Baby Colic ကလေးဗိုက်နာရင်

၁။ ဆရာခင်ဗျား သမီးလေးက အသက် တလပါ ညဘက်ရော နေ့ဘက်ရော ကောင်းကောင်းမအိပ်တာ သုံးရက်ရှိပါပြီဆရာ ငိုလည်း အရမ်းငိုပါတယ်။ သမီးလေးရဲ့မိခင်ဖြစ်သူက မိခင်နို့ကို စုပ်ယူပြီးမှ နို့ဗူးထဲ ပြန်ထည့်တိုက်ရတာပါဆရာ။ နို့တွေကို ပြန်ပြန်အန်ထုတ်နေပါတယ်ဆရာ။ အဖျားတော့မရှိပါ၊ ဝမ်းလည်းမချုပ်ပါ။ ဘာဆေးတိုက်ရမလဲဆိုတာ ညွှန်ကြားပေးပါဆရာခင်ဗျား။

၂။ ဆရာရှင့် သမီးလေးက ၁ဝ ကျော်ပါပြီရှင့်။ ၃ လနောက်ပိုင်းလောက်မှှာ လေပါလို့ကလေးက ညနေဆိုအချိန်မှန် ငိုပါတယ်။ ဒါပေမယ့် နောက်ပိုင်း တဖြည်းဖြည်းသက်သာလာပါတယ်။ ဒါပေမယ့်ဆရာ အခုတခါတခါပြန်ဖြစ်နေပါတယ်။ ဖြစ်ရင် ညဘက်တွေဖြစ်တာ များပါတယ်။ အိပ်ခါနီးဂျီသလိုလို လေအောင့်သလိုလို ငိုပါတယ်။ ညနေ စာထမင်းစားပြီးတိုင်း နာနာကစ် တိုက်ရတယ်။ သမီး အဲလေဆေးတွေကိုအမြဲမတိုက်ချင်ဘူး။ ကလေးအတွက် အန္တရာယ်ဖြစ်စေနိုင်လားဆရာ။ ကလေးရဲ့အစာအိမ်က ဒီဆေးမတိုက်ရင် ကောင်းကောင်းအလုပ်မလုပ်နိုင်တာမျိုး ဖြစ်နေမှာကို အရမ်းစိုးရိမ်မိပါတယ်။ အလိုမျိုးတွေရော ဖြစ်နိုင်လားဆရာ။

၁ဝ ကျော်ဆိုတာ၊ ၁ဝ လ လား၊ ၁ဝ နှစ်လား။ ဆေးနာမည်ကို အင်္ဂလိပ်စာလုံးပေါင်းရေးမှ သိမယ်။ တလုံးကလေးလွဲရင် မရပါ။ ရောင်းကုန်နာမည်ကို အမျိုးမျိုးပေးတာမို့ နိုင်ငံတိုင်းမှာ မရှိလို့ မှားပြောမိရင် မကောင်းပါ။

10 လကျော်ပါဆရာ။ ဆေးနာမည်က nana kid ပါဆရာ။

၃။ Nana Kid ဆိုတာကို ဂူဂယ်လ်မှာရှာရင် မဆိုင်တာတွေသာတွေ့တယ်။ လေပါတယ်ဆိုတာ လေနာ-လေအောင့်တာလို့ မှတ်ယူပြီး ရေးထာတဲ့စာတပုဒ် ပို့လိုက်ပါတယ်။

၄။ ကလေးအတွက် Air X drop ကို အမြဲတိုက်ရင် ဘာဖြစ်တတ်ပါသလဲ။ အညွန်းထဲမှာတော့ ၂ ကြိမ်တိုက်လို့ ရတယ်လို့ ရေးထားပါတယ်။ ဆရာပြောလို ဆေးမတိုက်ဘဲ ထားကြည့်တာ မရလို့ပါ။ ရင်လူးဆေးတွေ လူးလဲမရပါဘူး။ အော်အော် နေပါတယ်။ လေလဲထုတ်ပါတယ်။ Air X တိုက်လိုက်ရင်တော့ ခဏလေးနဲ့ ငြိမ်ပြီးအိပ်သွားပါတယ်။ စိုးရိမ်တာက ဆေးက ကောင်းတာလား၊ ဒါမှမဟုတ် အိပ်ဆေးလိုဟာမျိုး ပါနေလားလို့ပါ။

၅။ ဆရာ​ တခု​လောက်​​မေးချင်လို့ပါ သမီး​လေးနှစ်ခွဲ ခုနှစ်ရက်​​လောက်ရှိပြီ တခုခုစားပြီးရင် ဗိုက်တင်းတယ် ဗိုက်နာတယ်​ပြောတယ် ၀မ်းက​တော့နည်းနည်း​ပျေားတယ် ​လေထိုးတာလားမသိဘူးဆရာရယ် ခုkidlac ​နေ့တိုင်းတိုက်တယ် Airxကိုတခြမ်း အစားစားပြီးတိုက်တယ် ဘာ​ဆေးတိုက်ရမလဲဆရာ ​​ကျေးဇူးပါဆရာ

၆။ မဂ်လာပါ ဆရာ ကျွန်မသမီးလေးက ၄၉ ရက်ဘဲ ရှိသေးတယ် ဆရာ ဝမ်းမသွားဘဲ လေဘဲလည်နေတယ်ဆရာ ၃ရက်တော့ရှိပြီးဆရာ အဲတာ ဘာဆေးလေး တိုက်လို့ရမလဲ ဆရာ ကူညီပါအုံးဆရာရယ်

၇။ ကလေးအသက် ၁နှစ်နဲ့ ၈လရှိပါပြီ။ ငိုတာတအားပဲဆရာ။ ငိုရင်ခြေထောက်တွေကိုကုပ်ပြီးတော့ငိုတယ်။ ဆေးရုံသွားပြတာ အစာအိမ်ဆေးပေးလိုက့်တယ်။ ကလေးကမသက်သာဘူးဆရာ။ ဓာတ်မှန်လဲရိုက်ပြီးပါပြီ။ ဘာမှမဖြစ်ဘူးတဲ့။ ဖြစ်တာ ၁ဝရက်ကျော်နေပြီဆရာ။ သမီးတို့ဘာလိုလုပ်ရမဘဲပြောပြပေးပါဆရာ။ ကျေးဇူးပြုပြီး။ သားဦးပါ။ မိခင်နို့ပဲတိုက်တယ်။ အခုဆေးရုံ ဆရာမက ဆန်ပြုတ်ပဲတိုက်ခိုင်းပါတယ်။ မသက်သာပါဘူး ပထမဆေးရုံသွားတုန်းကပေးတဲ့ဆေးပါ အောက်ကဆေးက ရက်ချိန်းကပေးတဲ့ဆေးပါ အခုနေ့ဆီးမသွားဘူးဆရာ အခုချိန်ထိငိုနေတုံပါပဲ ဘယ်လိုလုပ်ရမလဲ လမ်းညွန်းပေးပါဆရာ

ကလေးငယ်လေးတွေ ငိုတာဟာ ဗိုက်နာလို့သာမဟုတ်ဘဲ မိဘတွေ၊ လူကြီးတွေကနေ ဂရုစိုက်စေချင်လို့ ငိုတာလဲ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေကထင်ကြတယ်။ ကလေးတွေဟာ မိခင်နို့စို့ရင်းဖြစ်ဖြစ် နို့ဗူးစို့ရင်းဖြစ်ဖြစ် လေကိုပါ မျိုချလို့ လေအပိုတွေကြောင့် ဗိုက်နာတတ်တယ်။ ဗူးသုံးရင် Anti Colic Baby Bottles သုံးပါလို့ ညွှန်တယ်။

ကလေး ဗိုက်နာတာကို ကုစားနည်းတမျိုးထဲရှိတာတော့ မဟုတ်ပါ။ တမျိုးနဲ့မရရင် နောက်တမျိုးလုပ်ရလိမ့်မယ်။ အဓိကကတော့ ကလေးကို ချော့ပေးဘို့ဘဲ။ သူစိတ်ရှုတ်တာကို လျော့စေဘို့ဖြစ်တယ်။ ဘာလို့အော်ငိုသလဲ သိအောင် လုပ်ရမယ်။ ပြုစုသူရဲ့ စိတ်ပူပန်မှုကိုလဲ လိုတာထက်မပိုစေရပါ။ ကလေးတွေဟာ လုံးဝဆိတ်ငြိ်မ်နေတာ သိပ်မကြိုက်ပါ။ သီချင်းသံ ဖွင့်ထားတာမျိုး လုပ်သင့်တယ်။ ကလေးဆာတဲ့အထိ မစောင့်ပါနဲ့။ နို့တိုက်နေရင် နို့မဝခင်ခဏနားပေးပါ။

အသုံးပြုနိုင်တဲ့ နည်းတွေ -
• ကလေးအနှီး ထပ်ပတ်ခြင်း၊
• ကလေးကို ဘေးတိုက် ဒါမှမဟုတ် မှောက်သိပ်ပါ၊
• ကလေးကို ဗိုက်ထဲမှာနေတုံးက ကြားနေရတဲ့အသံမျိုး ကြားစေအောင်လုပ်ပါ။ ဥပမာ မောင်းနေတဲ့ ကားပေါ်တင်တာ၊ ဆံပင်ခြောက်ကိရိယာကို အသံမြည်စေတာလုပ်ပါ၊
• ပုခက်လွှဲပေးတာ၊
• ကလေးပါးစပ်ထဲမှာ စုပ်စရာတခု ထည့်ထားပေးတာ လုပ်နိုင်တယ်။

ကလေးတွေဗိုက်နာတာ အလိုလိုပျောက်ပါမယ်။ Gripe water, Gripe mixture, Air X  စတဲ့ ကလေးလေဆေးက လေဗူဘောင်းသေးသေးလေးတွေကို ကြီးလာပြီး လေအထက်ကဖြစ်ဖြစ် အောက်ဖြစ်ဖြစ် ထွက်စေတာသာ ဖြစ်ပါတယ်။ Colief drops နဲ့ Dentinox Infant colic drops စတဲ့ဆေးဆွေက ဗိုက်ရစ်နာတာကိုသက်သာစေတယ်။

ကလေးတွေလေကြောင့် ဗိုက်နာတာ အလိုလိုပျောက်ပါမယ်။ လေက အောက်ဖြစ်ဖြစ်၊ အထက်ဖြစ်ဖြစ် မထွက်နိုင်လို့ လေအောင့်နေရင်တော့ Simeticone drops ဂရိုက်မစ်ချာ ခေါ် ဂရိုက်ဝါးတား ဆေးရည်တိုက်ရမယ်။ အဲဒီဆေးကိုလည်း ကလေးတိုင်းမလိုပါ။ ခဏခဏလည်း မလိုပါ။ ဆေးက လေဘူပေါင်း သေးသေးလေးတွေကို စုပေးလို့ လေဘူပေါင်း ကြီးလာပြီး ထွက်ရတာလွယ်စေမယ်။ Lactase drops လက်တေ့စ်ဆေးရည်လည်း တခါတလေသုံးနိုင်တယ်။ Dicycloverine (dicyclomine) ဆေး ကလေးအတွက်မသုံးသင့်ပါ။

တကယ့်ကို ဗိုက်ရစ်နာရင်တော့ Renal colic ကျောက်ကပ်ကျောက်ကိုစစ်ဆေးရမယ်။ Biliary colic ဆိုတာက သည်းခြေကျောက်ရှိလို့ ရစ်နာတာ။ ကလေးဟာ အဆက်မပြတ်ငိုနေမယ်။ ချော့မရဖြစ်မယ်။ မျက်နှာနီပြီး ညိုပြာပြာ ဖြစ်လာမယ်။ နေ့တိုင်း ငိုနေကျအချိန်မျိုးမှာငိုမယ်။ မိနစ်နည်းနည်းကြမယ်။ တိတ်သွားမယ်။ ငိုတာကလည်း အကြောင်းမဲ့လို့ ထင်ရတယ်။ အနေအထားကလည်း ဗိုက်ကြောတွေတင်းတောင့်ပြီး ခါးကော့်နေမယ်။ အိပ်ရေးပျက်မယ်။ နို့ကောင်းကောင်းမစို့ဘူး။

ကလေးငယ်လေးတွေ အကြာကြီးငိုရင် လေကိုအရင်စဉ်းစားရတယ်။ ကလေးတွေငိုတိုင်းရောဂါရှိလို့မဟုတ်ပါ။ ၅% မှာသာ အကြောင်းတခုခုရှာတွေ့တယ်။ ကလေးမှာ အဲလိုလေကြောင့်ရစ်နာတာ ရက်သတ္တပါတ်ကြာတတ်တယ်။ ငယ်တုံးက အဲလိုဖြစ်လို့ ကလေးကြီးတော့ လေနာဆိုတာ ဆက်မဖြစ်ပါ။

ကလေးငယ်လေးတွေ ငိုတာဟာ ဗိုက်နာလို့သာ မဟုတ်ဘဲ မိဘတွေ၊ လူကြီးတွေကနေ ဂရုစိုက်စေချင်လို့ ငိုတာလဲ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ထင်ကြတယ်။ ကလေးတွေဟာ မိခင်နို့စို့ရင်းဖြစ်ဖြစ် နို့ဗူးစို့ရင်းဖြစ်ဖြစ် လေကိုပါ မျိုချလို့ လေအပိုတွေကြောင့် ဗိုက်နာတတ်တယ်။ ဗူးသုံးရင် Anti Colic Baby Bottles သုံးပါလို့ ညွှန်တယ်။

ကလေး ဗိုက်နာတာကို ကုစားနည်း တမျိုးထဲရှိတာတော့ မဟုတ်ပါ။ တမျိုးနဲ့ မရရင် နောက်တမျိုး လုပ်ရလိမ့်မယ်။ အဓိကကတော့ ကလေးကို ခြော့ပေးဘို့ဘဲ။ သူစိတ်ရှုတ်တာကို လျော့စေဘို့ ဖြစ်တယ်။ ဘာလို့ အော်ငိုသလဲ သိအောင် လုပ်ရမယ်။ ပြုစုသူရဲ့ စိတ်ပူပန်မှုကိုလဲ လိုတာထက် မပိုစေရပါ။ ကလေးတွေဟာ လုံးဝဆိတ်ငြိ်မ်နေတာ သိပ်မကြိုက်ပါ။ သီချင်းသံ ဖွင့်ထားတာမျိုး လုပ်သင့်တယ်။ ကလေး ဆာတဲ့အထိ မစောင့်ပါနဲ့။ နို့တိုက်နေရင် နို့မဝခင် ခဏနားပေးပါ။

အသုံးပြုနိုင်တဲ့ နည်းတွေ –
• Swaddling ကလေးအနှီး ထပ်ပတ်ခြင်း၊
• Side/stomach soothing ကလေးကို ဘေးတိုက် ဒါမှမဟုတ် မှောက်သိပ်ပါ၊
• Shushing sounds ကလေးကို ဗိုက်ထဲမှာနေတုံးက ကြားနေရတဲ့အသံမျိုး ကြားစေအောင်လုပ်ပါ။ ဥပမာ မောင်းနေတဲ့ ကားပေါ်တင်တာ၊ ဆံပင်ခြောက်ကရိယာကို အသံမည်စေတာ လုပ်ပါ၊
• Swinging ပုခက်လွှဲပေးတာ၊
• Sucking ကလေးပါးစပ်ထဲမှာ စုပ်စရာတခု ထည့်ထားပေးတာ လုပနိုင်တယ်။

သုံးနိုင်တဲ့ ဆေးတွေ –
• Aden + Anais 100% Cotton Muslin Swaddle Wrap, Jungle Jam, 4 Pack
• Baby SleepSack Wearable Cotton Blankets Halo Innovations
• Colic Calm All Natural Gripe Water
• Colic Gas Relief
• Dentinox Infant Colic Drops 100ml
• Enfamil Nutramigen LIPIL with Enflora Powder for Infants with Iron, 12.6-Ounce Cans (Case of 6)
• Equate – Infants’ Gas Relief Drops, Simethicone 20 mg
• Gripe Water, Gripe Mixture
• Happi Tummi Removable Waistband – Blue
• Hyosyne drops for colic
• Infacol Wind Drops
• Kids Baby Sleep Bag
• Little Tummys Gas Relief Drops for Newborns, Infants & Children, Berry, 1 Ounce (Pack of 3)
• Little Tummys Gripe Water – 4 oz
• Miracle Blanket -Baby Swaddling Blanket -Pink
• Mommy’s Bliss Gripe Water, Liquid, 4-Ounce Bottles (Pack of 2)
• Newborn Rock ‘n Play Sleeper, Yellow
• Similac Alimentum Advance Protein Hypoallergenic Formula with Iron, Ready to Feed, 8-Fluid Ounces (Pack of 24)
• Ultimate Baby Music – Baby Got Colic (White Noise for Babies)

Dr. တင့်ဆွေ
၂၅-၅-၂၀၁၁
၂၆-၈-၂၀၂၁

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ