Sitz bath ရေနွေးထိုင်နည်း

(ကန်တော့)

၁။ ဆရာခင်ဗျာ ရေနွေးထိုင်တဲ့အခါ ရေပမာဏဘလာက်ကို ဆားဘလောက်ထည့်ရပါလဲခင်ဗျ ထိုင်တဲ့အခါ ရေထဲဘလောက်မြုပ်အောင်ထိုင်ရပါလဲခင်ဗျကျေးဇူးတင်ပါသည်

၂။ အခုသမီးရုံးကညီမလေး လိပ်ခေါင်းခွဲထားတာ ခွဲတဲ့ဆရာဝန်မနဲ့ပြနေတာ မသက်သာပါဘူးဆရာ။ ကူညီပေးပါအုံး။ ရေယုံဆေးသောက်ရမယ်၊ ဆေးရုံတက်ရမယ်ပြောနေပါပြီ။ လိပ်ခေါင်းကဖြတ်တုန်းက ဘာမှမရှိဘဲ ခုထပ်ထွက်လာပါတယ်တဲ့။ စိတ်ဓါတ်ကျနေလို့ သမီးဖြောင်းဖြထားပါတယ်ဆရာ။ ကန်တော့ပါ အနာအခြေအနေပုံ ပို့လိုက်ပါတယ်။ အကြံပြုပေးပါဦး။ ခွဲပြီးပိုးသတ်ဆေးနဲ့မတည့်တာဖြစ်လို့ ဆေးပြောင်းရသေးတယ်တဲ့ဆရာ။

စအိုနေရာမှာ တခုခုဖြစ်ရင် Sitz bath ရေနွေးထိုင်နည်းကို ညွှန်းတယ်။ ဆရာဝန်မလိုဘဲ သက်သာတာ အမှန်ဖြစ်တယ်။ ကုန်ကျစရိတ်လဲ မရှိဘူး။ စအိုနေရာမှာသာမကပါ ဒီလိုဖြစ်တာတွေကို သက်သာစေမယ်။

- Hemorrhoids (piles) လိပ်ခေါင်း၊

- Anal fissures (FIA) ဘရင်ဂျီနာ၊

- Rectal surgery အစာဟောင်းလမ်း ခွဲစိတ်ကုသရခြင်း၊

- Episiotomy ကလေးဖွါးတဲ့အခါ မွေးလမ်းချဲ့ပြီး ပြန်ချုပ်ထားခြင်း၊

- Uterine cramps သားအိမ်နာခြင်း၊

- Inflammatory bowel disease အစာလမ်းရောင်ရောဂါ၊

- Bladder ဆီးအိမ်ရောင်ခြင်း၊

- Prostate ဆီးကျိတ်ရောင်ခြင်း နဲ့

- Vagina ဗဂျိုင်းနာရောင်ခြင်းတွေအတွက် သုံးနိုင်တယ်။

နာမည်အခေါ်က Sitzbad ဂျာမန်စကားကနေလာတယ်။ ရေချိုးတာပါဘဲ။ Sitz bath ဆိုတာထက် Hip-bath လို့ ခေါ်ရင် တန်းသိစေနိုင်တယ်။ နာတာရော ရောင်တာကိုပါ သက်သာစေမယ်။

ရေခပ်နွေးနွေးထဲမှာ တင်ပါးမြုပ်အောင် စိမ်ထားပြီး ထိုင်နေရတာ ဖြစ်ပါတယ်။ ရေချိုးစည်ဖြစ်ဖြစ်၊ ရေထည့်လို့ရတဲ့ ကန်ခပ်ကြီးကြီးဖြစ်ဖြစ်၊ သုံးနိုင်တယ်။ ပလပ်စတစ်ရေကန် ဝယ်လို့ရတယ်။ ရေအိမ်သာအထက်မှာ ထားပြီး ထိုင်နိုင်တယ်။ ရေထဲကို ဆား၊ မုံ့လုပ်ဆော်ဒါ၊ ဗနီဂါတွေလဲ ရောနိုင်တယ်။ ဘာမှမရောလဲ ရပါတယ်။

ရေကန်ထဲမှာ ရေအမြင့် 3 to 4 inches (7.6 to 10 cm) ရှိအောင် ဖြည့်ပါ။ ရေအပူချိန် 110 °F (43 °C) ရှိသင့်တယ်။ အဲဒီထဲမှာ တင်ပါးနစ်နေအောင်ထားပြီး ၁၅-၂ဝ မိနစ်ကြာ ထိုင်နေယုံသာ ဖြစ်ပါတယ်။ ရေအေးတဲ့အထိဆိုလဲ ရပါတယ်။ အဆန်းထွင်နိုင်တာက ရေနွေးထဲမှာ ၃-၄ မိနစ်ထိုင်၊ နောက် ရေအေးထဲမှာ တခါထိုင်၊ တလှည်စီ ၄-၅ ကြိမ် လုပ်တယ်။ နည်းတခုက ရေ ၂ မျိုး သုံးအနေရအောင် ရေအေးတဘက်သုံးနိုင်တယ်။

တကယ်တော့ ရေနွေးနည်းရော ရေအေးနည်းပါ ၂ မျိုးရှိတယ်။ အအေးထိုင်နည်းကိုတော့ ဝမ်းချုပ်သူတွေ၊ ဗဂျိုင်းနား ပိုးဝင်လို့ရောင်နေသူတွေ သုံးသင့်တယ်။ တခါတလေ ဝမ်းမလုံသူ၊ ဆီးမလုံသူတွေအတွက်လဲ အကျိုးရှိစေတယ်။ မွေးလမ်းကြောင်းက အဖြူဆင်းနေချိန်မယ် ရေနွေးထဲမှာ ဆား ဖြစ်ဖြစ် ဗနီဂါဖြစ်ဖြစ် ထည့်ပြီး ထိုင်တာ ပိုကောင်းစေတယ်။

သတိထားစရာတွေက မရှိသလောက်ပါ။ အပူရှိန်ကြောင့် သွေးပိုလျှောက်ပြီး နှလုံးခုန် နဲနဲမြန်နိုင်တယ်။ ပြီးရင် (ကော်တွန်) တဘက်နဲ့ ရေခြောက်အောင် သုတ်ပါ။ တနေ့မှာ ၁-၂ ခါလုပ်သင့်တယ်။

Epsom salt ခေါ် ဆားခါးကိုပါထည့်သုံးနိုင်တယ်။ 300 grams (1.25 cups) of Epsom salt ဆားခါးဟာ ရောင်နေတာကို လျှော့စေနိုင်တယ်။ ဆားခါး ဘယ်လောက်ထည့်မလဲ နည်းမတူပါ။ ဆားခါးထုပ်အညွှန်းမှာ ပါနိုင်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ