Gripe Water ကလေး လေဆေး

(၁) ဆရာရှင့် ရိုသေစွာမေးမြန်းလိုပါသည်။ ကျမသမီးလေးမှာ အသက် ၁ လရှိပါပြီ။ လေအောင့်နေသဖြင့် ဆေးခန်း သွားပြသော်လည်း မသက်သာပါ။ မြန်မာနိုင်ငံမှဆွေမျိုးများက gripe water တိုက်ပေးရန်ပြောကြပါသည်။ ကျမသိလိုသည်မှာ မည်သည့်ဆေးကို သမီးလေးအားတိုက်သင့်ရန်နှင့် ၎င်း gripe water အားနေ့စ၃်တိုက်လျှင် အန္တရာယ်ရှိနိုင်ပါလားရှင်။

(၂) သားလေးက ၉ လရှိပါပြီ။ ဖြည့်စွက်အစာလဲ ကျွေးနေပါပြီ။ အစာကျွေးပြီးတိုင်လဲ ဘားပလက်အရည်နဲ့ Gripe mixture တိုက်ပါတယ်။ သူက အရင် ၄ ရက် လောက်က ညဘက်တွေဆိုရင် နို့ဆာရင် နိုးလာပြီး အိအိနဲ့ နည်းနည်း ငိုတယ်။ သူ့အမေက နို့တိုက်လိုက်ရင် ပြန်အိပ်သွားကော ခုသုံးလေးရက်အတွင်းမှာ ပုံစံပြောင်းပြီး အိပ်နေတာကနေ ထထပြီး မတရား ကော့ကော့ထိုးပြီး ငိုတယ်။ ဘယ်လို ချီချီ ထ်ိန်းထိန်း မရဘူး။ ဒီအတိုင်းမှာ နို့ကိုလဲ တန်းတိုက်လို့မရဘူး။ ထက်လင်းရင် လူးဆေးလိမ်း Air X တိုက်လိုက်ပြီးမှ ငြိမ်သွားပြီး နို့ကိုလဲ စို့တယ်။ ထက်လင်း ရင်လူးဆေးလိမ်း Air X တိုက်တာကိုပဲ အတင်းရုန်းနေလို့ ချုပ်ပြီး တိုက်ရတယ်။ ပြီးမှ ပြန်အိပ်သွားတယ်။ ဗိုက်ထဲမှာတော့ လေသံတွေကြားရတယ်။ သိချင်တာက ကလေးဗိုက်ထဲက လေတွေထွက်အောင် Air X ကို ညတိုင်းတိုက်လို့ ကောင်းပါ့မလား။ တခြားနည်းလမ်းတွေ ရှိသေးရင်လဲ ညွန်းပေးပါဦး။

Air X ဆိုတာ Simethicone ဆေးဖြစ်တယ်။ လေအောင့်တာ၊ အစာအိမ်ထဲ-အူထဲမှာ လေတွေများပြီး ဗိုက် အနေရခက်တာ၊ နာတာ သက်သာစေဘို့ သုံးနိုင်တယ်။ Polydimethylsiloxane နဲ့ Silica gel တွေကိုရောထားပြီး၊ Anti-foaming agent လို့ခေါ်တယ်။Anti-gas, Anti-flatulence လို့လဲခေါ်တယ်။ 

FDA ကနေ ၁၉၅၂ ခုနှစ်ကတည်းက အသိအမှတ်ပြုပေးခဲ့တယ်။ လေဘူပေါင်းဆေးတွေရဲ့ မျက်နှာပြင်တင်းအားကို နည်းစေအောင် လုပ်ပေးရာကနေ လေဘူပေါင်းကြီးလို ဖြစ်လာစေတာမို့ လေထွက် လွယ်ကူစေအောင် ကူညီပေးတယ်။ အစာလမ်းကြောင်းထဲမှာ လေတွေ နည်းစေအောင်လုပ်တာ မဟုတ်ပါ။ လေကို အထက်ကနေဖြစ်ဖြစ် အောက်ကနေဖြစ်ဖြစ် ထွက်ရတာ လွယ်စေအောင်သာ လုပ်ပေးတယ်။ Colic ဆိုတဲ့ ဗိုက်အောင့်ပြီး နာတာကို သက်သာစေမှာ မဟုတ်ပါ။ 

National Institutes of Health ရဲ့ထုတ်ပြန်ချက်အရ ဒီဆေးမှာ ဘေးထွက်-ဆိုးကျိုး မရှိဘူးတဲ့။ 

Simethicone tablets ဆေးပြား၊ Capsules ဆေးတောင့်၊ Suspension ဆေးရည်လဲ လာတယ်။

- Tablet/Capsule လူကြီးတွေနဲ့ လူငယ်လေးတွေကို 60 - 125 mg တနေ့ ၄ ကြိမ်ပေးနိုင်တယ်။ အစာစားပြီးချိန်နဲ့ ညမအိပ်ခင် ပေးနိုင်တယ်။ 180mg တနေ့ ၂ ကြိမ်လဲပေးနိုင်တယ်။ ၂၄ နာရီအတွင်းမှာ 500 mg ထက်မပိုစေရဘူး။

- Chewable tablets ဝါးစားလို့ရတဲ့ဆေးပြားကို လူကြီးတွေနဲ့ လူငယ်တွေအတွက် 40 - 125 mg တနေ့ ၄ ကြိမ်၊ ဒါမှမဟုတ် 150 mg တနေ့ ၃ ကြိမ်ပေးနိုင်တယ်။ ၂၄ နာရီအတွင်းမှာ 500 mg ထက်မပိုစေရဘူး။

- Suspension ဆေးရည်ကို လူကြီးတွေနဲ့ လူငယ်တွေအတွက် 40 - 95 mg တနေ့ ၄ ကြိမ်ပေးနိုင်တယ်။ ၂၄ နာရီအတွင်းမှာ 500 mg ထက်မပိုစေရဘူး။

Brand names ဆေးနာမည်တွေ အမျိုးမျိုးရှိတယ်။ အတူတူပါဘဲ။

Alka-Seltzer, Anti-Gas, Colic Drops, Colicon, Degas, Flatulex, Flatulex Drops, Gas Aide, Gas-X, Genasyme, Maalox Anti-Gas, Majorcon, Micon-80, Mylanta Gas, Mylaval, Mylicon, Mytab Gas, Phazyme, SonoRx စသဖြင့် ရှိတယ်။ မြန်မာပြည်မှာ Gripe mixture, Gripe water လူသိများတယ်။

တခြား အက်စစ်ဓါတ်ပျယ်ဆေးတွေပါ ရောထားတဲ့ဆေးတွေလဲ ရှိတယ်။

• Alamag Plus = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Aldroxicon = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Almacone = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Balanta = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Balox Plus = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Dixlanta = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Flatulex Tablets = Activated Charcoal, Simethicone

• Gas-X with Maalox = Calcium Carbonate, Simethicone

• Gelusil = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Gen-Lanta = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Imodium Advanced = Loperamide, Simethicone

• Losospan Plus = Magaldrate, Simethicone

• Low Sodium Plus = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Lowsium Plus = Magaldrate, Simethicone

• Maalox Plus = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Magaant = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Magagel Plus = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Magaldrate Plus = Magaldrate, Simethicone

• Magalox Plus = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Maldroxal Plus = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Masanti = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Mintox Plus = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Mygel = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Mylagel = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Mylagen = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Mylanta = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Ri-Gel II = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Ri-Mox Plus = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Riopan = Magaldrate, Simethicone

• Rolaids Multi-Symptom = Calcium Carbonate, Magnesium Hydroxide, Simethicone

• Rolaids Plus Gas Relief = Calcium Carbonate, Simethicone

• Rulox Plus = Aluminum Hydroxide, Magnesium Hydroxide, Simethicone

• Titralac Plus = Calcium Carbonate, Simethicone

• Valumag Plus = Aluminum Hydroxide, Magnesium Hydroxide, Simethicone

ညအချိန်မှာ ကလေးတအားငိုလို့ဆိုပြီး ဆရာဝန်တွေ ခဏခဏ အနိုးခံရတတ်တယ်။ ကလေးငယ်လေးတွေ ငိုတာဟာ နို့ဆာလို့၊ အလိုမကျလို့ ဆိုတာအတွက်ကတော့ ဆရာဝန်တွေ မလိုပါ။ ဆရာဝန်ကို ပြေးမြင်ကြတာထဲမှာ လေ နဲ့ သန်ကောင် ၂ မျိုးရှိတယ်။ ကလေးငယ်ရင် သန်ကောင်ကို ထည့်စဉ်းစားစရာ မလိုပါ။ နားကိုက်တာလဲ ရှိသေးတာ မမေ့ပါနဲ့။ လေထိုး-လေအောင့် အကြောင်းလေး ရေးပါမယ်။ 

Colic လို့လဲခေါ်တယ်။ Gripes လို့လဲခေါ်တယ်။ Colic pain ဖြစ်လို့နာတာကို Spasm of the intestines အစာလမ်းကြောင်းမှာ ရစ်-ထိုးတာခံရလို့ ဖြစ်တယ်။ ကလေးငယ်လေးတွေ ဗိုက်ကနာတော့ ခြေတွေ-လက်တွေ ကွေးကောက်နေအောင် အော်ငိုမယ်။ ကြာတော့ မောပြီး အိပ်ပျော်သွားတတ်တယ်။ ကြားထဲမှာ နို့တိုက်မရ အိပ်အောင်သိပ်လို့မရ ဖြစ်တယ်။ 

ဘာလို့ဖြစ်ရသလဲ ကလေးအထူးကု ဆရာဝန်တွေတောင်မှ သိပ်မသိလှပါ။ ထုံးစံအတိုင်း၊ မအေက ဆေးလိပ်သောက်တာ၊ စားသောက်တာကို လက်ညှိုးထိုးနိုင်ပါတယ်။ အစားသန်တဲ့ကလေးမျိုးက ပိုဖြစ်တတ်တယ်။ လေရှိလို့ငိုရာကနေ ငိုလို့ လေပိုများစေတယ်။ သုတေသနလုပ်တော့ အဲလိုကလေးမျိုးမှာ သွေးထဲမယ် Motilin များနေတာတွေ့ရတယ်။ Gut permeability အစာလမ်းကနေ စွန့်ထုတ်မှု ပိုများတာ တွေ့ရတယ်။

နို့တိုက်တဲ့ မအေတွေ စားတာ-သောက်တာကို ခွဲပြီးလေ့လာတယ်။ အုပ်စုတခုကို နို့၊ ကြက်ဥ၊ မြေပဲ၊ အစေ့အဆံ၊ ဂျုံ၊ ပဲပုပ်၊ ငါးတွေကို မစားစေဘူး။ ၇ ရက်တပါတ်နေတော့ ကလေး ကလေးဖိုက်နာတာတေရာ၊ နာတဲ့ပြင်းအားရော ၂၅% နည်းတာတွေ့ရတယ်။ 

နောက် လေ့လာမှုတခုက မအေနို့ မတိုက်တဲ့ကလေးတွေကို လေ့လာပြန်တယ်။ နို့မှုံ့ထဲမှာ Hydrolysed casein နဲ့ Whey များလွန်းတာကို တိုက်ရင် သက်သာတာ တွေ့ရတယ်။ ကိုယ့်ကလေးနဲ့ အဆင်ပြေတဲ့ နို့မှုံ့ကိုသာ ရွေးသုံးပါ။

Ayurveda အာယုဗေဒနည်းက 

- Omum (Ajamoda) ကိုလဲ ဗိုက်အောင့်တာနဲ့ အစာစားချင်စိတ်ပိုစေအောင် သုံးကြတယ်။

- Coriander or dhanyaka seeds အစေ့ကို ရေနွေးထဲထည့်သောက်တယ်။ 

- Shatapushpi tea ဆိုတာလဲ သောက်နိုင်တယ်။

Sodium Bicarbonate ဆိုတာ Baking Soda ဆော်ဒါကိုခေါ်တယ်။ အစာအိမ်မှာ အက်စစ်ဓါတ် ကဲနေတာအတွက် သုံးတယ်။ အက်စစ်ဓါတ် နည်းလွန်းတာလဲ မကောင်းပြန်ဘူး။ ဆော်ဒါက သွေးထဲလဲရောက်တော့ များရင် သံဓါတ် နဲ့ ဖေါလစ်အက်စစ်တွေနဲ့ ကသိကအောင့် ဖြစ်တတ်တယ်။ ဒါ့ကြောင့် လူကြီးတွေကိုပေးလေ့ရှိတဲ့ Antacids လေနာဆေးတွေကို ၅ နှစ်အောက်ကလေးတွေ မပေးသင့်ဘူး။ 

• မအေက (ကေဖင်း) များတဲ့ ကော်ဖီ၊ ချောကလက် လျှော့စားပါ။ 

• လိမ်မော်ရည်၊ ကြက်သွန်နီ၊ မုံလာ၊ ပန်းသီး၊ ဆီးသီး၊ အပူ-အစပ်၊ တွေက လေများစေတယ်။

• နို့စို့ရင်၊ နို့ဗူးတိုက်ရင်း ကလေးက လေကိုပါမြိုချလို့ လေများတာကြောင့်ဖြစ်ရတာက အများဆုံးဘဲ။ 

• နို့ဗူးဖြစ်ဖြစ် ရေဗူးဖြစ်ဖြစ် ကလေးကိုတိုက်ရင် နို့သီးခေါင်းထဲမှာ လေခိုမနေစဘို့ အမြဲတမ်းသတိထားရတယ်။ 

• ကလေးက အလိုမကျတာကိုလဲ သိတတ်ရမယ်။ 

• ကလေးကို အချိန်များများ ပွေ့ချီထားချိန်တာ ကောင်းတယ်။ ကလေးကိုယ်ကို ခပ်မတ်မတ်ချီပေးပါ။ လူတော့ပင်ပန်းတာပေါ့။ 

• Singing lullabies သီချင်းဆိုပေးတာ ကောင်းတယ်။ 

• ညင်ညင်သာသာ ပုခက်လွှဲပေးတာလဲ ကောင်းတယ်။ 

• ဗိုက်နေရာကို ခပ်နွေးနွေး အဝတ်၊ ရေနွေးပုလင်း စတာနဲ့ ကပ်ပေးနိုင်တယ်။ 

• ကလေးကို အနေအထား မကြာမကြာပြောင်းပေးပါ။ 

• ရေသောက်၊ နို့သောက်တာ ဖြေးဖြေးသာလုပ်ပေးပါ။

• တချို့ကလေးကို ကားပေါ်တင် မောင်းချော့တာလဲ လုပ်နိုင်တယ်။ 

• White noise ဆိုတာ ကလေးကို တီဗွီ ပြပေးတာကို ခေါ်တယ်။

Dr. တင့်ဆွေ

၁၁-၁၁-၂၀၁၃

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ