Coughing and Children ကလေး ချောင်းဆိုးခြင်း ၃

ဆရာ ၄နှစ် g6pd ကလေး ချောင်းအရမ်းဆိုးနေလို့ပါရှင့် ချောင်းဆိုးတာ ၃ရက်ရှိပါပြီ အရင်ရက်ကတအားမဆိုးလို့ ဆေးမတိုက်ထား (တိုက်မထား) ပါဘူး ဒီနေ့ zefus ကိုလက်ဖက်စားဇွန်းတဇွန်း မနက်ကတခါ ညမအိပ်ခင်တခါ တိုက်ထားပါတယ် ညမအိပ်ခင်ချောင်းဆိုးရင်းသီးပြီးအန်တာ စားထားတဲ့ထမင်းအကုန်ပြန်အန်ပါတယ် ဖျားတော့မဖားပါဘူး နှာစေးချောင်းဆိုးတာ ၃ရက်ရှိပါပြီ စပျစ်သီး လိမ္မော်သီး ဒိန်ချင်နေ့တိုင်းသောက့်ပါတယ် ချောင်းဆိုးနေတုန်းကျွေးလို့ရမရသိချင်ပါတယ်ရှင့် ဆေးပြောင်းတိုက်စရာလိုမလိုလဲသိချင်လို့ပါရှင့် (မေးခွန်းရေးသူ သတ်ပုံ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ ကလေးမိဘတွေ သတ်ပုံမှန်ရင် ၂ ဆ ဝမ်းသာတယ်။)

အအေးမိနှာစေးတာက အလိုလိုပျောက်ပါမယ်။ ဆေးတွေဟာ လက္ခဏာသက်သာဆေးမျိုးတွေသာ ဖြစ်တယ်။ ကလေးတွေကိုကုသရတာ လူကြီးတွေနဲ့ ကွဲတယ်။ Acetaminophen ပါရာစီတမော ဒါမှမဟုတ် Ibuprofen အိုင်ဘူပရိုဖင်ဆေးကို ၆ လအထက်ကလေးတွေကို ပေးနိုင်ပါတယ်။ ကိုယ်ပူတာကျဘို့နဲ့ အနေရသက်သာစေဘို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကိုတော့ သေစေမှာမဟုတ်ပါ။

အင်တီဟစ်တမင်းဆေးဖြစ်တဲ့ Diphenhydramine (Benadryl) ဆေးကတော့ ကောင်းကောင်းအိပ်စက်စေနိုင်မယ်။ ဆေးကြောင့် စိတ်လှုပ်ရှားတာ၊ အသက်ရှူနှေးတာ၊ စိတ်ပိုင်းလက္ခဏာတွေဟာ ဒီလိုဆေးတွေရဲ့ဘေးထွက် ဆိုးကျိုးတွေ ဖြစ်တယ်။ တနှစ်အထက် ကလေးတွေကိုသာ ပေးနိုင်တယ်။ Aspirin အက်စ်ပရင်ဆေးကို ၁၈ နှစ်အောက်မပေးပါနဲ့။ ကလေးငယ်လေးတွေအတွက် နှာခေါင်းထဲအစက်ချရတဲ့ Saline nose drops ဆားရည်ပေးရင် နှပ်-ချွဲ ကျဲစေမယ်။ ကလေးကြီးရင် Saline nose spray ဆားရည် စပရေးပေးနိုင်တယ်။

Humidified air လေကိုအစိုဓါတ်လုပ်ပေးတာ နှာခေါင်းလက္ခဏာတွေကို သက်သာတယ်။ ကလေးကိုရေ၊ အရည် သောက်စေပါ။ လိုထက်တော့ ပိုစရာမလိုပါ။ တကိုယ်ရေသန့်ရှင်းရေးလုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ လက်ဆေးတာ၊ အရက်ပြန်ပါတဲ့ လက်ဆေးရည် သုံးတာကောင်းတယ်။ ကလေးတွေအတွက် Humidifier for baby အမျိုးအစား ဝယ်လို့ရနိုင်တယ်။ Hand sanitizer လက်ပိုးသန့်ဆေးရည်ကို အသုံးများလာတယ်။ ကောင်းပါတယ်။

G6PD ကလေးတွေ ဆေးရွေးရတယ်။ လိုအပ်ရင်တော့ ရက်တို တိုက်နိုင်တယ်။ ကလေးတွေချောင်းဆိုးတာ အများအားဖြင့် ပဋိဇီဝ ခေါ် ပိုးသေဆေး မလိုတတ်ပါ။ နှာရည်ယိုတာနဲ့ ချွဲအတွက် ရေနွေးငွေ့ ကောင်းတယ်။ ရိုးရိုးချောင်းဆိုးပျောက်ဆေး တိုက်လိုက တိုက်နိုင်တယ်။ အများအားဖြင့် အိပ်ချင်တဲ့ဆေးပါတတ်တယ်။ ချောင်းဆိုတယ်ဆိုတာ အစားအစာကြောင့် မဟုတ်ပါ။

ကလေးငယ်လေးတွေမှာဖြစ်ရင် ဆေးမလိုပဲ နှာရည်စုပ်ထုတ်ပေးတာ သက်သာစေတယ်။ ရာဘာလေစုပ်ဘူလုံးလေး သုံးရတယ်။ နှာခေါင်းထဲ ဆားရည်အစက်ချဆေး သုံးနိုင်တယ်။ ရေနွေးငွေ့ ကောင်းတယ်။ လျှပ်စစ်သုံးဝယ်လို့ရတယ်။ ရေနွေးတည်ပြီး ကလေးအနီးအနားမှာ အငွေ့ရစေတာလည်းဖြစ်ပါတယ်။ ဆေးမလိုပဲကောင်းနိုင်တယ်။ လိုအပ်ရင် ပါရာစီတမောအရည်ကို ကလေးအသက်အရတိုက်နိုင်တယ်။

ဆရာရှင့် ကလေးအသက် ၁ နှစ်ပါ ချောင်းဆိုးရင်ကြပ်ပီး(ပြီး) ခုညနေကျတော့ အသက်ရှူသွင်း ပုံစံက နည်းနည်းဝေးသလို ဖြစ်ပြီး ရင်ခေါင်းလဲ ချိုင့်ဝင်ပါတယ် ည ၈ နာရီ ဆေးခန်းပြန်သွားတော့ ဆေးငွေ့ရှူခိုင်းပီး(ပြီး) ပြန်လွတ်လိုက်ပါတယ်ရှင့် အဲ့ဒါအခု ည ၁၀ နာရီရှိပီ(ပြီ)  ရင်ခေါင်းချိုင့်တာက ဖြစ်နေသေးပီး(ပြီ;)  အသက်ရှူတာကတော့ ညနေကလောက်မဆိုးတော့ဘူးရှင့် စိုးရိမ်ရပါသလားရှင့် စိတ်အရမ်းပူလို့ပါ (1-2-3 တွေကိုလည်း ၁-၂-၃ လို့ ပြင်လိုက်တယ်။ ဆောရီး။)

Ventolin inhaler ပန်းနာရှူဆေး https://dr-tint-swe.blogspot.com/2021/01/ventolin-inhaler.html

Coughing and Children ကလေး ချောင်းဆိုးခြင်း https://dr-tint-swe.blogspot.com/2022/03/coughing-and-children.html

Children and Cough ကလေး ချောင်းဆိုးခြင်း https://dr-tint-swe.blogspot.com/2021/10/children-and-cough.html

Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် https://dr-tint-swe.blogspot.com/2021/07/babys-cough.html

Common Cold in Children ကလေးတွေ အအေးမိရင် https://dr-tint-swe.blogspot.com/.../common-cold-in...

Pneumonia in Children ကလေးများတွင်ဖြစ်သည့် နူမိုးနီးယားရောဂါ https://dr-tint-swe.blogspot.com/2021/10/pneumonia-in-children.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ