Vaccines ကာကွယ်ဆေးတွေ တရက်တည်းမှာထိုးလို့ရသလား

၁။ ဆရာ ဒေါက်တာတင့်‌ဆွေ မေးစရာရှိလို့ပါရှင့်။ flu vaccine နဲ့ covid19 vaccine ကို Same day (တစ်) ရက်တည်း ထိုးလို့ရပါသလားရှင့်။

တရက်တည်း ထိုးလို့ရ။

Flu vaccine ခေါ် Flu shot ခေါ် တုပ်ကွေးကာကွယ်ဆေးက တနှစ်မှာ ဆေးအသစ် တခါထုတ်တယ်။ နေ့စွဲ သတိထားရတယ်။ ကိုဗစ်ကာကွယ်ဆေးကလည်း သက်ဆိုင်ရာနိုင်ငံက FDA ခွင့်ပြုတာကို စနစ်တကျ ထားသို စနစ်တကျ ထိုးရမယ်။

Flu shot တုပ်ကွေးကာကွယ်ဆေး https://dr-tint-swe.blogspot.com/2020/12/flu-shot.html

COVID-19 Vaccine Questions ကိုဗစ်ကာကွယ်ဆေး မေးခွန်း https://dr-tint-swe.blogspot.com/2021/05/covid-19-vaccine-questions.html

၂။ တုတ်ကွေးကာကွယ်ဆေး vaxigrip ကို ၆လပိုင်း ၂၀၁ရမှာထိုးထားပါတယ်။ ခု ဒီမှာတုတ်ကွေးကာကွယ်ဆေး ရောက်နေပြီဆိုလို့ (vaxigrip) တော့ မဟုတ်ဖူးတဲ့ အဲ့ဒီဆေးကို ၂ လပိုင်း ၂၀၁၈ မှာပြန်ထိုးမယ်ဆို ရပါသလားဆရာ။၅ လပိုင်း ၆ လပိုင်း မှပဲ ပြန်ထိုးရမလားသိချင်လို့ပါ။ ဆေးအမျိုးအစားမတူလည်းထိုးလို့ရပါသလား ဆရာ။ IMOJEV ကို၆ လပိုင်းမှ ပြန်ထိုးရမှာ ဒီ ၂ လပိုင်းမှာ ထိုးပေးလို့ရနိုင်ပါသလား သိပါရစေဆရာ။ ဒီမှာဆေးပြတ်လပ်တာတွေဖြစ်ပြီး ဆေးတွေ စျေးကြီးလွန်းနေလို့ ဆေးရတဲ့အချိန်လေးထိုးပေးလို့ရနိုင်မလားလို့ သိချင်မိလို့ပါ ဆရာ။ ကျေးဇူးတင်ပါတယ်။ လေးစားစွာဖြင့်။

Influenza vaccine တုပ်ကွေးကာကွယ်ဆေးနဲ့ Td (Tdap) မေးခိုင် + ဆုံဆို့ + ကြက်ညှာကာကွယ်ဆေး တရက်တည်းမှာ ထိုးနိုင်တယ်။ Live vaccines ခေါ် ပိုးအရှင်ကိုသုံးတဲ့ကာကွယ်ဆေး ၂ မျိုးကိုတော့ ၄ ပတ်ခြားထိုးသင့်တယ်။ အဲတာတွေက BCG ဘီစီဂျီ ခေါ် တီဘီ၊ Oral Polio Vaccine ခေါ် ပိုလီယို၊ Measles ခေါ် ဝက်သက်၊ Rotavirus ခေါ် ရိုတာနဲ့ Yellow Fever ခေါ် အသားဝါအဖျားကာကွယ်ဆေးတွေဖြစ်တယ်။ MMR, MMRV, varicella, zoster တွေလည်း ပါတယ်။ အဲတာတွေနဲ့ live intranasal influenza vaccine (LAIV) ခေါ် နှာခေါင်းကနေပေးရတဲ့ တုပ်ကွေး ကာကွယ်ဆေးကို တရက်တည်းမှာ မပေးသင့်။ ၄ ပတ်ကွာသင့်တယ်။

တုပ်ကွေးကာကွယ်ဆေးကို Flu shot ခေါ်တယ်။ WHO သတ်မှတ်ချက်ကတော့ အသက်ကြီး-နာမကျန်းသူတွေ၊ နာတာရှည်ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ၆ လကနေ ၂ နှစ်အထိကလေးတွေကို ထိုးစေပါတယ်။ အမေရိကားမှာ အသက် ၆ လအထက်ကိုသာထိုးတယ်။ ထိရောက်မှုအတွက် မတူတဲ့ ကိန်းဂဏန်းတွေ ရှိတယ်။ အသက် ၂ နှစ်အောက်ကလေးတွေကို live attenuated vaccine ဆေးမထိုးဘို့ ကန့်သတ်ထားပါတယ်။ inactivated vaccines အမျိုးအစားဆိုရင် တိတိကျကျပြောမရသေးပါ။ HIV ရှိနေသူတွေကို ထိုးစေတယ်။ ကာကွယ်ဆေးထိုးပြီး ၂-၄ ပါတ်နေရင် ခုခံနိုင်စွမ်း အမြင့်ဆုံးဖြစ်တယ်။ ၆ လ နောက်မှာကျလာတယ်။ ၂-၃ နှစ် လောက်အထိ တန်းနေတယ်။

Flu vaccines ဆေးတွေကတော့ -

1. TIV, QIV (injection of trivalent or quadrivalent, killed vaccine) အသားဆေးထိုးဆေးနဲ့

2. LAIV, Q/LAIV (nasal spray of live attenuated influenza vaccine) နှာခေါင်းထဲထည့်ဆေးဖြစ်တယ်။

ဆေးထိုးလိုက်ရင် နှာရည်ယိုတယ်၊ လည်ချောင်းနာတာ၊ ကြက်ဥနဲ့မတည့်တာတွေဖြစ်နိုင်တယ်။ ဆေးစျေးနဲ့ ထိရောက်မှု အကောင်း-အဆိုး ငြင်းနေကြတုံးဘဲ။ ကျွန်တော်တော့ ထိရောက်တယ်ထင်တယ်။ ဘေးထွက်သက်ရောက်မှုလည်း မခံရပါ။

အမေရိကားမှာ Nasal spray (Live attenuated virus) နှာခေါင်းပန်းရတဲ့ တုပ်ကွေးကာကွယ်ဆေးကို ဒီလိုလူတွေကို မသုံးဘို့ အကြံပေးထားတယ်။ ၂ နှစ်အောက်ကလေးတွေ၊ အသက် ၅ဝ ကျော်သူတွေ၊ အလာဂျီရတတ်သူတွေ၊ ပန်းနာရှိသူတွေ၊ ကလေးတွေမှာ Aspirin ဆေးပေးနေရသူတွေ၊ နှလုံး၊ အဆုပ်၊ ကျောက်ကပ်၊ အသဲ၊ ဦးနှောက်နဲ့အာရုံကြော၊ သွေးရောဂါရှိနေသူတွေ၊ IDS ရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ။

ကြက်ဥနဲ့မတည့်သူတွေကို တုပ်ကွေးကာကွယ်ဆေးပေးလို့မရပါ။ Flublok Seasonal Influenza (Flu) Vaccine ကို အသက် (၁၈) နှစ်ကျော်ရင် ထိုးနိုင်တယ်။

ဒေါက်တာတင့်ဆွေ


Comments

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ