Covid-19 ကိုဗစ် ကုသဆေး အတိအကျ မရှိ

ဆရာ ကျမ အမျိုးသားက covid လူနာပါ အခု oxygen နဲ့ရှုရပါတယ် ချောင်းလဲဆိုးပါတယ် အဲ့ဒါ ကျမအနေနဲ့  ကိုယ်ခံအားကောင်းအောင်အရင်လုပ်ရမလားအဆုတ်အားကောင်းအောင်အရင်လုပ်ရမလား ဆရာ အဆုတ်အားဆေး ကျွေးလို့ရလားရှင့် ဆေးရုံက အလုံပိတ်ဆိုတော့ လေကောင်းလေသန့် မရဘူးဆရာ SO2 96 (အိမ်သာသွားတုန်းက 73ထိကျ) PRbpm 89 BP 106/62 Body temp 36.9 C

ခဏခဏ ထပ်ခါထပ်ခါ တင်ပါတယ်။ 

ကိုဗစ် ကာကွယ်နိုင်တဲ့ အစားအသောက် မရှိ။ 

ကိုဗစ် ကာကွယ်နိုင်တဲ့ အားဆေးတွေ မရှိ။ 

ကာကွယ်နည်းတွေနဲ့ ကာကွယ်ဆေးသာရှိတယ်။ 

ကူးစက်ခံရရင်လည်း ကုသဆေး အတိအကျ မရှိ။ 

ပျောက်စေတဲ့ အစားအသောက် မရှိ။ အားဆေး မရှိ။

ခံစားရတာတွေ မတူကြပါ။ 

၈၀% လူနာတွေက ပါရာစီတမောလောက်သာ လိုကြတယ်။ 

တချို့ အောက်စီဂျင် လိုတယ်။ 

တချို့ ရက်စ်ပရေကရိယာလိုတယ်။ 

တချို့ အထူးဆေးဝါးတွေ လိုကြတယ်။

အခုစာရေးနေတဲ့အချိန်အထိ အမေရိကန် CDC ကနေ covid-19 ကုသရန်အတွက် အတည်ပြုချက် ပေးထားတဲ့ဆေး မရှိသေးပါ။

ကာကွယ်နည်းကို အထူးဂရုစိုက်ကြပါ။ 

အဆုတ်အားဆေး မရှိ။ အသားဖြူဆေး မရှိ။ အရပ်ရှည်ဆေး အရပ်ပုဆေး မရှိ။ သားအိမ်အားဆေး မရှိ (ကန်တော့) အပျိုလူပျိုပြန်ဖြစ်ဆေး မရှိ။

ကျန်းမာရေး အသိမှန်ကိုသာ အားကိုးပါ။

ဖြစ်လာရင် ကံတရားကိုလည်း အားကိုးပါ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ