Bathing and Blood Pressure သွေးတိုး နဲ့ ရေချိုးခြင်း

ရေနွေးနဲ့ ရေချိုးရင်လည်း BP တက်နိုင်တော့ ရှောင်ခိုင်းတာကို နားလည်ပေမယ့် သွေးဖိအား ကျစေမှာကိုလည်းရှောင် ဆိုတာကို နည်းနည်း ရောသွားလို့ပါ။ သိချင်တာနှစ်ခုက ရေကူးရင် Hypertension အတွက် ဘယ်လို ရှောင်ကျဉ်သင့်ပါသလဲ။

ရေချိုးတာနဲ့ BP သွေးဖိအား ဆက်စပ်တာကို လေ့လာမှုတွေ လုပ်ထားတယ်။ Hypertension သွေးတိုးရောဂါသည်တွေနဲ့ သွေးတိုး မရှိသူတွေကို နှိုင်းယှဉ် လေ့လာတယ်။ သွေးတိုးရှိနေသူတွေမှာ ရေချိုးပြီးပြီးချင်း သွေးဖိအား တက်လာပြီးနောက် ချက်ချင်း ပြန်ကျတာ တွေ့ရတယ်။ ရေချိုးပြီးရင် သွေးတိုးကို ပုံမှန်ရောက်စေမှာ ခက်ခဲတာလဲ တွေ့ရသေးတယ်။ ရေချိုးလိုက်တာနဲ့ သွေးဖိအား ရုတ်တရက်တက်တာကနေ

- Collapse during the bath သတိလက်လွတ်ဖြစ်တာ၊

- Brain anemia ဦးနှောက်သွေးမဝဖြစ်တာ၊

- Heart attack နှလုံးဖေါက်ပြန်မှု နဲ့

- Blood vessel bursting သွေးကြောပေါက်တဲ့ အန္ကရာယ်တွေ ဖြစ်စေနိုင်တယ်။ ကံမကောင်း အကြောင်းမလှရင် Stroke (စထုပ်ခ်) ရပြီး အသက်ကို ရန်ရှာနိုင်တယ်။ ဒီလေ့လာမှုက အနုတ်သဘောဖြစ်တယ်။

ရေချိုးလို့ သွေးဖိအားတက်မှာကို ဘယ်လို ကာကွယ်မလဲ -

- အရက်သောက်ပြီး ရေမချိုးပါနဲ့။ အရက်ကြောင့် သွေးဖိအား မြန်မြန်ကျစေတယ်။

- ဆောင်းရာသီမှာ ရေချိုးခန်းကို အရင်နွေးလာအောင်လုပ်ပြီးမှသာ ရေချိုးပါ။

- ရေသိပ်ပူတာ မချိုးပါနဲ့။ ရေနွေးနဲ့ ကြာကြာမချိုးပါနဲ့။

- လက်တွေကို ရေချိုးကန်ရဲ့ ဘောင်တွေပေါ်မှာ တင်ထားရင်း ရေစိမ်ပါ။ ဒါမှ သတိလက်လွတ်ဖြစ်ရင် ရေနစ်တာ မဖြစ်မယ်။

နောက်လေ့လာမှုတခု -

ရေနွေးချိုးခြင်း နဲ့ Sauna bath ရေနွေးငွေ့ချိုးနည်းတွေဟာ Congestive heart failure (CHF) နှလုံး အလုပ်မလုပ်တဲ့ ရောဂါ ရှိနေသူတွေနဲ့ မသင့်လျှော်ပါလို့ နားလည်လက်ခံထားခဲ့ကြတယ်။ ဒါပေမဲ့ Thermal vasodilation အပူချိန်နဲ့ သွေးကြောကျယ်ခြင်းကို စနစ်တကျ လေ့လာကြည့်တယ်။ စမ်းသပ်မှုကို Dilated cardiomyopathy နှလုံးရောဂါ ရှိနေသူ လူနာ ၃၄ ယောက်ကို စမ်းသပ်ခဲ့တယ်။

အပူချိန် ၄၁ ဒီဂရီ-စီ မှာ ၁ဝ မိနစ်ကြာ၊ တဝက်ထိုင် အနေအထားနဲ့ ရေပူချိုးခိုင်းတယ်။ နောက်တမျိုးက Sauna အပူငွေ့သုံး ရေချိုးနည်းနဲ့ ၆ဝ ဒီဂရီ-စီ မှာ ၁၅ မိနစ်ကြာ ပက်လက် အနေအထား နေခိုင်းတယ်။ သွေးဖိအား၊ (အီးစီဂျီ)၊ (ဒရော့ပလာ-အက်ကိုဂရမ်)၊ ထုတ်လေ နဲ့ နှလုံးထဲရှိ ဖိအားတိုင်းစက်တွေ ရေပူချိုးနည်းတွေအပြီး နာရီဝက်ကြာအထိ တပ်ဆင်ထားတယ်။

- သွေးဖိအား အပေါ်ဂဏန်း သိသိသာသာပြောင်းလဲမှု မရှိဘူး။

- ရေပူချိုးသူတွေမှာ သွေးဖိအား အောက်ဂဏန်း (p < 0.01) ကျပြီး၊ ရေနွေးငွေ့ချိုးသူတွေမှာ (p < 0.01) ကျတယ်။

- rate နှလုံးခုန်မှုန်းက ၂ဝ-၂၅ တက်လာတယ်။

- CHF နှလုံးရောဂါမျိုး ရှိသူတွေအတွက် အကျိုးရှိစေတယ်လို့ ကောက်ချက်ချတယ်။

- ရေနွေးနဲ့ ရေချိုးရင် BP သွေးဖိအား ကျစေနိုင်တာကို Acute hemodynamic effects ခေါ်တယ်။ ရုတ်တရက် အပူဒဏ်ကြောင့် သွေးကြော ကျယ်စေခြင်း ဖြစ်လာလို့ သွေးဖိအားကို ကျစေတယ်။

ရေချိုးပြီးရင် သွေးတိုးကို ပုံမှန်ရောက်စေမှာ ခက်ခဲတာလဲဆိုတာက စမ်းသပ်မှုပြုနေချိန်မယ် လူနာတွေရဲ့ လည်ပင်းမှာ သွေးဖိအားကို သိနေနိုင်တဲ့ Sensor (ဆင်န်ဆာ) ကရိယာလေးက သွေးဖိအားကို ထိန်းညှိမှု လုပ်ပေးတယ်။ ဒါပေမဲ့ Arteriosclerosis သွေးကြောကျဉ်းနေသူတွေအတွက် (ဆင်န်ဆာ) ကနေ ကောင်းကောင်း မသိစေနိုင်ဘူး။ ကရိယာ တပ်ထားတဲ့ သွေးကြောနံရံက ထူနေတယ်။ ဒါကြောင့် သွေးဖိအား အရင်အနေပြန်ရောက်စေဘို့ ခက်ခဲတာ ဖြစ်တယ်။

သဘာဝဆေးနည်းထဲမှာ

သွေးတိုးကျအောင် Hot espom bath ရေနွေးမှာ ဆားခါးထည့်ပြီး ရေချိုးခိုင်းတယ်။ အမေရိကန် အိပ်မွေ့ချအသင်းက အပြောအရ ရေအေးနဲ့ ရေချိုးရင် သွေးတိုး ကျစေမယ်၊ သွေးကြောထုံးတာ သက်သာစေမယ်၊ သွေးကြောနံရံထူနေတာ သက်သာစေမယ်လို့ ဆိုပါတယ်။

Epsom salt ဆားခါး

• ဓါတုဗေဒလို Magnesium sulfate (MgSO4) ဖြစ်တယ်။ ရေချိုးရာမှာသုံးတတ်လို့ Bath salts ခေါ်တယ်။

• ဆေးကုရာမှာ ဆားခါးသုံးတာကို Flotation therapy လို့ခေါ်တယ်။ Epsom salts 1% w/v solution ကိုသုံးပြီး ထိရောက်မှုကို လေ့လာဘူးတယ်။

• ပါးစပ်ကနေ Laxative or Osmotic purgative ဝမ်းနှုတ်ဆေးအဖြစ်သုံးနိုင်တယ်။

• သွေးပြန်ကြောထဲထိုးဆေးအနေနဲ့လဲ သုံးတယ်။ Eclampsia ခေါ်တဲ့ ကိုယ်ဝန်ဆောင်မှာ သွေးဆိပ်တက်ရောဂါမှာ သုံးတယ်။

• ကလေး လမစေ့ခင်မွေးမှာကို တားဘို့ရာလဲ သုံးတတ်တယ်။

• ဦးနှောက် ထိခိုက်မိသူတွေလဲ ဦးနှောက်ရောင်တာကျစေဘို့ သုံးနိုင်တယ်။

• လိပ်ခေါင်းထွက်ကျနေပြီး ပြန်မဝင်နိုင်တာ၊ ကလေးငယ်လေးတွေ စအိုကျွံကျနေတာတွေအတွက် ဆားခါးကို (ပါရာဖင်) အဆီနဲ့ရောပြီး ဖြစ်တဲ့နေရာမှာ ဆေးထည့်ပေးနိုင်တယ်။

• Barium chloride poisoning အဆိပ်သင့်တာကို ဖြေဆေးအနေနဲ့လဲ သုံးတယ်။

ရေပူစမ်းကို ကမ္ဘာလှည့်ခရီးသွားတွေ လာအောင် ကြော်ညာစာမှာတော့ ရေနွေးနဲ့ ရေချိုးတာဟာ နှလုံးခုန်တာ ပိုမြန်လာစေပြီး သွေဖိအားလည်း ကျစေတယ်လို့ သုတေသနတခုကို ကိုးကားထားပါတယ်။ ရေရဲ့ အပူကြောင့် သွေးတွေက ကိုယ်မျက်နှာပြင်မှာ ပူနွေးလာအောင် နှလုံးကနေ အလုပ်ပို လုပ်ပေးမယ်။ ဒိနောက် သွေးကြောတွေကို ကျယ်စေရာကနေ သွေးတိုးကျစေမယ်လို့ ရှင်းလင်းချက်လဲပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ