Lifestyle and Hygiene ရေချိုး လက်ဆေး သန့်ရှင်းရေး

၁။ ဓါတ်ရောင်ခြည်ကင်သောကာလရေချိုးလို့ရပါလား

၂။ ဆရာခင်ဗျား သွေးတိုးတဲ့အချိန် ရေချိုးခေါင်းလျှော်ရပါသလား

၃။ ဆရာခင်ဗျား ဂျင်းပြုတ်ရေက သွေးတိုးနဲ့တဲ့လား

ဘာလာလာ စားစရာကိုသာ မေးသူတွေ များတယ်။ ဘာဖြစ်ဖြစ် ရေချိုးခေါင်းလျှော်ကိုသာ မေးသူတွေလည်း မနည်းပါ။

လူဆိုတာ အစုံစားသတ္တဝါဖြစ်တယ်။ ဖျားလို့ဖြစ်ဖြစ် ကိုယ်ဝန်ရှိလာလို့ဖြစ်ဖြစ် ကိုယ်ဝန်ရချင်လို့ဖြစ်ဖြစ် ကိုယ်တသက်လုံး စားသောက်လာတာတွေထဲက အနည်းဆုံး ၉၅% သင့်တယ်။

မျက်နှာသစ် သွားတိုက် ရေချိုး ခေါင်းလျှော်ဆိုတာ နေ့တိုင်းလုပ်ရတဲ့ ကိုယ်ရေသန့်ရှင်းရေးဖြစ်တယ်။ ဖျားလို့ဖြစ်ဖြစ် ကိုယ်ဝန်ရှိလာလို့ဖြစ်ဖြစ် ကိုယ်ဝန်ရချင်လို့ဖြစ်ဖြစ် နေ့တိုင်းလိုအပ်တယ်။

အစားအသောက်ကနေ ရောဂါကိုသက်ရောက်တဲ့ အကောင်းအဆိုးကို ကျိုးကြောင်းဆီလျှော်စွာ ယုတ္တိတန်စွာ သိသူ အရေအတွက် အင်မတန်နည်းတယ်။ ဖေ့စ်ဘွတ်မှာ လမ်းဘေးမှာ ဘယ်လိုအရည်အချင်းရှိသူမှန်းမသိသူက ပြောဆိုတာကို လိုက်နာနေသူ အရေအတွက် အင်မတန်များတယ်။

သွေးတိုးရှိနေသူတွေ နေ့တိုင်း မနက်နေ့ည သွေးဖိအားထိန်းနေကြရတယ်။ ဆေးနဲ့ထိန်းရတာက ၉၅% ရှိတယ်။ ဆိုဒီယမ် ခေါ် အငန်ဓါတ်ပါတာတွေ တသက်လုံး မသင့်တော့ပါ။ အငန်ဆိုတာ ဆားတခုတည်း မဟုတ်။ ငပိ၊ ငါးခြောက်၊ ငံပြာရည်၊ ဟင်းချိုမှုန့်၊ အသားမှုန့်၊ အရာသာမှုန့်၊ ဆားနဲ့တည်းထားတဲ့ လက်လုပ် စက်ရုံထုတ်အချဉ်တွေလည်း မသင့်စာရင်းထဲမှာ ပါတယ်။ ဆေးအပြင် ကိုယ်အလေးချိန်ထိန်းရတယ်။ ကိုယ်လက်လှုပ်ရှားမှု လိုတယ်။ သွေးတိုးရှိမှန်းသိကတည်းက လူနေမှုပုံစံသစ်နဲ့သာ တသက်လုံး နေထိုင် သွားလာ စားသောက်ရမယ်။

၁။ ကောင်းပါတယ်ဆိုတဲ့စားစရာ တနေ့တပိဿာ ဆားနိုင်နိုင်နဲ့စားလို့ကတော့။

၂။ ရေမချိုး ခေါင်းမလျှော်ပဲ တလလောက်နေလို့ကတော့။

၃။ ဖေ့စ်ဘွတ်က ပြောသမျှအကုန် ယုံလို့ကတော့။

၄။ အခုရက်တွေမှာ ရောဂါအခံရှိသူတွေရော နေကောင်းနေသူတွေပါ လက်မဆေးလို့ကတော့။

၅။ ကိုဗစ်ကာကွယ်ရေး လက်မဆေးလို့ကတော့။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ