အကြော်သယ်
ထားဝယ်မှိုင်းရွက်ကို အကြော်ကြော်သလို ဆန်မှုန့်နဲ့ ကြော်စားတယ်။
ဘာရောဂါ အတွက် အသုံးပြုနိုင်လဲဆရာ။
စားချင်တဲ့အချိန်မှာ ကြော်စားလို့ရတယ်။ နေကောင်းသူတွေလည်း စားတယ်။
လူတိုင်းစားကြတဲ့ အစားအစာတိုင်းက လူတိုင်းနဲ့ သင့်တယ်။
လူဆိုတာ အစုံစားသက်ရှိဖြစ်တယ်။
အစားအသောက်တခုခုအကြောင်း တင်လိုက်တိုင်းမှာ တချို့က အဲဒီဟာသာ လောကကြီးမှာ အကောင်းဆုံးလို့ ထင်ကြတယ်။ မဟုတ်ပါ။
လူတိုင်းမစားတဲ့၊ မကြားဘူးတဲ့၊ ဘယ်လိုက်ရှာရမှန်းမသိတဲ့ အရာတွေကို ဆေးနည်းဆိုပြီးတင်ကြတော့ လုက်ခ် လုပ်သူ၊ တက်ဂ် လုပ်သူ၊ ရှယ် သူတွေ အလွန်များတယ်။ ဂွကျတယ်။
လောက်သေရွက်၊
ဆေးအိုးဗုတ်၊
ငှက်သိုက်၊
အောက်မည်းညိုပန်း၊
မြက်၊
ပေါင်းပင် စုံလို့။
အစားအသောက်တခုစီတိုင်းမှာ အာဟာရတန်ဖိုး ရှိတယ်။ အများကြီး တင်ပြထားပါတယ်။ ကျွန်တော့ ဘလော့မှာ ရှိတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment