Heart age နှလုံးသက်ကို သိပါ

၂၀၁၇ ခုနှစ်က ဒီလိုနေ့မှာထွက်တဲ့ အင်္ဂလန်က ဆေးသုတေသနသတင်းမှာ နှလုံးရောဂါ ကြိုတင်သိဖို့ရာ သင့်နှလုံးသက်ကို သိပါတဲ့။

အသက် ၃၀ ကျော်သူတိုင်း အွန်လိုင်းတက်စ်လုပ်ကြပါ။ အသက်ကြီးလာလေလေ ဆထုတ် ခေါ် လေဖြတ်တာ ဒါမှမဟုတ် နှလုံးအတက်ခ်ရတာ ဖြစ်နိုင်လေလေ။

အဲလိုစစ်ဆေးနေရင် အသက် ၇၅ နှစ်အောက်ရှိသူတွေ ၈၀% ကို ဆထုတ် ခေါ် လေဖြတ်တာ ဒါမှမဟုတ် နှလုံး အတက်ခ်ရတာ ဖြစ်နိုင်ခြေ ကြိုတင်ခန့်မှန်းပေးနိုင်ပါတယ်။ လူနေမှုပုံစံ မှားယွင်းခြင်းဟာ တရားခံဖြစ်တယ်။ ဆေးလိပ်၊ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှု။ အဝလွန်တာလည်း မကောင်းပါ။

အင်္ဂလန်မှာ လူပေါင်း ၂ သန်း စစ်ဆေးမှုလုပ်ကြပါတယ်။ ၇၈% တို့ရဲ့ နှလုံးသက်ဟာ ဇာတာသက်ထက် အိုစာနေကြပြီ။ ၃၄% တို့ဟာ ၅ နှစ်ပိုအိုနေကြပြီ။ ၁၄% တို့ဟာ ၁၀ နှစ်ပိုအိုနေကြတယ်တဲ့။

သူတို့ဆီမှာ နှစ်စဉ် လူပေါင်း ၈ သောင်း ၄ ထောင် ဆထုတ် သို့မဟုတ် နှလုံးအတက် ရနေကြတယ်။

• Give up smoking ဆေးလိပ်ဖြတ်ပါ။

• Get active တက်ကြွနေပါ။

• Manage your weight ကိုယ်အလေးချိန်ဂရုစိုက်နေပါ။

• Eat more fibre ဖိုင်ဘာပါတာများများစားပါ။

• Cut down on saturated fat ပြည့်ဝဆီ လျှော့စားပါ။

• Get your five a day fruit and vegetables အသီးနဲ့ အရွက်တွေ စားသုံးပါ။

• Cut down on salt ဆားလျှော့စားပါ။

• Eat fish ငါးစားပါ။

• Drink less alcohol အရက်လျှော့သောက်ပါ။

• Read labels on food and drink packaging အစားအသောက်တွေ အညွှန်းဖတ်ပါ။

မြန်မာနိုင်ငံသားတွေ နှလုံးကောင်းကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

၅-၉-၂၀၁၈

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ