Cooking food at high temperatures အစားအသောက်တွေကို လိုအပ်တဲ့အပူချိန်ထက် ပိုပြီးများသွားမယ်ဆိုရင်

 

ဆရာရှင့် မေးချင်တာလေးရှိလို့ပါ အရေးမကြီးပါ ဆရာအားတဲ့အချိန်မှပြန်ဖြေပေးလဲရပါတယ် ကျမအိမ်ကညီမက လက်ဖက်ခြောက်ကို တူးအောင်လှော်ပြီးသောက်ပါတယ် အရသာကြိုက်တယ် ဝမ်းသွားလို့သောက်တယ်ပြောပါတယ် ဒါပေမယ့် သာမန်မွှေးအောင်လှော်တဲ့အဆင့်မဟုတ်ဘဲ ပုံပါအတိုင်း တူးခြစ်နေအောင်လှော်ပြီးသောက်တာပါ လက်ဖက်ရည်ကြမ်းကလဲ မဲတူးတဲ့အရောင်ထွက်ပါတယ် အဲ့လိုသောက်ရင် ဖြစ်နိုင်တဲ့ ကောင်းကျိုး ဆိုးပစ်(ဆိုးပြစ်)လေး သိပါရစေ ဒါကတော့ ကျမတို့သာမန်လောက်မွှေးအောင်လှော်ပြီးသောက်တဲ့ လက်ဖက်ခြောက်ရဲ့အနေအထားပါ

အစားအသောက်တွေကို လိုအပ်တဲ့အပူချိန်ထက် ပိုပြီးများသွားမယ်ဆိုရင် -

၁။ ဓါတ်ပြောင်းလဲခြင်းတွေ ဖြစ်စေမယ်။

၂။ ပါဝင်တဲ့အာဟာရဓါတ်တွေ နည်းစေမယ်။

၃။ ပရိုတင်းနဲ့ သကြေားဓါတ်တွေလည်း ပျက်စီးစေမယ်။

၄။ တချို့ကနေ ရောဂါတွေ ရစေနိုငတယ်။

- Inflammation ရောင်ရမ်းခြင်း

- Autoimmune diseases ရောဂါပြီးစနစ်ကမောက်မကမဖြစ်နေသူတွေအတွက် မသင့်ပါ။

- Advanced glycation end products (AGEs) ကင်ဆာ ဖြစ်ကောင်း ဖြစ်စေနိုင်တယ်။

- ဆီးချိုတက်စေနိုင်တယ်။

- trans-fatty acids (trans fats) အဆီတွေကို အဲလိုလုပ်ရင် Neo-formed contaminants (NFCs) ဓါတ်တွေထွက်လာစေမယ်။ နှလုံးရောဂါအတွက် မကောင်းပါ။

- Damaging reactions ဓါတ်ပြောင်းလဲခြင်းကြောင့် 

- Cataracts မျက်စိအတွင်းတိမ်၊ diabetes ဆီးချို၊ stroke လေဖြတ်ခြင်းနဲ့ Alzheimer's disease ရောဂါတွေနဲ့ ဆက်စပ်နေတယ်။

လက်ဘက်ခြောက်အတွက် ဆေးသုတေသန မတွေ့ဘူးသေးပါ။ ဆက်စပ်စဉ်းစားယူပါလေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ