Flu and COVID-19 Symptoms တုပ်ကွေး နှင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ

အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ ဆောရီး။

၁။ ဆရာရှင့်။ ရာသီတုပ်ကွေးကြောင့်ရော အနံ့မရ   ဖြစ်တတ်ပါသလားရှင့်။ အနံ့မရတိုင်း Covid လို့ ယူဆလို့ရပါသလားရှင့်။

၂။ ဒေါက်တာခင်ဗျား အသက် ၃၁အမျိုးသားပါ မိုးမိပြီး ဖျားသလိုဖြစ်နေတာ သုံးရက်ခန့်ရှိပါပြီ ချောင်းမဆိုး နှာမစေးပါ လည်ချောင်းမနာပါ ခံတွင်းမပျက်ပါ ကိုယ်အလေးချိန်လည်းမကျပါ ကိုယ်လက်မအီမသာနဲ့ ခေါင်းမူးသလိုခေါင်းကိုက်သလိုခံစားရပါတယ် အားမရှိဘဲ နုံးနေသလို ခံစားရပါတယ် ညနေပိုင်းရောက်ရင် အဖျားငွေ့ငွေ့လေးရှိနေပါတယ် ညပိုင်းဆိုရင် ခြေဖျားလက်ဖျားတွေ အနည်းငယ်အေးပြီး ချမ်းစိမ့်စိမ့် ဖြစ်နေပါတယ် ချွေးထွက်ပါတယ် သာမာန်အဖျားထင်လို့ ပျောက်နိုးနိုးနဲ့ သာမာန်အပူကျဆေးပဲ သောက်နေတာပါ မသက်သာရင်တော့ဆေးခန်းသွားပြမယ် စိတ်ကူးထားပါတယ် ဒါပေမယ့် လက်ရှိ ကိုဗစ်ရောဂါအခြေနေကြောင့် ကျတောာ်တို့လို ပြည်ပရောက်လုပ်သားတွေအတွက် စစ်ဆေးကုသဖို့ အခက်ခဲတွေရှိတာကြောင့် ဆေးခန်းဆေးရုံသွားဖို့ကိုလည်း စိတ်ညစ်နေရပါတယ် သာမာန်တုပ်ကွေး အဖျားလား တခြားရောဂါလဏ္ခဏာလားဆိုတာ ကျေဇူးပြုပြီဖြေကြားပေးပါခင်ဗျာ သာမာန်တုပ်ကွေး အဖျားလား တခြားရောဂါလဏ္ခဏာလားဆိုတာ ကျေဇူးပြုပြီဖြေကြားပေးပါခင်ဗျာ

မေးခွန်း (၂) က ၂ ကြိမ်လာတယ်။ မေးခွန်းထဲက ဖူးလ်စတော့ (၆၆) လုံးကို ဖျက်ဖတ်ရတယ်။

တုပ်ကွေး နဲ့ ကိုဗစ်-၁၉ ရောဂါ တူတာတွေရှိတယ်။ မတူတာလည်းရှိတယ်။

Flu Symptoms တုပ်ကွေး ရောဂါလက္ခဏာများ
• Fever or feeling feverish/chills ဖျား သို့မဟုတ် ချမ်း
• Cough ချောင်းဆိုး
• Sore throat လည်ချောင်းနာ
• Runny or stuffy nose နှာရည်ယို
• Muscle or body aches ကြွက်သား သို့မဟုတ် ကိုယ် နာ
• Headaches ခေါင်းကိုက်
• Fatigue (tiredness) အားနည်း
• Vomiting and diarrhea အန် + ဝမ်းပျက် (ကလေးတွေမှာပိုသိသာ)

COVID-19 Symptoms ကိုဗစ်-၁၉ ရောဂါလက္ခဏာများ
• Fever or chills ဖျား သို့မဟုတ် ချမ်း
• Cough ချောင်းဆိုး
• Shortness of breath or difficulty breathing အသက်ရှူအားမရ သို့မဟုတ် ခက်ခဲ
• Fatigue အားနည်း
• Muscle or body aches ကြွက်သား သို့မဟုတ် ကိုယ် နာ
• Headache ခေါင်းကိုက် 
• New loss of taste or smell အရသာ သို့မဟုတ် အနံ့မရ
• Sore throat လည်ချောင်းနာ
• Congestion or runny nose နှာစေး သို့မဟုတ် နှာရည်ယို
• Nausea or vomiting ပျို့ သို့မဟုတ် အန်
• Diarrhea ဝမ်းပျက်

တုပ်ကွေးမှန်ရင် ဖျား (ကိုယ်ပူ) မယ်။ ၉၈့၆ အက်ဖ် (၃၇ စီ) ထက်များတယ်။ 

COVID-19 ကိုဗစ်-၁၉ မှာ ထူခြားချက်တခုက အရသာ သို့မဟုတ် အနံ့မရဖြစ်မယ်။ လူတိုင်းလည်း မဖြစ်ပါ။

ရောဂါနှစ်မျိုးလုံးက ဗိုင်းရပ်စ်ပိုး တမျိုးစီကနေဖြစ်တယ်။ ဗိုင်းရပ်စ်ပိုးမှန်သမျှကို သေစေတဲ့ဆေး မပေါ်သေးပါ။ သုံးနေတဲ့ ဆေးတွေက ဗိုင်းရပ်စ်ဆေးဖြစ်ဖြစ်၊ ငှက်ဖျားဆေးဖြစ်ဖြစ်၊ တခြားဆေးဖြစ်ဖြစ်၊ စမ်းသပ်မှုသဘောသာဖြစ်တယ်။ ကြော်ငြာဆေးတွေကို အားမကိုးသင့်ပါ။

ဒေါက်တာတင့်ဆွေ

Comments

  1. ဆရာကြီး ခင်ဗျာ နောက်ပိုင်း unicode အသုံးများလာတော့ ဆရာကြီးတင်ပေးတဲ့ blog တွေက ဖတ်မရဖြစ် နေလို့ fonts နှစ်မျိုးတင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

    ReplyDelete
  2. အပေါ်မှာ Unicode လို့ change လိုက်ပါ

    ReplyDelete

Post a Comment

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ