လက်ဝါးပြ လျက်ဆားရ

- ဆေးက တနေ့ ဘယ်လောက်သောက်ရမလဲဆရာ။

- ဆေးနည်းလေး ပြောပါဦး။

- ဘယ်ဆေးသောက်ရမှလဲ ဆရာ။

လင့်တွေ စာတွေ ပို့ထားပေမဲ့ ပြန်မေးကြတယ်။ စာကိုတော့ ဖတ်ပုံမရ။ ခဏခဏလာတယ်။

ဆေးပေးရတယ်ဆိုတာ လက်ဝါးပြ လျက်ဆားရဆိုတာမျိုး ဘယ်သူ့လက်ဝါးလာလာ တတို့ပေးရတာမျိုး မဟုတ်ပါ။

ဆေးသောက်တဲ့သူ ကလေး-လူကြီး-အသက်-ကျား-မ ရွေးရတယ်။

အမျိုးသမီးဆိုရင် ကိုယ်ဝန်ရှိ မရှိ မေးရတယ်။

ကလေးဆိုလည်း အသက်။ ၆ လအောက် ဆေးမလိုတာများတယ်။ သန်ချဆေး ၂ နှစ်နဲ့ ၂ နှစ်အထက် ကွာခြားတယ်။

ရောဂါအမည်ဟုတ် မဟုတ် စစ်ရတယ်။

တချို့ရောဂါအဆင့် သိရသေးတယ်။

ကင်ဆာလိုဆေး၊ ပဋိဇီဝလိုဆေးတွေမှာ ဘေးထွက်သက်ရောက်မှု ရှိတော့ ဆေးသောက်သူရဲ့ ကိုယ်ခံကျန်းမာရေးကိုပါ ကြည့်ရတယ်။

စာဖတ်မပျင်းကြစေလိုပါ။ လိုမယ်ထင်ရင် ကလေး-လူကြီး-အသက်-ကျား-မနဲ့ အချက်အလက်ပါထည့်မေးနိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ