Daily Questions မေးခွန်းတွေမှာ စည်းကမ်းမကျတာ နေ့တိုင်းပါ

(လွန်ခဲ့တဲ့ ၇ နှစ်တိတိက ဖြစ်ပါသည်။ မေးခွန်းတွေ များသည်။)

1. သမီး အမျိုးသမီးရောဂါတခု ဆွေးနွေးချင်ပါတယ်ရှင့်။ သမီးအသက် ၂၃ ပါ။ အိမ်ထောင်ရှိပါတယ်။ နားနဲ့မနာ ဖဝါးနဲ့နာပါဆရာရှင့်။ သမီး ၇ လပိုင်းက ဓမ္မတာလာတာ တလတည်း ၂ ခါလာပါတယ် ဆရာရှင့်။ ပထမ တခါက လဆန်းပိုင်း လာတယ်။ ပုံမှန်ပါပဲရှင့်။ တပါတ်လောက်အကြာမှာ ဒုတိယ တခါ ထပ်လာပြန်ပါတယ်။ သွေးစွန်းတယ် ပြောရုံပါပဲဆရာ မများပါဘူး။ နောက်လ လဆန်းရောက်တော့ ပုံမှန်လာချိန်မှာ ထပ်လာပါတယ်ဆရာ အရင်လို မပေါတော့ဘူး နည်းနည်းပဲ ဆရာ။ လကုန်ခါနီး ၂၀ ရက်ကျော်တော့ တခါပြန်လာတယ် နည်းနည်းပါပဲဆရာ ဒါပေမယ့် ၂ ပါတ်ကျော်နေပါပြီဆရာ။ သမီးလည်း ဘာလုပ်ရမှန်းမသိတော့လို့ ဆရာကို တလေးတစား အကူအညီ တောင်းခံပါတယ်ဆရာ။

အရင်လတွေ မှန် မမှန် မသိ။ တားဆေး တားနည်း မသိ။

2. အရင်လတွေက မှန်ပါတယ် ဆရာရှင့်။ တလတည်း နှစ်ခါလာပြီးနောက်ပိုင်း နည်းသွားပြီး ရက်ကြာနေတာပါ ဆရာ။ တားဆေးကတော့ မြန်မာဆေး သွေးသန့်ဆေးပဲ သုံးပါတယ်တယ်ဆရာ။ အင်္ဂလိပ်ဆေးမတည့်လို့ပါဆရာ။ အရင်လတိုင်း အဆင်ပြေပါတယ်ဆရာ။

သားအိမ်ကို အာလ်ထွာဆောင်းရိုက်ဖူးပါသလား။

3. မရိုက်ဖူးပါဘူးဆရာ ဆရာ သမီးဘာလုပ်သင့်လဲဆရာ။

အရပ်ဆေးတွေကို မသိ။ ဆရာဝန်ဆေးမတည့်သူ ဆရာဝန်ကို မမေးသင့်။

4. မင်္ဂလာပါ ဆရာ ။ သမီးနာမည်က ( - ) ပါ။ သမီးရင်သားမှာ အနာ ပေါက်နေလို့ဘယ်ဆရာဝန် နဲ့ပြရမှန်းလဲ မသိပါဘူးဆရာ။ အရေးပြားဆရာဝန် နဲ့ပြရမှာလား။ သားဖွားမီးယပ်ဆရာဝန်နဲ့ပြရမှာလား မသိလို့ပါဆရာ။ ဆရာရဲ့ လမ်းညွှန်မှုကိုလဲ လိုချင်ပါတယ်။ သမီး ဘာလုပ်ရမှန်းလဲမသိလို့ပါ။ အနာက ပိုပြန့်လာသလို့မြန်မြန်လဲမြန်ပါတယ်။ မရိုမသေဖြစ်ခဲ့ရင်လည်း ခွင့်လွှတ်ပါဆရာ အနာရဲ့အနေအထားကိုပါ ပုံရိုက်ပို့လိုက်ပါတယ် ဆရာ။

မေးခွန်းမှာ လူအမည်မလိုပါ။ အမျိုးသမီးဆိုရင်တော့ ရာသီ-အိမ်ထောင်ရေး-ကိုယ်ဝန်-ကလေး ပြောဘို့လိုပါတယ်။

5. မင်္ဂလာပါဆရာ အသည်း မထိခိုက်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အသည်းအားဆေး သောက်သုံးသင့်/မသင့် သိပါရစေရှင်။

မေးနည်းစည်းကမ်းပို့လိုက်ပါတယ်။

6. ဆရာခင်ဗျား ကျနော့ မျက်စိက စပ်ဖျဉ်းဖျဉ်းဖြစ်နေပါတယ်။ ပုံမှန် မျက်လုံးဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစားရတယ်။ မျက်စိခြောက်သွေ့တာ မျက်ရိုးကိုက်တာ မျက်ရည်ကျတာ မျက်စိနာတာ အလင်းရောင်တို့ အဲယားကွန်းတို့နဲ့တွေ့ရင် မျက်စိက ကျိန်းစပ်စပ်ဖြစ်နေတာ မျက်စိဆေးခန်း သွားပြီးပြတာလည်း မသက်သာပါဘူး။ ဆရာဝန်တွေ က မျက်စဉ်းတွေပေးပါတယ်။ ၅ လ လောက် ၁၀ ကြိမ်လောက် ပြဖူးပါတယ် ဆရာဝန် ပေးတဲ့ မျက်စဉ်း ဆယ်မျိုးလောက် သုံးဖူးပါတယ်။ မသက်သာလို့ပါ ဘယ်လိုလုပ်ရမလဲ ခင်ဗျာ။ ကျေးဇူးပြုပြီး အချိန်ရင် ဖြေကြားပေးစေချင်ပါတယ် ဆရာ

မေးနည်းစည်းကမ်းပို့လိုက်ပါတယ်။

7. မင်္ဂလာပါဆရာ။ ကျွန်မအသက် ၂၉ ပါ ။ အိမ်ထောင်ရှိပါတယ်။ ကျွန်မလက်က ပုံမှာပြထားတဲ့အတိုင်း ခဏ ခဏရောင်နေပါတယ်ရှင့်။ အဲ့ဒါ ဘာအစားစားလို့မရတာလည်း ဘာဆေးသောက်ရမလည်း ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။ တချို့ကလည်း သွေးမှင် လေမှင်လို့လည်းပြောပါတယ်။ တချို့ကလည်း လေးဘက်နာပိုး စစ်ကြည့်လို့ပြောပါတယ်ရှင့်။ ဘာလုပ်ရမလည်းဆိုတာကျေးဇူးပြု၍ညွှန်ကြားပေးပါရှင့်။ အဲ့ဒီလိုမျိုး ရောင်လာရင် တဆစ်ဆစ်နဲ့ အထဲကနေကိုက်ပါတယ်ရှင့် ဘာပစ္စည်းမှလည်းကိုင်လို့မရ ကွေးလို့မရ ဆန့်လို့မရ ဖြစ်ပါတယ်ရှင့်။ ညာဘက်လက်တဖက်ထဲဖြစ်တာပါ။ တော်တော်လည်းယားပါတယ်ရှင့်။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။ ကျေးဇူးပါဆရာ။ 

အရပ်ခေါ်ရောဂါ မသိပါ။ လေးဖက်နာကို ဆရာဝန်ကခိုင်းရင် စစ်သင့်။ သွေးဆိုး မသိ။ ရာသီ မသိ။ ဆီးစစ် မစစ် မသိ။

8. ဆရာမင်္ဂလာပါရှင့် သမီးအကိုက လက်တွေရော ခြေထောက်တွေရော ယားြပြီးအဖုတွေပေါက်နေလို့ဆရာ။ အဲအဖုတွေက ညစ်လိုက်ရင် အရည်ကျည်တွေထွက်ပါတယ်ဆရာ။ ပြီးရင် အဲကနေက အနာဖြစ်လာပါတယ် ဆရာရယ်။ ဆေးခန်းပြတော့ ဆရာဝန်ကဘာဖြစ်တယ်ဆိုတာသေချာမပြောပေးပါဘူးဆရာ။ အဲအတွက် စိတ်ပူလို့ပါဆရာသမီးနည်းနည်းပြောပြပေးလို့ရရင်ပြောပေးပါ့လားဆရာ။ ဆရာအကိုအသက်က ၃၃နှစ်ပါဆရာ။ ဘာဆေးသောက်ရင် အဆင်ပြေမလဲ။ စိုးရိမ်ရသလားဆရာ။ သမီးအကိုအတွက် စိတ်ပူနေလို့ပါဆရာ ကျေးဇူးပြု၍ပြောပေးဆရာ။

အသက်-ကျား-မ ကို အရင်ဆုံးမရေးတာတိုင်း ၂ ခါထပ်ဖတ်ရတယ်။ ခဏခဏ (ခဏခဏ) ရေးထားတယ်။ အလာဂျီဆိုရင် ယားမယ်။ အင်ပြင်လိုထွက်မယ်။ ဘလော့မှာဖတ်နိုင်။ အဖူးပေါက်တာ ဗိုင်းရပ်စ်လား စဉ်းစားရ။ သေချာ မသိသေး။

9. ဆရာရှင့် သားလေးက ၁နှစ်၂လပါ။ ပိုးသတ်ဆေးကို၂လခြားတခါလောက် သောက်ရပါတယ်နှာစီးလို့ဖျားလို့ ဝမ်းကိုက်လို့ဆိုပြီး ကျွန်မသားလေးအတွက်စိုးရိမ်လို့ပါပိုးသတ်ဆေးရဲ့ဆိုးကျိုးရှိလားသိချင်လို့ပါဖြေပေးပါနော်ဆရာ။

ဆေးအမည်ကို ဘလော့မှာ စာရိုက်ရှာနိုင်။ အအေးမိ နှာစေးတာအတွက်တော့ ပိုးသေဆေးမလို။

10. ဆရာမင်္ဂလာပါ ဆီးသွားရင် သွေးအရာင် သို့မဟုတ် သွေးတွေပါနေသော ရောဂါအကြောင်းသိပါရစေ။ အခုက သမီးအဖေက ဖြစ်နေလို့ပါ။ ကျေးဇူးပါ။

မေးနည်းစည်းကမ်းပို့လိုက်ပါတယ်။

11. ဆရာ သမီးကအသက် ၂၂နှစ်ပါ။ လွန်ခဲ့တဲ့တနှစ်ကစပြီးသတိထားမိတာက ဘယ်ဘက်လက်က အရာဝတ္ထုတခု ကိုင်ရင် တုန်နေတတ်တာပါ။ စိတ်အရမ်းဆိုးတဲ့အချိန်မှာတုန်တတ်တာကလွဲရင် အခြားအချိန်မှာ တုန်နေတာမျိုးက အာရုံကြောနဲ့ဆိုင်ပါသလားဆရာ။ အရမ်းသိသိသာသာတုန်နေတာမျိုးမဟုတ်ပေမဲ့ပစ္စည်းတခုခုကိုင်ရင်သိသာပါတယ်ဆရာ အဲဒါအကြံဉာဏ်လေးပေးပါဆရာ

ဘလောမှာ Tremor စာ ဖတ်နိုင်။

12. မ။ အသက် ၄၅။ အိမ်ထောင်ရှိ။ ကလေး၂ယောက်။ ဖြစ်တာ ၁လ။ လည်ချောင်းနာနေပါတယ်ဆရာ။ ဘာလုပ်ရမလဲ

Sore throat လည်ချောင်းနာ https://doctortintswe.blogspot.com/2016/09/sore-throat.html

13. ဆရာရှင့် Hula Hoop ကစားခြင်းက ကျန်မားရေးပိုင်းဆိုင်ရာကြည့်လျှင် ထိခိုက်မှုရှိနိုင်ပါသလားရှင့်။ လေးစားစွာဖြင့်။

မသိပါ။ ဆောရီး။ အသက် မသိ။ အမျိုးသမီးဆိုရင် ရာသီ-အိမ်ထောင်ရေး-ကိုယ်ဝန်-ကလေး မသိ။ ဘာဖြစ်နေ မသိ။

14. ဆရာ သမီးအသက် ၄၁ နှစ်ပါ။ ကိုယ်ဝန် က ၆ ပတ်ထဲမှာရှိနေပါတယ်။ ခု လည်ပင်းနာနေတာ ၂ ရက်ရှိနေပါြပြီ။ ဒီမှာ အရမ်းပူလို့  ထင်ပါတယ် အိပ်လို့လည်းမရပါဘူး ဗမာ ပြည်က amoxicillin 250 Mg ကိုသောက်လို့ရလား သိချင်လို့ပါ တံတွေး မြိုချလို့မရ ဘာမှ စားလို့လည်းမရလို့ပါဆရာ ကျေးဇူးတင်ပါတယ်ရှင်။ ဘယ်လို လုပ်ရင် သက်သာပျောက်ကင်းနိုင်ပါသေးလည်း ညွှန်ကြားပါဆရာ။

Sore throat လည်ချောင်းနာ https://doctortintswe.blogspot.com/2016/09/sore-throat.html

15. ဆရာ သမီးက အဖြူဆင်းြပြီး ယားပါတယ် ခဏခဏဖြစ်ပါတယ်။ OG သွားပြပြီးလည်း ဆေးသောက်ခဏသက်သာ  နောက် ၁၅ ရက်လောက်ကြာရင် ပြန်ဖြစ်ပါတယ်ဆရာ။ သမီးက ကချင်ပြည်နယ့် မြို့ကပါရှင်။ သမီးက မန်းလေးမှာ သေချာစစ်ချင်လို့ပါဆရာ OG က ဘာမှမဖြစ်ဘူးလို့ပဲ  ပြောလို့ပါ ရှင့်။ ခဏခဏ ဖြစ်နေတော့ စိတ်ပူလို့ပါရှင်။ ကင်ဆာတွေလည်း ဖြစ်တတ်လားဆရာ။ OG က ခဏခဏပြရတော့  သူလည်းဆေးပေးရခက်ပြီလို့ ပြောပါတယ်ဆရာ။

မေးနည်းစည်းကမ်း ပို့ထားပြီး။ အချက်အလက်စုံ မပြောလိုသူတွေက ဘလော့မှာဖတ်နိုင်ကြ။

16. မင်္ဂလာပါ ဆရာ ကျွန်မအသက် ၂၉ ပါ အိမ်ထောင်ရှိပါတယ် ကျွန်မလက်က ပုံမှာပြထားတဲ့အတိုင်း ခဏ ခဏရောင်နေပါတယ် ရှင့် အဲ့ဒါ ဘာအစားစားလို့မရတာလည်း ဘာဆေးသောက်ရမလည်း ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့် တချို့ကလည်း သွေးမှင် လေမှင်လို့လည်းပြောပါတယ် တချို့ကလည်း လေးဘက်နာပိုး စစ်ကြည့်လို့ ပြောပါတယ်ရှင့်ဘာလုပ်ရမလည်းဆိုတာကျေးဇူးပြု၍ညွှန်ကြားပေးပါရှင့်

အရပ်ခေါ်ရောဂါ မသိပါ။ လေးဖက်နာကို ဆရာဝန်ကခိုင်းရင် စစ်သင့်။ သွေးဆိုး မသိ။ ရာသီ မသိ။ ဆီးစစ် မစစ် မသိ။

17. မင်္ဂလာပါဆရာ ကျွန်မအသက် ၂၄ ပါ ယခုသားဦးကိုယ်ဝန်ပါ ၃၅ပတ်ထဲရောက်ပါပြီဆရာ ogက ကလေးအတွက် အဆုတ်အားဆေးထိုးခိုင်းလို့ပါဆရာ သူများတွေကိုမေးကြည့်တာ သူတို့မထိုးဘူးဖူး ဆိုလို့ပါဆရာ ဘာကြောင့် ထိုးခိုင်းတာလဲ သိချင်လို့ပါ ကလေးအတွက်စိတ်ပူလို့ပါဆရာ ဆေးစာအုပ်ပုံပါ ပို့လိုက်ပါတယ်ဆရာ

စမ်းသပ်ကုသပေးနေတဲ့အိုဂျီကသာ အသိဆုံးဖြစ်။

18. တားဆေးသောက်တာကတော့ မာပရွန်၂၈သောက်ပါတယ် ၃ကဒ်သောက်ပြီဖြတ်ထားပါတယ် ခုကလေးယူချင်လို့ပါ သမီးသားအိမ်ရဲ့ညာဘက်ဘေးမှာရေအိတ်ရှိပါတယ် Television ရိုက်ကြည့်တော့ ရေအိတ်ကသေးတယ်ပြောပါတယ် ကလေးလိုချင်လို့ဘယ်လိုသောက်ဆေးပြုမူနေထိုင်ရပါ့မလဲရှင် ကျေးဇူးပြု၍ဖြေပေးပါ

Ovarian cyst စာ ခဏခဏတင်ထား။ ဘလော့မှာလည်း ဖတ်နိုင်။

19. မင်္ဂလာပါ ဆရာပြောတာသမီးနားမလည်လို့ပါ သေချာလေးပြောပြပေးပါလား

Ovarian cyst မျိုးဥအိမ်အလုံး https://doctortintswe.blogspot.com/2015/02/ovarian-cyst.html

Ovarian Cyst and Pregnancy ကိုယ်ဝန်နှင့် မျိုးဥအိမ်ရေအိတ် https://doctortintswe.blogspot.com/2017/09/ovarian-cyst-and-pregnancy.html

20. ဟုတ်ကဲ့ဆရာ နားလည်ပါပြီ ခုကလေးယူချင်တော့ဘဟ်လိုဆေးတွေသောက်ပြီူနေထိုင်ရပါ့မလဲရှင်

To get pregnant စာ ခဏခဏတင်ထား။ ဘလော့မှာလည်း ဖတ်နိုင်။

21. ဟုတ်ဆရာ ရှာတာမတွေ့လို့ သမီးကိုဒီကနေ link ပေးလို့ရမလားရှင်

To get pregnant ကိုယ်ဝန်မရသေးရင် https://doctortintswe.blogspot.com/2017/03/to-get-pregnant.html

22. သမီး မေးချင်တာလေးရှိလို့ပါ ဆရာ ကိုယ်ဝန်အကြောင်းမေးချင်လို့ပါဆရာ သမီး menstruation ဒီလ မဖြစ်လို့ ဆီးစစ်ကြည့်တာ positive ဖြစ်နေပါတယ်ဆရာ ၁၀ ရက်လောက်ရှိပါပြီ သမီး အဆင်သင့်လဲမဖြစ်လို့ abortion ဘယ်လိုနည်းနဲ့ လုပ်ရင် အဆင်ပြေ နိုင်မလဲဆရာ စာမေးပွဲလဲ ရှိလို့ အန္တရာယ်ဖြစ်မှာလဲ စိုးရိမ်လို့ပါဆရာ

Unanswered မဖြေတဲ့ မေးခွန်း https://doctortintswe.blogspot.com/2017/03/unanswered.html 

23. ဆရာ ခင်ဗျာ တခုလောက်မေးချင်လို့ပါဆရာ နာနဲ့မနာဖဝါးနဲ့သာ နာပေးပါ ဆရာ ကျွန်တော်နဲ့ ကျွန်တော် ကောင်မလေးနဲ့ အတူနေခဲ့တယ် ဆရာ တပတ်ရှိသွားပါပြီဆရာ ကောင်မလေးက ဓမ္မတာ လာချိန်မှာ မလာဘူး ဖြစ်နေတယ် ဆရာ ကောင်မလေးကလည်း ကိုယ်ဝန်ရမှာ ကြောက်နေတယ်ဆရာ တပတ်အတွင်း ကိုယ်ဝန်ရနိုင်လား ဆရာ

ရာသီ တပတ်နောက်ကျချိန်မှာ ဆီးစစ်ရင် သိပါမယ်။

24. ဆရာ နားမလည်လို့ ဘာကိုဆိုလိုတာလည်း ဆရာ

25. သွေးလုံးရှိတာကိုဆေးသောက်လို့ကောကာကွယ်နိုင်.ပျောက်နိုင်ပါသလားဆရာ

Uterine Fibroid (1) သားအိမ်အလုံး (၁) https://doctortintswe.blogspot.com/2014/11/uterine-fibroid.html

26. ဟုတ်ကဲ့ကျေးဇူးပါဆရာ.စာလုံးတွေတော့ဖတ်လို့မရပါဘူး

ဖွင့်တဲ့ ဖုန်း ကွန်ပြူတာမှာ ဖေါင့်လိုအပ်ချက်ရှိနေနိုင်။

27. ဆရာရှင့် C ပိုးရောဂါဖြစ်သူတယောက်အနေနဲ့ ဘယ်လိုနေထိုင်သင့်တယ် ဘာတွေဆောင်ပြီးဘာတွေရှောင်သင့်တယ်ဆိုတာ ပြောပြပေးရှင့်

ဘလော့မှာ ဖတ်နိုင်။

28. ဆရာ ခင်ဗျာ Tiens ဓာတ်စာ company အကြောင်းလေး ပြောပြချင်လို့ပါ ဓာတ်စာလို့တော့ ပြောတယ် အခြား နိုင်ငံတွေမှာလဲ ရှိတယ်တဲ့ ရောဂါတော်တော်များများကိုကာကွယ်ပေးတယ် ပြောပါတယ်။ company ကလဲ အခိုင်အမာ ပါတဲ့။ ထောက်ခံချက်တွေ ရှိမရှိ နဲ့ ယုံသင့်မယုံသင့် ဆုံးဖြတ်မရလို့  ဆရာကိုမေးတာပါ။ Tiens myanmar ဆိုပြီး fb page လဲရှိပါတယ်။ အများ ဖတ်ရအောင် post အဖြစ် အချိန်ရရင် တင်ပေးစေချင်ပါတယ် ခင်ဗျ။

ကြော်ငြာဆေးတွေ ရေးရတာ အားနာတယ်။ ဆောရီး။

အရင်က နေ့တိုင်း မေးခွန်တွေ အများကြီးလာပါသည်။ တချို့ရက်တွေမှာ ၄၀-၅၀ အထိ ဖြေရသည်။ အခုနည်းလာပြီ။ လူတွေ ပိုပြီး နေကောင်းကြလို့ဖြစ်ပါမည်။

ဒေါက်တာတင့်ဆွေ

၃-၉-၂၀၁၇

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ