံလောက်ဘို့က အဓိက ဖြစ်တယ်။ ရေဓါတ်မနည်းပေါစေနဲ့။ အရက်နဲ့ မူးယစ်ဆေးမတည့်ပါ။
Acetaminophen (Tylenol) ပါရာစီတမောရှောင်ပါ။ ယားတတ်တယ်။ Benadryl or Chlor-Trimeton ဆေးသုံးနိုင်တယ်။ Liver transplant လိုအပ်ချိန်မှာ အသည်းအစားထိုးရတယ်။
Tenvira = Tenofovir Disoproxil Fumarate INN 300 mg = Tenofovir Disoproxil 245 mg ဆေးကို အသက် ၁၈ နှစ်အထက် နာတာရှည်အသည်းရောင် (ဘီ) အတွက်ပေးတယ်။ တခြားဆေးတွေနဲ့တွဲပြီး HIV-1 ကိုလည်းပေးတယ်။ တနေ့ ၁ ပြား၊ အစာနဲ့သောက်ပါ။ ဘေးထွက်ဆိုးကျိုး = ပျို့-အန်၊ ဝမ်းပျက်၊ ဗိုက်အောင့်၊ အားယုတ်။
Dr. တင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ