မေးခွန်းများ

၁။ ဆရာသမီးတခုလောက်မေးချင်လို့ပါဆရာ သမီးကခု အာရုံကြောအားနည်းလို့ အဲ့ဆေးတွေ နံနက်တလုံး ညတလုံး သောက်နေရတာကြာပါပြီ အဲ့ဆေးတွေမသောက်ရင် အာရုံကြောက မူးနောက်နေလို့ မဖြတ်ရဲဘူးဆရာ အမြဲသောက်နေဖို့ စိုးရိမ်နေမိလို့ပါ ဆရာအကြံလေးပေးပါနော်

အသက် မသိ။ အမျိုးသမီးနဲ့ဆိုင်တဲ့ အချက်အလက်တွေ မသိ။ အာရုံကြောအားနည်းဆိုတာ မသိ။ ဘာဖြစ်နေ မသိ။ ဆေးကို ဆရာဝန်ညွှန်သလာ မသိ။

တစ် ၄ လုံးပြင်လိုက်တယ်။ ဆောရီး ၄ ခါ။

၂။ ဆရာရှင့် သမီးအသက် 25 ပါ ကိုယ်ဝန် 3 လထဲမှာပါရှင် အမျိုးသားကခြေထောက်ကြိုးနေတော့ သူ့ဝေယျာဝစ္စ အထိုင်အထ လုပ်မိတယ် ခါးနာသလို ကိုက်သလိုဖြစ်နေပါရှင့် စိတ်ပူရလားရှင့် ဆေးရောလိမ်းရလားရှင် ကျေးဇူးပါ ဆရာ

စိုးရိမ်စရာ မရှိလောက်။

ခါးနာခါးကိုက်တာပါ ဆရာရှင့် ကုန်းကွတာတ်ို့ အထိုင်အထတို့လုပ်မိတယ် 3ရက်ရှိပီ ညဆ်ို ခါးနားတဝိုက်နာသလို ကိုက်သလိုပဲ ဆေးလိမ်းလို့ရလားရှင့်

ကိုယ်ဝန် အပ် မအပ် မသိ။ လိမ်းဆေး မသိ။ Ibuprofen 200 mg ဆေးက နာတာ ကိုက်တာ သက်သောစေနိုင်။ တခုခုဆင်းသလား သတိထားသင့်။ ကိုယ်ဝန်ဆိုတာ မြဲမှာဆိုရင် တော်တော်တန်တန်နဲ့ မပျက်။

ခြေထောက်ကျိုးလို့ရေးရ။ ကြိုးဆိုတာ ချည်စရာ။ ရှိပြီလို့ရေးရ။ ပီ မဟုတ်။

၃။ ဆရာ ကျွန်မအသက် ၃၁နှစ်ပါ ပထမကိုယ်ဝန် ၇ပတ်နဲ့ပျက်ကျဖူးပါတယ် ၇လအကြာမှာကိုယ်ဝန်ထပ်ရပါတယ် ခုကိုယ်ဝန်က ၁၈ပတ်ပါ ဆရာ စီးပွားရေးအိမ်ထောင်ရေးအဆင်မပြေမှုတွေကြောင့်ဝမ်းနည်းပြီး ခဏခဏငိုမိပါတယ်ဆရာ

အဲ့ဒါ ကလေးကိုထိခိုက်နိုင်ပါသလားဆရာ

ဆောရီး။ စိုးရိမ်စရာ မရှိလောက်။

၄။ မင်္ဂလာပါ ဆရာ ကျွန်တော် အသက် ၄၀ ကျား ( - )မှာနေပါတယ် ဆရာ အခုဆီးသွားတာ ကြိမ်နှန်းများနေပါတယ် ဆရာ ညဆိုလည်း ၂ ကြိမ်လောက်ထရပါတယ် ဆီးကြိတ်ရောင်တာ ဖြစ်မလား မသိပါဆရာ ဘယ်လိုဆေးမျိုးသောက်ရင် သက်သာမလဲ သိချင်ပါတယ်ဆရာ ကျေးဇူးတင်ပါတယ် ဆရာ

ဆီးချို အရင်စစ်သင့်။ ဆီးကျိတ်လို့ရေးသင့်။

၅။ မင်္ဂလာပါဆရာရှင့် သမီးရဲ့မျက်နှာမှာ မွေးတည်းက အမဲရောင်အမှတ်ပါပါတယ်ရှင့် အမှတ်ကိုပါးစေတာပဲဖြစ်ဖြစ် ပျောက်ကင်းနိုင်တဲ့ဆေးပဲဖြစ်ဖြစ် လိမ်းဆေးရှိရင်လမ်းညွန်ပေးပါရှင့်

မွေးရာပါမှန်သမျှ ခက်တယ်။ တချို့ကို ပလပ်စတဆာဂျရီ ခွဲစိတ်နည်း၊ အရေပြားအစားထိုးနည်း လုပ်ရတယ်။ အမာရွတ်ကျန်မယ်။ အသက် စတာ မသိ။ အမည်းလို့ ရေးသင့်။

၆။ ဆရာရှင့် ပိန်ဆေးအကြောင်းရေးထားတဲ့ link လေးလိုချင်လို့ပါ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

၇။ ၆၇ မ အိမ်ထောင်ရှိ အတူနေ ဆီးချို၄၀၀ကျောသွားပီး (ပြီး)လက်ချောင်းလေးတွေမှစကာ လယ်ပင်းနားအထိ ရေယုံတွေ ပေါက်ပါတယ်။ ပိုးသတ်ဆေးသောက်ပီး အနာတွေပျောက်ပေမယ့် လက်ချောင်းလေးတွေက အရောင်မလျော့ပဲ ကိုက်ကိုက်နေလို့ ဘယ်လိုဆရာဝန်မျိုးနဲ့ပြသင့်ပါလည်းခင်ဗျာ ကျေးဇူးပါဆရာ

မြန်မာစာမှာ ပီး မရှိပါ

ဆရာဝန်မေးတာမျိုး ဖြေလေ့မရှိပါ။ ဆောရီး။ မြန်မာစာမှာ ပီး မရှိပါ။ ပြီးလို့သာရှိတယ်။

၈။ ဆရာ မင်္ဂလာပါ။ ကျွန်မ အသက် ၃၀ သားဦး ကိုယ်ဝန်ဆောင် တယောက်ပါ။ ကိုယ်ဝန် ၁၅ ပတ် ရှိပါပြီ။ တနေ့က ကျွန်မ ဆိုင်မှာ ခေါင်းသွားလျှော် ရင်း အနင်းအနှိပ်ခံမိပါတယ်။ ပခုံး ကို အနှိပ်ခံ ခဲ့မိတယ်။ ခြေသလုံးနှင့် ပေါင် ကို အနင်းခံ (ခြေထောက်တဖက်နဲ့ နင်း) မိခဲ့ပါတယ်။ အခု အသိတယောက်က ကိုယ်ဝန်ဆောင် အနင်းအနှိပ်မခံရဘူး ဆိုလို့ အရမ်း စိုးရိမ်စိတ်ပူ မိပါတယ်ဆရာ ဗိုက်ထဲက ကလေးကို ထိခိုက်မိတတ်လား ဆရာ။ ကျွန်မ အာထရာဆောင်းတွေ ဘာတွေ ရိုက်ကြည့်ဖို့ လိုအပ်လားဆရာ။

ဆရာဝန်သုံးတဲ့နည်းတော့ မဟုတ်။ တားမြစ်ချက်လည်းမရှိ။ ကိုယ်ဝန်အပ်ပြီး ခိုင်းတာသာ စစ်ဆေးသင့်။

၉။ မင်္ဂလာပါဆရာ အသက် ၂၁ ကျားပါ အိမ်ထောင်မရှိပါ ကန်တော့ပါဆရာ Underwear မပါဘဲ နေရင် ဘောအောင့်နေလို့ပါ အခုလည်း အောင့်နေပါတယ် ဖြစ်တာက ၁၅ရက်လောက် ရှိပါပြီ ဆရာဝန်နဲ့ပြသင့်ပါသလား

ဆရာဝန်ပြ မပြမေးတာမျိုး မဖြေပါ

ဟုတ်ကဲ့ဆရာ

Orchitis စာ ဘလော့မှာ ဖတ်နိုင်။ ၃-၄ ခါတင်ထားပြီး။

၁၀။ မနေ့က SSC ဆေးရုံမှာ ၆ လထိ မိခင်နို့ တမျိုးသာ တိုက်ကျွေးရန်လို့ တွေ့ခဲ့တယ် ဆရာ။ ဆိုင်းဘုတ် အကြီးကြီး ထောင်ထားတယ် ဆရာ။

နို့တိုက်နေတဲ့ကလေးတွေကို ၆ လ အထိ၊ ကိုယ်ပူနေလည်း ဘာကြောင့်ရေမတိုက်သင့်သလဲ http://doctortintswe.blogspot.com/2016/02/why-cant-we-give-water-to-breastfeeding.html

၁၁။ မင်္ဂလာပါဆရာ အသက် 23 မိန်းကလေး လက်ကောက်ဝတ်တွေ နာနေပါတယ် လက်ချောင်းလေးတွေလဲ နာနေပါတယ်ဆရာ သားလေးမွေးတာ အသက် ၄လရှိပါသေးတယ်ဆရာ မီးယပ်ကြောင့်လား ဆရာ

ဆောရီး။ ကလေးမွေးလို့တော့ အဲလိုမဖြစ်။ ယူရစ်အက်စစ်စစ်သင့်။ ASO စစ်သင့်။ Iburpofen တနေ့ ၁-၂-၃ ကြိမ် သောက်နိုင်။

၁၂။ မင်္ဂလာပါဆရာ ကျွန်တော် အမေက အသက် 50 ပါဆရာ ညာဘက် တံတောင်ဆစ်နားက အေးရင် ကိုက်တယ်ဆရာ အရိုးကလဲ ဘယ်ဘက်ထက်စာရင် ပိုကြီးတယ်ဆရာ ဖြစ်တာလဲကြာနေပါပြီ အဲ့တာအမြဲလိုလို အဝတ်နဲ့စည်းထားရတဲ့ နွေးနေရင်သက်သာတယ်ဆရာ တံတောင်ဆစ် အချွန်တော့မဟုတ်ဘူး အချွန်ပေါ်နားကပါ ဖြေကြားပေးပါအုံးဆရာ

သွေးတိုး ဆီးချို ယူရစ်အက်စစ် စစ်သင့်။ Iburpofen တနေ့ ၁-၂-၃ ကြိမ်သောက်နိုင်။

၁၃။ ဆရာ HIV ရဲ့ early symptom မှာ Rash ထွက်တတ်ပါသလားဆရာ ပြီးတော့အဲဒီ rash ကရောယားလားဆရာ့ ၁ ရက်လောက်နေတော့ Angle of Mandible မှာ Rash လိုမျိုးလည်းမဟုတ် Skin က နည်းနည်းကြမ်းသလို အပူအဖုလေးတွေထွက်လာပါတယ်ဆရာ နီလည်းအရမ်းမနီပါဘူးဆရာ အဲဒါဘာကြောင့်လဲ HIV ရဲ့Early Symptom ဘဲလားဆရာ ဘာလုပ်သင့်ပါသလဲဆရာ

HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါ https://doctortintswe.blogspot.com/2014/11/hiv-acute-infection.html

၁၄။ ကျွန်တော်က ပဲခူးတိုင်း ( - ) မြို့ကပါ ကျွန်တော့် အမျိုးသမီးလောင်းရဲ့ ပေါင်ခွနေရာလောက်မှာ ပွေးလိုအကွက်တွေပေါက်လာပါတယ် ဆရာဝန်လဲမပြရဲလို့ပါ ဆေးနည်း လမ်းညွှန်ပြသပေးပါခင်ဗျာ

Grisofulvin တနေ့ ၂ ကြိမ်၊ ၅-၁၀ ရက်သောက်နိုင်။ Clotrimazol cream လိမ်းနိုင်။

၁၅။ ဆရာရှင့် ကျွန်မအသက် ၃၅ပါ အိမ်ထောင်ရှိပါတယ် မုန်ချိုအိတ်ခေါင်းပိုင်းမှာ ကျောက်တည်၍ ဆေးရုံတက် ခဲ့ပါသည် ထူးထူးခြားခြား ကုသမှု့မရှိသော်လည်း လိုအပ်သော ရောဂါရှာဖွေမှု့များပြုလုပ်၍ ct scan ထိရိုက်ခဲ့ပါသည် ၁.၁၀.၂၀၁၈ မှစ၍ ယနေ့အထိ ရှားစောင်းဘက်ပက် ၄လက်မအား ထန်းလျက်ရည် ပျာဒရည်နှင့် နံနက်အိပ်ယာထ အစာမစားမီ ရေအေးနှင့်သောက်ခြင်း တပင်တိုင်မြနန်းဆေးလုံးအား အစာစားပြီးတိုင်တနေ့ ၃ကြိမ် ၁၅လုံးသောက်ခြင်းပြုလုပ်ခဲ့ပါသည် ဗိုက်အောင့်ခြင်း ခါးကိုက်ခြင်းများလည်း သက်သာပါသည် လူလည်းကျန်းမာဝဖြိုးနေပါသည် သိလိုသည်မှာ ရောဂါ ခဏတာမြုပ်နေခြင်း သို့မဟုတ် အနာနှင့်ဆေးတွေ့၍ ရောဂါ တဖြည်းဖြည်း သက်သားလာခြင်း ဟုတ်မဟုတ် သိလိုပါသည်

အရပ်ဆေး လမ်းဘေးဆေးတွေမှာ ဆေးသုတေသနမတွေ့ဘူးပါ။

၁၆။ မေးနည်းလေးပြောပြပါ ဆရာ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

၁၇။ ဆရာ မင်္ဂလာပါရှင် သားအိမ်ရောဂါအကြောင်းမေးချင်လို့ပါ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

၁၈။ ဆရာခင်ဗျား ကျတော်ငယ်ငယ်လေးကတည်းက လက်ဖဝါးနဲ့ခြေဖဝါးတွေမှာ အလွန်အကျွံချွေးပြန် လက်ဆီထွက်တဲ့ရောဂါရှိပါတယ်။ ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကတော့ပုံမှန်ပါပဲ ဆရာဝန်တော်တော်များများနဲ့ ပြကြည့်တော့လည်း အဆင်မပြေပါဘူးဆရာ ကျနော့ကျန်းမာရေးတော့ပုံမှန်လူလိုပါဘဲ လက်ဆီတွေရေလိုထွက်လို့့ အရမ်းစိတ်ညစ်ရပါတယ် ကျေးဇူးပြုပြီးအဆင်ပြေမယ့်နည်းလမ်းများရှိရင်ပြောပြပေးပါခင်ဗျား။

၁၉။ ဆရာအသက် ၃၇နှစ်အမျိုးသားပါ ဂရင်ဂျီနာဖြစ်နေတာပါ အမြဲပြည်ထွက်နေပါတယ် စဖြစ်ထာ နှစ်၂၀လောက်ရှိပါပြီ ဝန်ထမ်းမို့ မခွဲဘဲပျောက်နိုင်တဲ့နည်းများရှိပါသလား သိချင်ပါတယ် ဘယ်လိုလုပ်သင့်တယ်ဆိုတာ သိပါရစေဆရာ

၂၀။ ဆရာရှင့် ကျွန်မအသက်က ၃၀ပါ ခလေးကအမွှာလေး ၂ယောက်ကိုခွဲမွေးတာ ခုတနှစ်နဲ့သုံးလရှိပြီ။ ကန်တော့ပါဆရာ ခုကျွန်မဖြစ်နေတာက မိန်းမကိုယ်အဝမှာဆို့သလိုဖြစ်နေလို့ပါ ဆီးခုံလည်းနာချင်သလိုဖြစ်နေပါတယ် ၂ရက်ရှိပါပြီ ကိုယ်ဝန်တားပစ္စည်းလည်း မိန်းမကိုယ်ထဲထည့်ထားပါတယ် ခုမှသတိထားမိတော့ ပြန်စမ်းမိတာ ကြိုးစရှာမတွေ့တော့ဘူးဖြစ်နေတယ်ဆရာ။ ဘာများဖြစ်လာနိုင်သလည်းဖြေကြားပေးစေချင်ပါတယ်ရှင့်။

၂၁။ ဆရာခဗျာ ရာသီမလာတာ ၂ လရှိသွားပြီ မနေ့က ကောင်မလေးရာသီလာတယ် ဒီတိုင်း ( - ) မိသွားတယ် ကိုယ်ဝန်ရှိနိုင်လား ec 2 သောက်ဖို့လိုလား ပြောပေးပါအုန်း

၂၂။ မင်္ဂလာပါ ဆရာ ကံတော့ပါ(ကနတော့ပါ) ဆရာ ကျွန်တော်အသက် ၁၈နှစ်ကျော်ပါ မိန်းမမရှိဘူး လူပျိုပါ ဖြစ်နေတာ 1လကျော်ပါပြီ အရက် ဆေးလိပ် မသုံးစွဲပါဘူး သွေးလဲမသွင်းဖူးဘူး တတ်တူလည်းမထိုးဖူးပါဘူး ဆီးခနခန သွားနေလို့ပါဆရာ ဆီးသွားပြီး ဆီးကမကုန်သလို ဆီးသွားမဝသလိုဖြစ်ပါတယ် ဆီးသွားပြီးလဲ ထပ်သွားချင်စိတ် ဖြစ်နေပါတယ် ဆီး ၂ ခါစစ်ကြည့်ပြီးပါပြီ ဘားမှမဖြစ်ဘူးပြောပါတယ်ဆရာ ဆီးချိုသွေးချိုလည်း ၂ ခါစစ်ကြည့်ပါတယ် မရှိပါဘူးဆရာ အာလ်ထွာဆောင်း ဓာတ်မှန်ရိုက်ပါတယ် ဘားမှမတွေ့ဘူး အကုန်ကောင်းတယ်ပြောပါတယ်ဆရာ ဒါဆို အခုကျွန်တော်ဖြစနေတဲ့ ဆီးပြဿနာက ဘာဖြစ်နိုင်လဲဆရာ အခုခေတ်ကြောက်စရာကောင်းတဲ့ ကင်ဆာ ဖြစ်နိုင်လားဆရာ နောက်တော့ လည်ချောင်းချောက်ပြီး ရေငတ်ပါတယ်ဆရာ

ကင်ဆာနဲ့ မတူပါ။

၂၃။ မင်္ဂလာပါ ဆရာရှင့် ကျွန်မ နာမည်က့ ပါ အသက်က၂၈နှစ်အိမ်ထောင်သည်ပါ ခုဆိုရင်သားလေးကိုမွေးပြီးတာ ၁၂ရက်ရပါပြီရှင့် ကျွန်မ ကိုယ်ဝန်မရခင်ကတည်းက ညာဘက်မျက်လုံးထောင့်အပေါ်မှာမျက်စိ စွန်သလို အဖုလေး ထွက်လာပါတယ် အမှတ်တမဲ့မို့သတိမထားမိပါဘူး ကိုယ်ဝန် ၇လနောက်ပိုင်းတော့ ဘုက သိသိသာသာ ကြီးလာပါတယ် နဲနဲလဲနာပါတယ် ခုသားသားကိုမွေးပြီးတော့ မျက်လုံး၂ဖက်စလုံးထွက်လာပါတယ် ညာဘက်က မျက်ခွံအတွင်းမှာပါ အဖုကလေးထွက်ပြီးမျက်လုံးသားပါယောင်သလိုဖြစ်လာပါတယ်ရှင့် ဘာဖြစ်တာလဲနဲ့ ဘာဆေးများ သောက်သင့်ပါလဲ ဆရာရှင့်

၂၄။ ဆရာကျွန်တော်အသက်က ၂၉နှစ်ရှိပါပြီ ဖြစ်နေတာတော့ကြာပြီ အင်္ဂါမှာယားပြီးတော့ဆီးသွားတဲ့အခါအဖြူ ဆင်းနေပါတယ်ဆရာ ကျွန်တော်အိမ်ထောင်ရှိပါတယ်ဆရာ ဆေးခန်းတေြွပတော့လဲပြတုန်းပဲသက်သာပါတယ်ဆရာ ဆေးထိုးဆေးသောက်လေးလမ်းညွှန်းပေးပါဆရာ။

လိငကတဆင့်ကူးစက်ရောဂါများလင့် ပို့လိုက်တယ်။

၂၅။ ဆရာ ကျွန်မအိမ်ထောင်ကျတာ ၁၀ နှစ်ရှိပြီသားသမီးတယောက်မှာမ၇သေးဘူး အသက်က၂၈နှစ်ပါ ဘယ်လို့ဆေးဝါးတွေနဲ့ကုသသင့်လဲကျေးဇူးပြု၍ကူညီပေးပါဆ၇ာ

တစ် ၄ လုံးပြင်လိုက်တယ်။ ဆောရီး။ ရရစ်မပါတဲ့ ပြီ ၁၀ လုံးပြင်လိုက်တယ်။ စို့သလိုကို ဆို့သလို လို့ပြင်လိုက်။ ပျက်သနာကို ပြင်ထားတယ်။ တခြားသတ်ပုံတွေလည်း ပြင်ရတယ်။

အဲလို ဖရင်းမဟုတ်သူတွေကမေးတာကို ကျွန်တော်က မသိ။ ဖုန်းကနေ လိုက်လိုက်ရှာရတယ်။ မေးခွန်း တထောင်ကျော် တွေ့ပြီးပြီ။ ထပ်တွေ့တာတွေ။ နောက်ထပ်လည်းရှိဦးမယ်။ ဆောရီး။

၂၆။ အသက်အရွယ် ရလာတာနဲ့အမျှ ဒူးအတွင်း ပြသနာဟာ ဖြစ်ပေါ်လာပါတယ်။ ့ ဆေးကြော်ငြာ။

အဲလိုဟာတွေ နောင်တသက်လုံး မပို့ပါရန်။

၂၇။ ကလေးတယောက်ရှိပါတယ်ရှင့် အသက် ၃၆ ပါ marvelon ့ မှာစသောက်လိုက်ပါတဟ် ခုဆေးကဒ်ကုန်သွားပီး ရာသီမလာလို့ စစ်ကြည့်လိုက်တော့ ၂ကြောင်းပေါ်နေပါတဟ်ရှင့် ဆေးသောက်နည်းကို ခုမှသိပါတယ်ဆရာ ရာသီလာအောင် ဘာလုပ်ရမှန်းမသိတော့ပါ

ဆောရီး။ မာဗယ်လွန်ဆေးစာ ခဏခဏတင်တယ်။ အခါ ၂ဝ လောက်ရှိပြီ။ ကိုယ်ဝန်ရှိနေသူကို ဖျက်နည်း မဖြေပါ။ ဆောရီး။

၂၈။ ဆရာ မင်္ဂလာပါရှင့် ကျမ အသက် 28 ကလေးမွေးတာ တနှစ်ပြည့်ပါပြီရှင့် အခုသုံးလခံတားဆေးထိုးပါတယ် ရာသီလာလို့ရှိရင် တပတ် ဆယ်ရက်ခန့်လာပါတယ် အဲဒါ ပုံမှန်ဟုတ်ပါသလားဆရာ

Depo provera ခေါ် ၃ လခံတားဆေးထိုးဆေးကနေ သက်ရောက်မှု မတူကြပါ။ ပါပီ ခေါ် ခွေးကလေးသတ်ပုံကို ပြင်လိုက်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ