ဆေးပညာအရမြင်တဲ့ ပန်းချီ

တမာရိပ် 15"×21" Watercolour on paper (Aung Kyaw Soe)

ပုံဆွဲဝါသနာပါသူဖြစ်လို့ ပန်းချီဆိုရင် ကြည့်ပါတယ်။ တမာပင်အောက် လူးလာ လျှောက်ခဲ့သူလည်းဖြစ်ပြီး ရေချမ်းစင်မှာလည်း အခါခါသောက်ခဲ့သူဖြစ်ပြန်တော့ ရာစုနှစ်တဝက်ကို ပြန်သတိရတယ်။

ဆရာဝန်ကလည်း ဖြစ်သေးတော့ ကျန်းမာရေးအသိပေးစာတွေရေး၊ သူများရေးတာတွေလည်း ဖတ်တယ်။

ပန်းချီဆရာခင်ဗျား တလောကတွေ့လိုက်ပြီး လူတွေကလည်း ထပ်ထပ်တင်ကြတဲ့ ပညာပေးစာအရ ရေကို မတ်တတ်ရပ်မသောက်ရဘူးတဲ့ဆရာ။ ရေချမ်းစင်လေး ရှေ့မှာ ဆိုဖါတစုံပါ ထည့်ဆွဲပေးပါလားခင်ဗျာ။

ကျွန်တော်ငယ်ငယ်ကလည်း လမ်းဘေးမှာ ထိုင်စရာမရှိတော့ ရေကို မတ်တတ်သာသောက်ခဲ့ရတာမို့ ရောဂါများရှိလေသလား စစ်ရဦးမယ်ထင်ပါရဲ့။

အဲလိုစာမျိုးဆိုရင် မြန်မာလိုဖတ်တတ်တဲ့ ပရိသတ်က အုတ်အော်သောင်းနင်း ကြိုက်ကြတယ်။

ပန်းချီအတွက် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ