Stomach cancer and B12 ဗီတာမင် ဘီ-၁၂ နှင့် အစာအိမ်ကင်ဆာ

ကင်ဆာနေရာတခုမှာ ဖတ်ရတာ။

CT Results ဆေးအားလုံးကောင်း ဘာဆေးမှ ထပ်သွင်းစရာမလိုတော့ပါဘူး B12 တော့ ၁လ၁ကြိမ် ၆လထိုးရပါမယ် အစာအိမ်ကင်ဆာ အဆင့် ၂နဲ့ ၃ကြား ၉လပိုင်းမှာခွဲစိတ် ၁၀လပိုင်း ကီမိုယူ ၁လပိုင်း ကုသမှု့(ကုသမှု)ပြီး CT ၂ကြိမ်ရိုက် ၂ကြိမ်လုံးအဖြေကောင်း

- ဗီတာမင် ဘီ-၁၂ နည်းတာ မကောင်းပါ။ 

- ဗီတာမင် ဘီ-၁၂ နည်းတာနဲ့ အစာအိမ်ကင်ဆာ ဆက်စပ်မှုရှိတယ်။ 

- အစာအိမ်ကင်ဆာက မိသားစုလိုက်တယ်။

- ဗီတာမင် ဘီ-၁၂ နည်းတာကနေ pernicious anemia ခေါ် သွေးအားနည်းရောဂါတမျိုးဖြစ်စေနိုင်တယ်။

- vitamin C, vitamin E ဗီတာမင် စီ နဲ့ အီးတွေကလည်း အစာအိမ်ကင်ဆာ ကာကွယ်တာအတွက် ကောင်းတယ်။

- ဗီတာမင် ဘီ-၁၂ များတာလည်း မကောင်းပါ။ 

- နောက်သုတေသနတခုမှာတော့ Folic acid ဖောလစ်အက်စစ်နဲ့ B12 ဗီတာမင် ဘီ-၁၂ များတာကနေ အစာအိမ်ကင်ဆာဖြစ်နှုန်း ပိုများတာတွေ့ရတယ်။

ဥရောပနဲ့ ယူအက်စ်အေ ဆေးသုတေသနရလဒ်တွေက အမျိုးမျိုး။ ခေါင်ရှုတ်စရာတွေကို မထည့်တော့ပါ။

- အချုပ် - ဗီတာမင်တွေ၊ ဖြည့်စွက်စာတွေကို ပြောတိုင်းမယုံသင့်ပါ။ ကိုယ့်ကို စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန် ညွှန်တာသာ သင့်တယ်။ လိုတဲ့သူ သောက်ရမယ်။

Vitamin B12 ဗီတာမင် ဘီ ၁၂ https://dr-tint-swe.blogspot.com/2021/06/vitamin-b12.html

Vitamin C ဗီတာမင် စီ https://dr-tint-swe.blogspot.com/2021/05/vitamin-c.html

Folic acid ဖေါလစ်အက်စစ် (၁) https://dr-tint-swe.blogspot.com/2021/06/folic-acid.html

Folic acid ဖေါလစ်အက်စစ် (၂) https://dr-tint-swe.blogspot.com/2021/10/folic-acid.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ