Centrum အားဆေး

မင်္ဂလာပါဆရာ။ကျွန်တော် multi vitamin အားဆေးသောက်နေတာ တခါတလေအလုပ်ကပင်ပန်းလို့။ဘယ်အချိန်ပုံမှန်သောက်ရင် ကောင်းမလဲဆရာ။ ဆေးနာမည်က Centrum ပါဆရာ။ကျွန်တော်က အားဖြည့်အချိုရည်တွေလဲ မကြိုက်လို့ပါ။
ဆေးကို တနေ့ တပြား၊ အစာစားပြီးပုံမှန်သောက်ပါ။
တင်ထားတာတခု တွေ့တယ်။ ဒီဆေး ၂ မျိုးမှာ Centrum က မြန်မာဆေးဈေးကွက်ကို တရားဝင် သွင်းဘူးတယ်။ အခု ဝယ်လို့မရဘူး။ Centrum ကို ဝယ်ခိုင်းရင် တဘက်က စာလုံး နဲနဲကွဲတဲ့ Central ကိုပေးကြတယ်။လူနာကမသိတော့ ယူလာကြတယ်။ Central Silver ဆေးဟာ အတုလား အစစ်လား FDA ဖြေပေးစေချင်ပါတယ် တဲ့။
တခါရေးဘူးတယ်။ Centrum အားဆေးကို ရန်ကုန်လေဆိပ်မှာ သိမ်းသတဲ့၊ မဟုတ်လောက်။ ယူအက်စ်မှာ အဲတာ ရောင်းနေတယ်။ မြန်မာပြည်မှ အတုကို ကြော်ငြာ အစစ်ကျ ဖမ်းသလိုလို ထင်ရာ လျှောက်ရေးနေကြတယ်။ မလုပ်ကောင်းပါ။ တိုက်ဆိုင်မှုပါပဲ။ အခုပဲ မိတ်ဆွေတဦးအိမ်က ပြန်လာတယ်။ မြန်မာပြည်ကလာလည်ကြတဲ့ သူ့တို့မိဘတွေ ပြန်တော့မှာဖြစ်လို့ Centrum အားဆေးနဲ့ ကယ်လ်စီယမ် ၃ စုံလက်ဆောင်ပေးခဲ့တယ်။
၂ဝ၁၆ နိုဝင်္ဘာလထဲမှာ အဆိပ်ဓာတ်နှင့် ဆိုးဆေးအရောင်အတုများပါဝင်နေသော Centrum အားဆေးလို့ ခေါင်းစဉ် တပ်ထားတဲ့ စာတပုဒ်ကို တယောက်ကနေပို့ပေးလို့ ဖတ်ရပါတယ်။ အမေရိကန်မှာ ရောင်းအားအကောင်းဆုံး နာမည်ကြီး တံဆိပ်အားဆေး Centrum အားမရှိစေတဲ့အပြင် လူကို အန္တရာယ်တောင်ဖြစ်စေနိုင်လို့လည်းပါတယ်။ စာကို တော်တော် ရှည်ရှည်ရေးထားပေမဲ့ အချုပ်ကို ထုတ်ယူတော့ -
(စ) မလိုအပ်ပဲ သတ်မှတ်ထားတဲ့ ပမာဏထက် ကာရိုတင်းက်ိုပိုစားမိရင် အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေက်ုိ ၂၀% မြင့်တက်လာစေတာတွေ့ရတယ်။ ဗိီတာမင်အီး လိုတာထက် ပိုစားသုံးရင်၊ ပရိုစတိ်တ်ဆီးကျိတ်ကင်ဆာ ၁၇% အထိ မြင့်တက်လာစေတယ်။ ဖောလစ်အက်စစ်နဲ့ ဗီတာမင်တွေက်ို ပမာဏထက်ပိုသောက်ခဲ့ရင်၊ အဲဒီအူကင်ဆာ ဖြစ်နိုင်ခြေတောင် ပိုမြင့်တက်လာစေနိုင်ပါတယ်။ ကျန်တာတွေမှာတော့ သဘာဝနည်းနဲ့ ဗီတာမင်ရယူနည်း၊ ဖြည့်စွက် ဗီတာမင်အားဆေးတွေဖြတ်ကြပါစို့လို့ နှိုးဆော်ထားပါတယ်။ (ဆုံး)
အဲတာနဲ့ ဝဘ်ဆိုက်တွေကို လိုက်ဖတ်ရပါတယ်။ အကိုးအကား ၂ ခုကိုသုံးပြီး ကျွန်တော့်အယူအဆကို တင်ပြပါရစေ။
၃-၁-၂ဝ၁၄ နေ့စွဲနဲ့ Centrum ဆင်ထရမ်က ဗီတာမင်တွေက စိတ်ချရသလားဆိုတာအရင်ဖတ်ပါတယ်။ လူတွေ အဲလို ဆင်ထရမ်ကထုတ်တဲ့ ဗီတာမင်တွေထဲမှာ တခြားဟာတွေပါနေလို့ တချို့လူတွေအတွက် စိတ်ချရသလားဆန်းစစ်တယ်။ တခုကတော့ ခဲဓာတ်ဖြစ်ပါတယ်။ အဲတာကြောင့် FDA ကနေ ခဲဓာတ်ပါဝင်မှုကို လေ့လာတော့ လူတွေအတွက် အန္တရာယ်ပေးနိုင်ချေအောက်မှာရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ အလာဂျီရစေတာများတဲ့ Shellfish ငါးလည်း မပါဝင်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ မသင့်ပါလို့ Centrum ဝဘ်ဆိုက်မှာရေးထားပြီးဖြစ်တယ်။ ဗီတာမင်အေ 800 micrograms ပါနေတာဟာ စိတ်ချရတယ်။ များရင်သာ အထဲကကလေးအတွက် မကောင်းပါ။ ဆရာဝန်အညွှန်း ဆေးပုလင်းအညွှန်းထက် မကျော်ရင် စိုးရိမ်စရာမရှိပါ။
နောက်သတိပေးစာတပုဒ်ကတော့ Centrum နောက်ကွယ်က အမှန်တရားလို့ခေါင်းစဉ်ပေးထာတယ်။ ရက်စွဲမတွေ့ပါ။
ကနေ့ လူတွေစားသောက်နေတာထဲမှာ အာဟာရဓါတ် မှန်ကန်အောင် ပါမနေပါ။ အမေရိကန် ရဝ% ဟာ ဆေးတွေကို မှီဝဲနေကြတယ်။ အဲတာက ပြဿနာဖြစ်တယ်။ Centrum ဆေးတွေကို Pfizer ကနေထုတ်တယ်။ Pfizer က အမေရိကန် ဆေးစျေးကွက်ရဲ့ ရဝ% ကိုကြီးစိုးထားတယ်။ ၂ဝ၁၅ ခုနှစ်ထဲမှာ အမြတ်ငွေ ၄၈ ဘီလီယန်ရရှိခဲ့တယ်။
Centrum ရဲ့ အချက်အလက်မှန်များ
၁။ ဆေးထုတ်လုပ်သူ စိတ်ချရတယ်။
၂။ ဆေးညွှန်းအတိုင်သာသောက်ရမယ်။ ဆရာဝန်ညွှန်တာထက် နည်းတယ်။
၃။ အာဟာရဓါတ်တန်ဖိုး စျေးအချိုဆုံးဖြစ်တယ်။ စုပ်ယူနိုင်စွမ်းနည်းတယ်။
၄။ ဆေးမဟုတ်တာတွေပါတယ်။ ဓါတုဆေးအမည်တွေ မထည့်တော့ပါ။
၅။ တနေ့ တလုံးတည်းသာဆိုတာ အကွက်ချလုပ်တာဖြစ်တယ်။ ရေထဲမှာပျော်ဝင်ကြတဲ့ ဗီတာမင် ဘီ နဲ့ စီတွေဟာ ကိုယ်ထဲရောက်တာနဲ့ ၄ နာရီသာခံတယ်။ တရက်တလုံးဆိုတာ မမှန်ပါ။ တနေ့ ၂-၃ ကြိမ်လိုတဲ့ဓါတ်ဖြစ်တယ်။
ဆေးထဲမှာပါတာတွေကတော့ -
၁။ Calcium Carbonate ဟာ စုပ်ယူမှုအနည်းဆုံးဖြစ်တယ်။ ဆေးထဲက နည်းနည်းသာသွေးထဲရောက်မယ်။
၂။ Magnesium Oxide ဟာ စုပ်ယူမှုအနည်းဆုံးဖြစ်တယ်။ ဆေးထဲက နည်းနည်းသာသွေးထဲရောက်မယ်။ စျေးအချိုဆုံးဖြစ်တယ်။
၃။ Ferrous Fumarate ကနေ ဝမ်းချုပ်စေနိုင်တယ်။
၄။ Vitamin E (DL-Alpha Tocopherol) စျေးကြီးတာနဲ့ စျေးချိုတာရောထားတယ်။
၅။ B vitamins ပါဝင်တာ အလွန်နည်းတယ်။
မြန်မာလိုသတိပေးစာမှာရေးထားသလောက် စိုးရိမ်စရာမရှိပါ။ ဆေးထက် အစားအသောက်ကနေရတဲ့ ဗီတာမင်တွေကို ပိုပြီး ဖြစ်နိုင်ရင်လုံးလုံး အားကိုးသင့်ပါတယ်။ အစာအာဟာရချို့တဲ့နေသူတွေ၊ တချို့ကိုယ်ဝန်ဆောင်တွေ၊ အရက်သောက်သူတွေ၊ အစာလမ်းရောဂါရှိသူတွေ၊ တမင်တကာ အစာရှောင်သူတွေ၊ အစာရှောင်ဘို့ ဆရာဝန်က ညွှန်ထားသူတွေ ဗီတာမင်ဖြည့်စွက်ဘို့ လိုကြတယ်။ ဒါပေမဲ့ တယောက်လိုတာနဲ့ တယောက်လိုတာ အမျိုးအစားရော ပမာဏပါ မတူကြပါ။ စျေးကြီးရင် ဆေးပိုကောင်းမယ်ဆိုတာတော့ ငြင်းမရပါ။ ဒါပေမဲ့ ဆေးဝယ်ရင် ဆေးပုလင်းပါစာကို တန်းမယုံပါနဲ့။
အတုတွေကလည်း ပေါတာမှန်တယ်။ အစစ်တွေကိုသာ တင်သွင်းရောင်းချစေချင်တယ်။ မသေချာတာကို ရမ်းသမ်း မရေးစေချင်ပါ။ မြန်မာပြည်သူပြည်သားတွေ ဘယ်အရာမဆို စစ်မှန်တာသာ တွေ့ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ