Gripe Water ကလေး လေဆေး

(မိဘများသို့ ပို့စ်)

တခါတခါ ယောက္ခမနဲ့၊ တခါတခါ ဂရုတွေနဲ့ ရန်ဖြစ်ရပါတယ်။

၁။ ဆရာရှင့် ကျွန်မသားလေးက (၇)လပါ။ ကျွန်မမိဘတွေက ကလေးကို ဖြည့်စွက်စာ ကျွေးပြီးတိုင်း လေဆေး တိုက်ကြပါတယ်။ နေ့တိုင်းကို တိုက်ပါတယ်ဆရာ။ ဆရာဝန်လည်း ညွှန်ကြားမှုမရှိပါဘူးဆရာ။ နေ့တိုင်းတိုက်ဖို့ လိုအပ်ပါသလားဆရာ။ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါလားဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။

၂။ ဆရာ သမီးညက တကိုယ်လုံးလေးပြီး ကြွက်သားတွေလား အကြောတွေလားမသိ တင်းလာတော့ ဆရာ့ကို မေးနေတုန်း muscol ဆိုတဲ့ဆေးကို သောက်လိုက်တာပါ။ ၁ နာရီကျော်လောက်ကြာတော့ ကလေးက ထငိုတာပါ။ သမီးလဲပူထူသွားပြီး အဲဒိီဆေးကြောင့်လားဆိုပြီး ဆရာ့ကိုဆက်မေးမိတာပါ။

၃။ သားလေးက ၉ လရှိပါပြီ။ ဖြည့်စွက်အစာလဲကျွေးနေပါပြီ။ အစာကျွေးပြီးတိုင်လဲ ဘားပလက်အရည်နဲ့ Gripe mixture တိုက်ပါတယ်။ သူက အရင် ၄ ရက် လောက်က ညဘက်တွေဆိုရင် နို့ဆာရင်နိုးလာပြီး အိအိနဲ့နည်းနည်းငိုတယ်။ သူ့အမေက နို့တိုက်လိုက်ရင် ပြန်အိပ်သွားကော ခုသုံးလေးရက်အတွင်းမှာ ပုံစံပြောင်းပြီး အိပ်နေတာကနေထထပြီး မတရား ကော့ကော့ထိုးပြီး ငိုတယ်။ ဘယ်လို ချီချီထိ်န်းထိန်းမရဘူး။ ဒီအတိုင်းမှာ နို့ကိုလဲတန်းတိုက်လို့မရဘူး။ ထက်လင်း ရင်လူးဆေးလိမ်း Air X တိုက်လိုက်ပြီးမှ ငြိိမ်သွားပြီး နို့ကိုလဲစို့တယ်။ ထက်လင်း ရင်လူးဆေးလိမ်း Air X တိုက်တာကိုပဲ အတင်းရုန်းနေလို့ ချုပ်ပြီးတိုက်ရတယ်။ ပြီးမှပြန်အိပ်သွားတယ်။ ဗိုက်ထဲမှာတော့ လေသံတွေ ကြားရတယ်။ သိချင်တာက ကလေးဗိုက်ထဲက လေတွေထွက်အောင် Air X ကို ညတိုင်းတိုက်လို့ ကောင်းပါ့မလား။ တခြား နည်းလမ်းလေးတွေ ရှိသေးရင်လဲ ညွန်းပေးပါဦး။

ကလေးငယ်တွေငိုတာက အများဆုံးက လေဖြစ်တယ်။ နို့တိုက်ပြီးလေထုတ်တာနဲ့ ကလေးလေဆေးနဲ့သင့်တယ်။ ဆေးကို ခဏခဏမတိုက်သင့်ပါ။ ရစ်နာတာအတွက် ကလေးတွေအတွက်ဆေး ရှိသေးတယ်။ Air X ဆိုတာ Simethicone ဆေး ဖြစ်တယ်။ လေအောင့်တာ၊ အစာအိမ်ထဲ-အူထဲမှာ လေတွေများပြီး ဗိုက် အနေရခက်တာ၊ နာတာသက်သာစေဘို့ သုံးနိုင်တယ်။ Polydimethylsiloxane နဲ့ Silica gel တွေကိုရောထားပြီး၊ Anti-foaming agent လို့ခေါ်တယ်။Anti-gas, Anti-flatulence လို့လဲခေါ်တယ်။

Gripe Mixture (Gripe Water) မှာ အရက်နဲ့ သကြားမပါရပါ။

ကလေး ၁ လသားအထိ မတိုက်သင့်ပါ။

၁-၆ လ သား = 5ml

၆-၁၂ လသား = 10ml

၂၄ နာရီအတွင်း အများဆုံး ၆ ကြိမ်အထိ လိုအပ်ရင် တိုက်နိုင်တယ်။

FDA ကနေ ၁၉၅၂ ခုနှစ်ကတည်းက အသိအမှတ်ပြုပေးခဲ့တယ်။ လေဘူပေါင်းဆေးတွေရဲ့မျက်နှာပြင်တင်းအားကို နည်းစေအောင် လုပ်ပေးရာကနေ လေဘူပေါင်းကြီးလို ဖြစ်လာစေတာမို့ လေထွက် လွယ်ကူစေအောင် ကူညီပေးတယ်။ အစာလမ်းကြောင်းထဲမှာ လေတွေနည်းစေအောင်လုပ်တာ မဟုတ်ပါ။ လေကို အထက်ကနေဖြစ်ဖြစ် အောက်ကနေဖြစ်ဖြစ် ထွက်ရတာ လွယ်စေအောင်သာ လုပ်ပေးတယ်။ Colic ဆိုတဲ့ ဗိုက်အောင့်ပြီး နာတာကို သက်သာစေမှာမဟုတ်ပါ။

Simethicone ဆေးပြား၊ ဆေးတောင့်၊ ဆေးရည်လဲ လာတယ်။ လူကြီးတွေနဲ့ လူငယ်လေးတွေကို 60 - 125 mg တနေ့ ၄ ကြိမ်ပေးနိုင်တယ်။ အစာစားပြီးချိန်နဲ့ ညမအိပ်ခင် ပေးနိုင်တယ်။ 180mg တနေ့ ၂ ကြိမ်လဲပေးနိုင်တယ်။ ၂၄ နာရီအတွင်း 500 mg ထက်မပိုစေရဘူး။ ဝါးစားလို့ရတဲ့ဆေးပြားကို လူကြီးတွေနဲ့ လူငယ်တွေအတွက် 40 - 125 mg တနေ့ ၄ ကြိမ်၊ ဒါမှမဟုတ် 150 mg တနေ့ ၃ ကြိမ်ပေးနိုင်တယ်။ ၂၄ နာရီအတွင်းမှာ 500 mg ထက်မပိုစေရဘူး။ ဆေးရည်ကို လူကြီးတွေနဲ့ လူငယ်တွေအတွက် 40 - 95 mg တနေ့ ၄ ကြိမ်ပေးနိုင်တယ်။ ၂၄ နာရီအတွင်းမှာ 500 mg ထက်မပိုစေရ။

ဆေးနာမည်တွေ အမျိုးမျိုးရှိတယ်။ Alka-Seltzer, Anti-Gas, Colic Drops, Colicon, Degas, Flatulex, Flatulex Drops, Gas Aide, Gas-X, Genasyme, Maalox Anti-Gas, Majorcon, Micon-80, Mylanta Gas, Mylaval, Mylicon, Mytab Gas, Phazyme, SonoRx စသဖြင့် ရှိတယ်။ မြန်မာပြည်မှာ Gripe mixture, Gripe water လူသိများတယ်။

ညအချိန်မှာ ကလေးတအားငိုလို့ဆိုပြီး ဆရာဝန်တွေ ခဏခဏ အနိုးခံရတတ်တယ်။ ကလေးငယ်လေးတွေ ငိုတာဟာ နို့ဆာလို့၊ အလိုမကျလို့ ဆိုတာအတွက်ကတော့ ဆရာဝန်တွေ မလိုပါ။ ဆရာဝန်ကို ပြေးမြင်ကြတာထဲမှာ လေနဲ့ သန်ကောင် ၂ မျိုးရှိတယ်။ ကလေးငယ်ရင် သန်ကောင်ကို ထည့်စဉ်းစားစရာ မလိုပါ။ နားကိုက်တာလဲ ရှိသေးတာ မမေ့ပါနဲ့။ လေထိုး-လေအောင့် အကြောင်းလေး ရေးပါမယ်။

Colic လို့လဲခေါ်တယ်။ Gripes လို့လဲခေါ်တယ်။ အစာလမ်းကြောင်းမှာ ရစ်ထိုးတာခံရလို့ ဖြစ်တယ်။ ကလေးငယ်လေးတွေ ဗိုက်ကနာတော့ ခြေတွေလက်တွေ ကွေးကောက်နေအောင် အော်ငိုမယ်။ ကြာတော့ မောပြီး အိပ်ပျော်သွားတတ်တယ်။ ကြားထဲမှာ နို့တိုက်မရ အိပ်အောင်သိပ်လို့မရ ဖြစ်တယ်။

ဘာလို့ဖြစ်ရသလဲ ဆရာဝန်တွေတောင်မှ သိပ်မသိလှပါ။ အစားသန်တဲ့ကလေးမျိုးက ပိုဖြစ်တတ်တယ်။ လေရှိလို့ ငိုရာကနေ ငိုလို့လေပိုများစေတယ်။ သုတေသနလုပ်တော့ အဲလိုကလေးမျိုးမှာ သွေးထဲမယ် Motilin များနေတာ တွေ့ရတယ်။ အစာလမ်းကနေ စွန့်ထုတ်မှုပိုများတာ တွေ့ရတယ်။

နို့တိုက်တဲ့ မအေတွေ စားတာသောက်တာကို ခွဲပြီးလေ့လာတယ်။ အုပ်စုတခုကို နို့၊ ကြက်ဥ၊ မြေပဲ၊ အစေ့အဆံ၊ ဂျုံ၊ ပဲပုပ်၊ ငါးတွေကို မစားစေဘူး။ ၇ ရက်တပါတ်နေတော့ ကလေး ကလေးဖိုက်နာတာတေရာ၊ နာတဲ့ပြင်းအားရော ၂၅% နည်းတာ တွေ့ရတယ်။ နောက် လေ့လာမှုတခုက မအေနို့ မတိုက်တဲ့ကလေးတွေကို လေ့လာပြန်တယ်။ နို့မှုံ့ထဲမှာ Hydrolysed casein နဲ့ Whey များလွန်းတာကို တိုက်ရင် သက်သာတာ တွေ့ရတယ်။ ကိုယ့်ကလေးနဲ့ အဆင်ပြေတဲ့ နို့မှုံ့ကိုသာ ရွေးသုံးပါ။

Sodium Bicarbonate ဆိုတာ Baking Soda ဆော်ဒါကိုခေါ်တယ်။ အစာအိမ်မှာ အက်စစ်ဓါတ် ကဲနေတာအတွက် သုံးတယ်။ အက်စစ်ဓါတ် နည်းလွန်းတာလဲ မကောင်းပြန်ဘူး။ ဆော်ဒါက သွေးထဲလဲရောက်တော့ များရင် သံဓါတ် နဲ့ ဖေါလစ်အက်စစ်တွေနဲ့ ကသိကအောင့် ဖြစ်တတ်တယ်။ ဒါ့ကြောင့် လူကြီးတွေကိုပေးလေ့ရှိတဲ့ Antacids လေနာဆေးတွေကို ၅ နှစ်အောက်ကလေးတွေ မပေးသင့်ဘူး။

မအေက (ကေဖင်း) များတဲ့ ကော်ဖီ၊ ချောကလက် လျှော့စားပါ။ လိမ်မော်ရည်၊ ကြက်သွန်နီ၊ မုံလာ၊ ပန်းသီး၊ ဆီးသီး၊ အပူ-အစပ်၊ တွေက လေများစေတယ်။ နို့စို့ရင်၊ နို့ဗူးတိုက်ရင်း ကလေးက လေကိုပါမြိုချလို့ လေများတာကြောင့်ဖြစ်ရတာက အများဆုံးဘဲ။ နို့ဗူးဖြစ်ဖြစ် ရေဗူးဖြစ်ဖြစ် ကလေးကိုတိုက်ရင် နို့သီးခေါင်းထဲမှာ လေခိုမနေစဘို့ အမြဲတမ်းသတိထားရတယ်။ ကလေးက အလိုမကျတာကိုလဲ သိတတ်ရမယ်။ ကလေးကို အချိန်များများ ပွေ့ချီထားချိန်တာ ကောင်းတယ်။ ကလေးကိုယ်ကို ခပ်မတ်မတ်ချီပေးပါ။ လူတော့ပင်ပန်းတာပေါ့။ Singing lullabies သီချင်းဆိုပေးတာ ကောင်းတယ်။ ညင်ညင်သာသာ ပုခက်လွှဲပေးတာလဲ ကောင်းတယ်။ ဗိုက်နေရာကို ခပ်နွေးနွေး အဝတ်၊ ရေနွေးပုလင်း စတာနဲ့ ကပ်ပေးနိုင်တယ်။ ကလေးကို အနေအထား မကြာမကြာပြောင်းပေးပါ။ ရေသောက်၊ နို့သောက်တာ ဖြေးဖြေးသာ လုပ်ပေးပါ။ တချို့ကလေးကို ကားပေါ်တင် မောင်းချော့တာလဲ လုပ်နိုင်တယ်။ White noise ဆိုတာ ကလေးကို တီဗွီ ပြပေးတာကို ခေါ်တယ်။

လေထိုးလေအောင့် ကလေးတိုင်းမှာမဖြစ်ပါ။ နေ့တိုင်းလည်းမဖြစ်ပါ။ ဂရိုက်ဝါတာကို ခဏခဏမတိုက်သင့်ပါ။

Dr. တင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ