Dettol ဒက်တော ဖေါခြင်းသောခြင်း မသုံးသင့်

မင်္ဂလာပါဆရာ။ ရေကျောက်နဲ့ပတ်သက်ပြီး သမီးလေး ရေကျောက်ဖြစ်တဲ့အချိန်က ဆရာရေးတဲ့ ရေကျောက်နဲ့ ပတ်သက်တဲ့စာကိုတွေ့လို့ သမီးလေးကို ဆရာပြောတဲ့အတိုင်း သေချာကြည့်ရှုခဲ့လို့ ၁ ပတ်နဲ့ ပျောက်ခဲ့ပါတယ်။ သားလေးကိုလည်း မကူးခဲ့ပါဘူး။ ဆရာကိုကျေးဇူးတင်ပါတယ်။ Dettol အရမ်းသုံးတာ ကောင်းလားဆရာ။ သမီးက အိမ်သုံးလည်း Dettol သုံးတယ်။ အိမ်သာ၊ ရေချိုးရေမှာလည်း Dettol သုံးတယ်။ လက်ဆေးဆပ်ပြာလည်း Dettol သုံးပါတယ်။ ကန်တော့ပါဆရာ အဖြူအရမ်းဆင်းလို့ ယားရင်လည်း Dettol နဲ့ အတွင်းထိ ဆေးပါတယ်။ လက်တစစ်တည်း သုံးပါတယ်။ ရာသီလာတဲ့အချိန်လည်း ခဏခဏဆေးပါတယ်။ ဆေးရင်လည်း အတွင်းထိဆေးတာပါ။ အသိတယောက်က Dettol အရမ်းသုံးတာ မကောင်းဘူးကောင်းတဲ့ ပိုးပါသေသွားမယ်ပြောလို့ပါ။

Dettol ဆေးကို hygiene products သန့်ရှင်းရေးသုံးအဖြစ် Reckitt Benckiser ကနေစပြီး ၁၉၅ဝ ကတည်းက တီထွင်ပေးခဲ့တာပါ။ Antiseptic ပိုးသေဆေးနဲ့ Disinfectant ပိုးသန့်ဆေးအဖြစ်သုံးရတဲ့ ဝါကျင့်ကျင့်ဆေးရည်ဟာ မူလလက်ဟောင်းဖြစ်ပါတယ်။ သူ့ထဲမှာ Chloroxylenol (C8H9ClO) 4.8% ပါတယ်။ ကျန်တာတွေက Pine oil ထင်းရှူးဆီ၊ Isopropanol (အိုက်ဆို ပရိုပင်နလော)၊ Castor oil ကြက်ဆူဆီ၊ ဆပ်ပြာနဲ့ ရေတွေဖြစ်ပါတယ်။ Bacteria ဗက်တီးရီးယားတွေနဲ့ Germsတခြားပိုးမွှားတွေကို သေစေတယ်။

Dettol ဆေးကို Clean cuts ပြတ်ရှနာ၊ Wounds ဒဏ်ရာ၊ Floors ကြမ်းပြင်၊ Walls နံရံတွေကို ပိုးသန့်ဘို့အတွက် သုံးနိုင်တယ်။ မြိုချရင် အနည်းနဲပအများ အဆိပ်ဖြစ်တယ်။ အများကြီးရှူမိရင်လဲ မကောင်းပါ။ အဲလိုနည်းကြောင့် ၂ဝဝ၇ တုံးက ၄၂ နှစ် အရွယ်ရှိတဲ့ ဗြိတိန်နိုင်ငံသားတယောက် သေဘူးတယ်။ ဒက်တောထဲမှာပါတဲ့ Phenols ဟာတိရစာ္ဆန် (ကြောင်) တွေကိုလဲ အဆိပ်သင့်စေနိုင်တယ်။ 

• Antiseptic Disinfectant 

• Bath in Dettol 

• Cool Soap 

• Dettol Antiseptic Cream 

• Dettol Antiseptic Soap 

• Dettol Antiseptic Spray 

• Dettol Disinfectant Liquid 

• Original Soap 

• Skincare Soap စတာတွေအဖြစ် ရောင်းချတယ်။

ဒါတွေအပြင် ဝယ်မဲ့သူတွေကို ပိုပြီးဆွဲဆောင်နိုင်အောင် 

• Dettol No-Touch Handwash system 

• Hand Sanitizer 

• Nourishing Bodywash 

• Original Bodywash 

• Re-Energize Soap 

• Sensitive Handwash 

• Shaving Cream with Cool Fragrance 

• Shaving Cream with Fresh Fragrance 

• Skincare Bodywash 

• Skincare Handwash 

• Soothing Bodywash 

• Washproof Medicated Plaster ဆိုတာတွေကိုပါ ထုတ်လုပ်ရောင်းချလာပါတယ်။

လူ့ကိုယ်ခန္ဓာ အပေါ်ယံမှာရော အတွင်းနေရာတွေမှာပါ ပိုးမွှားမျိုးစုံရှိတယ်။ တချို့ဗက်တီးရီယားတွေက မိတ်ဆွေလို ဖြစ်ကြပြီး လူကိုကောင်းကျိုးရစေတယ်။ ဗက်တီးရီးယားအားလုံးကို ရှှုင်းလိုက်ရင် (ဖန်းဂတ်စ်) မှိုပိုးတွေက ပိုပြီး ပေါက်ပွါး များပြား လာစေနိုင်တယ်။ 

အမျိုးသမီးတွေ အတွင်းပိုင်းဆေးကြောရာမှာ ရိုးရိုးဆပ်ပြာနဲ့ ရိုးရိုးရေကိုသာသုံးဘို့ အကြံပေးပါတယ်။ ဗက်တီးရီးယားဝင် ရောဂါရှိမှသာ ပိုးသေဆေးသုံးရပါတယ်။ ဥပမာ Vulvovaginitis အမျိုးသမီးအင်္ဂါများ ရောင်ခြင်း။ ဒါကြောင့် Antibiotics ပဋိဇီဝဆေးတွေကို သတိနဲ့သာသုံးဘို့ အကြံပေးရတာလဲ ဖြစ်ပါတယ်။ မလိုအပ်ဘဲသောက်ရင် မိတ်ဆွေလိုနေတာတွေပါ သေစေနိုင်ပြီး နောက်ဆက်တွဲရောဂါ ဝင်လာစေနိုင်တယ်။ Antibiotic resistance ပဋိဇီဝဆေးမတိုးတော့တာဖြစ်လာမယ်။ ပဋိဇီဝဆေးတွေဟာ (ဗိုင်းရပ်စ်) တွေကို မနိုင်ပါ။

• Antibiotics ပဋိဇီဝဆေးတွေက သောက်ရင်၊ ထိုးရင်၊ လိမ်းရင် ပိုးတွေကို သေစေတယ်။ 

• Antiseptics ဆိုတာတွေက Living tissue သက်ရှိမျက်နှာပြင်ပေါ်က ပိုးတွေကိုနိုင်တယ်။ Infection ပိုးဝင်တာ၊ Sepsis အနာရင်းတာနဲ့၊ Putrefaction တစ်ရှူးတွေသေတာမျိုးကို မဖြစ်စေနိုင်ဘူး။ 

• Disinfectants တွေဆိုတာ Non-living objects သက်မဲ့ပစ္စည်းတွေကို Microorganisms ပိုးတွေ မရှိအောင် ရှင်းလင်းပေးတာကို ခေါ်ပါတယ်။ ပိုးတွေကို သတ်ပြစ်တာ မဟုတ်ပါ။ အထူးသဖြင့် Bacterial spores တွေကို မနိုင်ကြပါ။ ဒီအကောင်တွေကိုရှင်းဘို့ကြတော့ ဆေးရုံ-ဆေးခန်းတွေမှာလို Sterilization နည်းလုပ်ရပါတယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ