Money Machine ဣတ္တိလိင်ဝေဒနာ ကြော်ငြာဆေးများ

(ကန်တော့)

၁။ အသက် 28 Female အိမ်ထောင်ရှိ။ ကလေးမရှိ။ မယူချင်သေးပါ။ သားအိမ်ကျဉ်းချင်တာရယ် အဖြူဆင်းနေတာရယ်ကြောင့် သောက်ကြည့်ချင်တာပါဆရာ ကန်တော့ပါရှင့်။ ကျေးဇူးပါရှင့်။ 

၂။ ဆရာ မင်္ဂလာပါရှင် ဖီလီမောလ် ဆေးရဲ့ ကောင်းကျိုးဆိုးကျိုးတွေ သိချင်လို့ပါရှင်ဆရာ အရင်ကရေးထားဖူးရင်လဲ Link လေးပေးလား ဆရာ သမီးရှာတာ မတွေ့ဘူး ဖြစ်နေလို့ပါ ဆရာအားတဲ့နေ့ ပြောပေးပါရှင့် ကျေးဇူးတင်ပါတယ်ဆရာ

၃။ မင်္ဂလာပါဆရာ။ မိန်းမအင်္ဂါကျယ်ရင် ပြန်ကျဉ်းတဲ့ဆေးများရှိပါသလား။ အွန်လိုင်းမှာရှာကြည့်တော့တွေ့တယ်ဆရာ။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးရှိမှာစိုးလို့ပါဆရာ။ Vagifirm ဆေးဓါတ်ပုံပါပို့လိုက်မယ်။ ကျေးဇူးပြုပြီး အဲ့ဒီးဆေးက ဘေးထွက်ဆိုးကျိုး ဘယ်လောက် ဖြစ်မယ်ဆိုတာ ပြောပေးပါဆရာ။ မေးခွန်းမမေးတက်လို့ ရိုင်းသလိုဖြစ်သွားရင် ခွင့်လွှတ်ပါ။

၄။ ဒီဆေးက မိန်းကလေးတွေ တကယ်သောက်သင့်တဲ့ဆေး ဟုတ်ပါသလားရှင့်။

၅။ ဆရာရှင့် ခုခေတ်စားနေတဲ့ ဖီလီမော်ဆေးက ကောင်းမကောင်းသိချင်ပါတယ်ရှင်။ အမျိုးသမီးတွေတွက် ကောင်းတယ်ဆိုလို့ ကိုယ်တိုင်လည်သောက်သုံးနေလို့ ရှင်းပြပေပါရှင့်။

၆။ အဲ့ဒီ Fillymor က မိန်းကလေးသားအိမ်ကိုအားပြုပေးတယ်၊ ကလေးရအောင်လဲ စွမ်းဆောင်နိုင်တယ်၊ မိန်းကလေး ဟော်မုန်းကိုလည်း ထိန်းညှိပေးတယ်ဆိုပြီး နံမည်ကြီးနေလို့လေ။

၇။ သမီးရဲ့သူငယ်ချင်းက သားအိမ် ပြန်ကျဉ်းတဲ့ဆေး Fillymor ကိုသောက်ချင်လို့ပါတဲ့။

မေးခွန်း (၁) မေးသူ အဖြူဆင်းတာကို သေချာကုသရပါမယ်။ သားအိမ်ကျဉ်းနည်းမရှိ။ မလိုအပ်ပါ။ ဗဂျိုင်းနား ခေါ် မွေးလမ်းကြောင်း ပြုပြင်နည်းတော့ ရှိတယ်။ လိုတဲ့သူကို စနစ်တကျလုပ်ပေးနိုင်တယ်။ သောက်ဆေး၊ စားဆေး၊ ထိုးဆေး၊ လိမ်းဆေး မဟုတ်ပါ။ ခွဲစိတ်ပြုပြင်နည်းဖြစ်တယ်။ 

ဝဘ်ဆိုက်တွေကိုဖတ်ရင် ဣတ္တိလိင်ဝေဒနာမှန်သမျှ၊ မီးယပ်ရောဂါအကုန်၊ မျိုးပွါးခက်ခဲမှုအစုံကို ပျောက်စေမယ်လို့သာ ရေးထားပါမယ်။ ချောပေ့လှပေ့ဆိုတဲ့ မော်ဒယ်ဂဲလ်ပုံတွေလည်းပါမယ်။ အတို-အရှည်နဲ့ အကျဉ်း-အကျယ်အရ ဖြစ်တာကိုတော့ ခွဲစိတ်ပြုပြင်လို့ရတာများပါတယ်။ တင်းအားနည်းတာမျိုးကိုတော့ လုပ်နိုင်တာ တနည်းပဲရှိတယ်။ ကီဂယ်လ်လေ့ကျင့်ခန်း လုပ်ပါလေ။ Kegel exercise ရေးထားပါတယ်။

ကြော်ငြာဆေး အမေးတွေများလွန်းလို့ ရေးတင်ထားတာတွေရှိပါတယ်။

1. Ad and Doc ကြော်ငြာနဲ့ရန်ဖြစ်နေတဲ့ ဆရာဝန် http://doctortintswe.blogspot.com/2015/06/ad-and-doc.html

2. Adoxy Cellfood အမေးများတဲ့ဆေး http://doctortintswe.blogspot.com/.../11/adoxy-cellfood.html

3. Advertisement ကြော်ငြာ ကြော်ငြာ ကြော်ငြာ http://doctortintswe.blogspot.com/2015/05/advertisement.html

4. A-Ra collagen ထိုင်းကလာတဲ့ ကြော်ငြာဆေး http://doctortintswe.blogspot.com/.../skin-whitening...

5. Baschi Pink Quick Slimming ပိန်ဆေးကြော်ငြာ http://doctortintswe.blogspot.com/.../baschi-pink-quick...

6. Bee pollen ပန်းဝတ်မှုံ အာဟာရ http://doctortintswe.blogspot.com/2014/11/bee-pollen_19.html

7. Calcium USA High Up အရပ်ရှည်ဆေး (သို့) စိတ်မရှည်ဆေး https://doctortintswe.blogspot.com/.../high-up-calcium... Commercial medicine ဆေးလှလှလေးတွေ ဝယ်ကြမလား http://doctortintswe.blogspot.com/.../commercial-medicine...

8. Commercial products ကြော်ငြာဆေးတွေ http://doctortintswe.blogspot.com/.../commercial-products...

9. Commercial treatments ကြော်ငြာဆေး ထပ်မေးလာ http://doctortintswe.blogspot.com/.../commercial...

10. Commercial ကြော်ငြာပါရစေ http://doctortintswe.blogspot.com/2015/02/commercial.html

11. Exercise after giving birth ကလေးမွေးပြီး လေ့ကျင့်ခန်းလုပ်ခြင်း http://doctortintswe.blogspot.com/.../exercise-after...

12. FDA warns of liver injury from muscle-building supplement ကြွက်သားအားကောင်းအောင်သုံးတဲ့ဆေး သတိပေး http://doctortintswe.blogspot.com/.../fda-warns-of-liver...

13. FillyMor ဖြေရတာမောတဲ့ဆေး http://doctortintswe.blogspot.com/2015/06/fillymor.html

14. High demand ကြော်ငြာဆိုတာ သည်းခြေကြိုက် http://doctortintswe.blogspot.com/2015/05/high-demand.html

15. High Up-Calcium USA အရပ်ရှည်ဆေး http://doctortintswe.blogspot.com/.../high-up-calcium-usa...

16. Kegel Exercise for Women (ကီဂယ်လ်) လေ့ကျင့်ခန်း http://doctortintswe.blogspot.com/.../kegel-exercise-for...

17. Medicine Ad ကြော်ငြာဆေးနောက်တမျိုး http://doctortintswe.blogspot.com/.../03/medicine-ad_15.html

18. Medicine advertisement ကြော်ငြာဆေးအမေးကနေ သက်တမ်းတိုစေတယ် http://doctortintswe.blogspot.com/.../medicine...

19. Medicines for profit ကြော်ငြာဆေးနောက်တမျိုး http://doctortintswe.blogspot.com/.../medicines-for...

20. Patient safety first လူနာမျက်နှာကြည့်ကြပါ http://doctortintswe.blogspot.com/.../patient-safety...

21. Perineal repair မွေးလမ်းပြုပြင်ခြင်း http://doctortintswe.blogspot.com/.../perineal-repair-2.html

22. PN care မွေးဖွားပြီးနောက် စောင့်ရှောက်ပေးခြင်း http://doctortintswe.blogspot.com/2015/06/pn-care.html

23. Postpartum ကလေးမွေးပြီးချိန် http://doctortintswe.blogspot.com/2016/06/postpartum.html

24. Pregnancy and First Para သားဦးမွေးမယ် http://doctortintswe.blogspot.com/.../pregnancy-and-first...

25. Roadside medicines အရပ်ဆေးနဲ့ လမ်းဘေးဆေး http://doctortintswe.blogspot.com/.../roadside-medicines...

26. Self-styled medicines ကြော်ငြာဆေး ဘေးဖြစ်နိုင်တယ် http://doctortintswe.blogspot.com/.../self-styled...

27. Skin Whitening Injection အသားဖြူဆေး http://doctortintswe.blogspot.com/.../skin-whitening...

28. Slimming Products, Man and woman Sex products http://www.facebook.com/pages/Slimming-Products-Man-and-woman-Sex-products/163476080361622

29. Unapproved medicines ကြော်ငြာဆေးတွေ http://doctortintswe.blogspot.com/.../unapproved...

30. Vimax and Breast ကျားဆေး-မဆေး ကြော်ငြာပြီးရောင်းတဲ့ဆေး http://doctortintswe.blogspot.com/.../vimax-and-breast.html

31. Virginity medicine Ad အပျိုစစ်နဲ့ ဆေးအစစ် http://doctortintswe.blogspot.com/.../virginity-medicine...

32. Weight loss pills are dangerous ပိန်ဆေးတွေအန္တရာယ် http://doctortintswe.blogspot.com/.../weight-loss-pills...

ရေးထားတာကိုမဖတ်ပဲ အဲဒီဆေးဘယ်မှာဝယ်ရမလည်းမေးတဲ့သူတွေ လာတယ်။ မဟုတ်တရုတ် ကွန်မင့်တွေလာရင် ဘလော့ပါမယ်။ ဆောရီး။ ပိုက်ဆံပေါရင်၊ အဲတာတွေသုံးတာ ခေတ်မီတယ်ထင်ရတော့ သဘောပါ။ 

ဒေါက်တာတင့်ဆွေ

၁၅-၉-၂၀၁၇

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ