Lymphedema လင့်ဖ် ရောင်ခြင်း

ဆရာဝန်ကို မေးတာတော့ မဟုတ်။ ကင်ဆာနေရာတခုမှာ ဖတ်ရတာ။ ဆရာဝန်က ကွန်မင့်ကနေဖြေတော့ တင်မပေးသေးပါ။

အများအာဖြင့် ကင်ဆာကြောင့်နဲ့ ကင်ဆာဆေးတွေကြောင့် ရောင်တယ်။ တခြား အကြောင်းတွေကြောင့်လည်း ရောင်တယ်။

လူတိုင်းမှာ lymphatic system ခေါ် သွေးပြည်ရည်ခေါ် စနစ်ရှိတယ်။ ဒီစနစ်ထဲမှာ Lymph nodes လင့်နုတ် ခေါ် တက်စိလေးတွနဲ့ တက်စေ့လေးတွေကို ဆက်ပေးထားတဲ့ သွေးပြန်ရည်ကြောလေးတွေ ရှိတယ်။ အဲဒီလမ်းမှာ ဆို့ပိတ်နေရင် လင့်ရည်တွေဆက်မသွားနိုင်ရာကနေ သက်ဆိုင်ရာ အင်္ဂါအစိတ်အပိုင်း ရောင်လာတာကို ခေါ်တယ်။

အများအားဖြင့် ခြေတွေ လက်တွေမှာ ရောင်တယ်။ တချို့ရောဂါတွေမှာ ရင်ဘတ်နံရံ၊ ဗိုက်နဲ့ လိင်အင်္ဂါတွေမှာလည်း ရောင်တယ်။ ကန်တော့။

ဘယ်အကြောင်းကြောင့် ဖြစ်ဖြစ် Lymphedema လင့်ဖ် ရောင်ခြင်းလို့ ခေါ်တယ်။

ဆိုးရင်ဆိုးသလို ဒုက္ခပေးတယ်။ မသွားနိုင်၊ မလှုပ်ရှားနိုင်၊ ပိုးဝင်၊ စသည်။

ကုသနည်းလည်း အမျိုးမျိုးရှိတယ်။ compression bandages ပတ်တီးတမျိုးစည်းပေးခြင်း၊ နှိပ်နည်း၊ compression stockings ခြေအိတ်တမျိုးစွပ်ထားခြင်း၊ sequential pneumatic pumping နည်း၊ အရေပြားဂရုစိုက်ပေးခြင်းနဲ့ ခွဲစိတ်နည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ