ART ဆေးအမည်

မ အသက် ၃၀ အိမ်ထောင်မရှိ၊ အတူနေချစ်သူမရှိ တလတခါ ရာသီမှန် ART ဆေးကို အပြင်က ဝယ်သောက်ပါတယ်။ ပစ္စည်းပျက်‌(ပြတ်၊ ပြတ်လပ်) နေတယ်ဆိုပြီး တခါဝယ်ရင် တံဆိပ်တမျိုး ဖြစ်နေပါတယ်။ အတူတူပဲလို့တော့ ပြောပါတယ်။ ဓာတ်ပုံပို့ပေးပါရစေရှင့်။ ကြည့်ပါပေးဦး ဆရာ။

ဆောရီး။ မြန်မာပြည်မှာ ဆေးဝယ်ကြရတာ အတော်အဆင်မပြေဘူးလို့ သိရတယ်။ တခြားအဆင်မပြေတာတွေကလည်း များတယ်။

ဆေးစစ် မစစ်ကို ဆေးဗူးပုံကြည့်ပြီး ပြောမရနိုင်ပါ။ 

ဆေးထုတ်တဲ့စက်ရုံမတူပေမဲ့ (ရောင်းကုန်အမည် မတူပေမဲ့) ဆေးဗူးမှာရေးထားတဲ့ ဆေးအမည် (ရောင်းကုန်အမည် မဟုတ်) တူရင် ဆေးအတူတူဘဲလို့တော့ ယူဆနိုင်ပါတယ်။ 

ပြည်တွင်းမှာနေသူတွေ နေကောင်းကြပါစေ။

တခြားသတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ