Doctor ဆရာဝန်ဟူသည်

"ကောင်းသော ဆရာဝန်သည် အနာရောဂါကို ကုသပါသည်။ ထူးချွန်သော ဆရာဝန်သည် အနာရောဂါ ရှိသော လူနာကို ကုသပါသည်။" – ဝီလီယမ် အော့စလား

"The good physician treats the disease; the great physician treats the patient who has the disease." – William Osler

(Listener's Heaven Audiobooks - အသံစာအုပ်)

ဖြည့်စွက်ပါမည်။

ခွဲစိတ်ဆရာဝန်သည် မည်သို့မည်ပုံ ခွဲစိတ်ကုသရမည်ကိုသိ၏။

ထူးချွန်သော ခွဲစိတ်ဆရာဝန်သည် ခွဲစိတ်ရန် မလိုအပ်သည်ကိုလည်း သိ၏။

ကျွန်ုပ်ဆရာဝန်သည် မေးခွန်းများကို ကြိုးစားဖြေကြားနေပါ၏။ မှန်ကန်သည်များကို ဖြေရသကဲ့သို့ မဟုတ်မမှန်သော ဆေးနည်းများကိုပါ ဖြေကြားနေရ၏

လူနာအများစုသည် ကုသနည်းကို မမေးဘဲ၊ ဘယ်အစားအစာတွေကို ရှောင်ရမလဲဟုမေးကြ၏။ လူကြီးမင်း၏ရောဂါအတွက် ရှောင်စရာမလိုပါ။ တသက်လုံးစားလာသမျှ စားလို့ရပါသည်ဟုလည်း ဖြေရတတ်၏။ သို့သော် ဆရာဝန့်စကားကို ယုံသူ နည်းပါး၏။

ဆီးချို၊ သွေးတိုး၊ ကိုလက်စထောနှင့် ဂေါက်ရောဂါရှိသူများကိုမူ ရှောင်စရာစာရင်းနှင့်တကွ ဖြေပေးရ၏။ သို့သော် စာကို ကုန်အောင်ဖတ်သူနည်းပြီး၊ လိုက်နာသူ ပို၍နည်း၏။

မြန်မာပြည်ကြီး ကိုယ်ရော စိတ်ပါ နေကောင်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ