HE အပျိုကြီးဖြစ်ရခြင်းအကြောင်း

မင်္ဂလာပါ သားလေး ၂လ ၂၅ရက်ပါ ဒီနေ့ ငါးမျိုးစပ်ကာကွယ်ဆေး၊ PCV ထိုးရပါတယ်။ ပိုလီယိုအစက်ချဆေးလည်း တိုက်လိုက်ပါတယ် ရှောင်ရန်ဆောင်ရန်တွေ ဖြေကြားပေးစေလိုပါတယ် ဒေါက်တာ။

ဆေးထိုးပေးတဲ့ဆီက ရှောင်ခိုင်းတာသာ လိုအပ်။

မနေ့က တယောက်က ကင်ဆာဖြစ်တာ ဘာအစားအစာရှောင်ရမလဲတဲ့။

မဆိုင်။ ကင်ဆာကို စနစ်တကျကုသရန်သာလိုအပ်။

တနေ့က အမျိုးသမီးတယောက်က သွေးပေါင်ကျတယ်။ အစားလည်းရှောင်ပါတယ်တဲ့။ 

စားနေတာတွေကို ပြောင်းပြန်။ စားရမယ်။

မလိုအပ်သူတွေက ဖြည့်စွက်စာအမျိုးမျိုး ကြော်ငြာကောင်းတာမှန်သမျှ မေးကြတယ်။

ပိုက်ဆံသာကုန်မယ်။

အပျိုကြီးဖြစ်ရခြင်းအကြောင်း ရေးတာတွေ ရောင်းကောင်းခဲ့တယ်။ ကျွန်တော့်မှာတော့ ရောဂါဖြစ်ရခြင်းအကြောင်းနဲ့ အပိုတွေ အလိုတွေအကြောင်းတွေ နေ့တိုင်းဖြေနေရတယ်။

ဆရာဝန့်အလုပ်တွေထဲမှာ ကျန်းမာရေးပညာပေးရတာ အခက်ဆုံး။ လည်ပင်းကြီးရောဂါ ခွဲစိတ်ရတာထက် ခက်တယ်။

ဒေါက်တာတင့်ဆွေ

၃-၉-၂၀၁၉

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ