ဗီတာမင် အေ ဘီ စီ ဒီ အီး ကေ နဲ့ ဇင့်ဓါတ်တွေဟာ ကိုဗစ်ဆေးမဟုတ်ပါ
မြန်မာပြည်က စစ်ဆေးနည်းမျိုးကို ယူအက်စ်အေမှာ မသုံးပါ။ အမေရိကန် CDC ရဲ့ လမ်းညွှန်ကိုသာ တင်ပြပါမယ်။ Antibody ကိုဗစ် အင်တိုင်ဘော်ဒီ စစ်ဆေးခြင်း သို့မဟုတ် serology tests ဆီရော်လော်ဂျီ စစ်ဆေးခြင်းလို့ ခေါ်တယ်။ ကိုဗစ်ကူးစက်ခံထားရသူ သို့မဟုတ် ကာကွယ်ဆေးထိုးထားသူတွေမှာ အပေါင်းပြမယ်။ အင်တိုင်ဘော်ဒီတွေ ဘယ်လောက်ကြာကြာ ရှိနေမလဲ တယောက်နဲ့တယောက် မတူတတ်ပါ။ Antibody tests စမ်းသပ်နည်းကို အင်ဖက်ရှင် ခေါ် ကူးစက်မှု ရှိနေ မနေအတွက် မသုံးပါ။ ဖြစ်ခဲ့တာအတွက်သာ သုံးတယ်။ အင်ဖက်ရှင်ရှိနေလည်း စောရင် မပြသေး။ ၁-၃ ပါတ်နေမှာသာ (+) ပြမယ်။
Effect of vaccination ကာကွယ်ဆေး
ကာကွယ်ဆေးထိုးပြီးသူတိုင်း (+) ပြမယ်။ ဒါပေမဲ့ လူတိုင်းတော့ (+) ပြချင်မှသာ ပြမယ်။
အဲဒါကြောင့် ကာကွယ်ဆေးထိုးထားသူတွေ ခုခံအားရ မရ အတွက် ကိုဗစ် အင်တိုင်ဘော်ဒီ စစ်ဆေးခြင်းနည်းကို မသုံးပါ။
ထိုးထားပြီ (-) ပြသူတွေကို ကာကွယ်ဆေးထပ်ထိုးပါလို့ မဆိုလိုပါ။
ကာကွယ်ဆေးထိုးထားပြီးသူ တချို့ ပြန်ပြီးကူးစက်ခံရနိုင်တယ်။ အရေအတွက် မများပါ။
If you test positive အပေါင်းအဖြေထွက်ခြင်း
ကူးစက်ခံထားရသူတွေလည်း ကာကွယ်ဆေးထိုးရန် လိုတယ်။ အင်တိုင်ဘော်ဒီတွေ ပိုရလာစေပါမယ်။
ကူးစက်ခံတာတွေ မခံစားရ၊ ကာကွယ်ဆေးလည်းမထိုးရသေးသူတချို့မှာ (+) ပြတာမျိုး ရှိနိုင်တယ်။ asymptomatic infection ကူးစက်ခံရပေမဲ့ လကဏာမပြသူဖြစ်တယ်။
If you test negative အနှုတ်အဖြေထွက်ခြင်း
အင်တိုင်ဘော်ဒီ မရှိသူ။
ကူးစက်ခံရခြင်း မရှိသူတွေနဲ့ ကာကွယ်ဆေးလည်း မထိုးရသေးသူတွေ။
တချို့မှာ false positive အဖြေမှား ပြနိုင်တယ်။ ဆင်တူတဲ့ အင်တိုင်ဘော်ဒီရှိနေလို့ဖြစ်တယ်။
ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေလည်း ကူးစက်တာ မဖြစ်လောက်လို့ အထောက်အထားတွေက ဆိုပါတယ်။ ရောဂါမခံစားရတာနဲ့ သူများကို ကူးစက်စေနိုင်တာကို ဆိုလိုတယ်။ ဆေးသုတေသနကို (Pfizer-BioNTech and Moderna) ကာကွယ်ဆေးထိုးထားသူတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒါတွေက ယူအက်စ်အေမှာ ထိုးပါတယ်။ ကျန်ဆေးတမျိုးဖြစ်တဲ့ Johnson & Johnson/Janssen ကိုတော့ လေ့လာနေဆဲ။ (၂၀၂၁၊ မေ ၂၇)
နောက်လေ့လာမှုတခုအရ ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေ ကူးစက်ခံရဦးတော့ ဆေးရုံတက်ရတာလည်း ဖြစ်နိုင်ခြေ နည်းတယ်။ ရာနှုန်းပြည့် အာမခံချက်တော့ မရှိပါ။ ကူးကောင်းကူးနိုင်တယ်။ သူများကိုလည်း ထပ်ဆင့်ကူးစေနိုင်တယ်။
ကလေးတွေနဲ့ ဆယ်ကျော်သက်တွေလည်း ကိုဗစ် ကူစက်ခံရနိုင်တယ်။ သူများကို ဆက်ကူးစက်နိုင်တယ်။ ကူးစက်ခံရရင် သက်သာတာတွေ့ရတယ်။ တချို့မှာ ရောဂါလက္ခဏာတွေ မပေါ်ပါ။ လေ့လာမှုတွေ ဆက်လုပ်နေတယ်။ အခုစာရေးနေတဲ့အချိန်ထိ ကူးစက်ခံရသူအားလုံးထဲမှာ ကလေးသူငယ် ၈့၅% သာပါတယ်။ သေဆုံးမှုလည်း အတော်နည်းတယ်။ ဆိုးဆိုးဝါးဝါးခံစာရသူ နည်းနည်းလည်း ရှိတယ်။ ကလေးဆိုတာ ၁၈ နှစ်အောက်ကို ဆိုလိုတယ်။ အသက် ၁၈ နှစ်အောက် ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပြီ။ အခုလက်ရှိ ၁၂ နှစ်အထိရောက်နေပြီ။
အင်တီဘော်ဒီမပေါ်လည်း စိုးရိမ်ရန် မရှိပါ
ယူအက်စ်အေမှာတော့ ကာကွယ်ဆေး ထပ်ထိုးဘို့ လမ်းညွှန်မရှိပါ။ ကာကွယ်ဆေးထိုးသူတွေကို အင်တီဘော်ဒီ တက်စ်လည်း အလုပ်မခိုင်းပါ။ အင်တီဘော်ဒီ ရှိခြင်း မရှိခြင်းဆိုတာ အကြောင်းအမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။ CDC က ကာကွယ်ဆေးထိုးထားသူတွေကို အင်တီဘော်ဒီ စမ်းပါလို့ အားမပေးပါ။
ယူအက်စ်အေထုတ် ကိုဗစ်ကာကွယ်ဆေးတမျိုးမျိုးထိုးထားပြီး အင်တီဘော်ဒီမပေါ်လည်း စိုးရိမ်ရန် မရှိပါ။ အိန္ဒိယ၊ ရုရှားနဲ့ တရုပ်ထုတ် ကိုဗစ်ကာကွယ်ဆေးတွေ လေ့လာမှု မကျယ်ပြန့် သတင်းထုတ်ပြန်မှု မပြည့်စုံပါ။
1. လိုတာထက်လည်း ပိုပြီး မစိုးရိမ်ပါနဲ့။
2. တကယ်လိုအပ်တာထက်လည်း မပေါဆပါနဲ့။
3. သတင်းမှန် အချက်အလက်မှန်ကိုသာ ဖတ်ရှု လိုက်နာကြပါ။
4. မဟုတ်မမှန် ထုတ်ပြန်ချက်တွေ၊ ဆေးကြော်ငြာတွေ၊ ပွဲစားလုပ်သူတွေ ဆက်မလုပ်ကြစေလိုပါ။
5. ကိုဗစ်ကာကွယ်ရေးလမ်းညွှန် (၁ - ၅) ကို လပေါင်းများစွာ ဆက်လုပ်နေကြရပါမယ်။
COVID-19 Test Results ကိုဗစ်စစ်ခြင်းအဖြေများ https://dr-tint-swe.blogspot.com/2021/08/covid-19-test-results.html
COVID-19 Diagnostic Tests ကိုဗစ် စစ်နည်းများ https://dr-tint-swe.blogspot.com/2021/01/covid-19-diagnostic-tests.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment