Adult Still's disease နာတာရှည် အဆစ်နာတမျိုး

ဆရာရှင် ကျမ အခု still disease ရောဂါခံစားရပါတယ်။ ဘာရောဂါလဲတစ်ခါမှ(တခါမှ) မကြားဖူးဘူး။ ဆရာအားရင် links ဘာသာပြန်ပို့ပေးလိုရမလားဆရာ။ အဖြေကိုစောင့်နေမယ်။ ကျေးဇူးတင်ပါတယ်။

ဖြစ်တဲ့သူ အသက် မသိ။ ကျန်တာ ဘာမှ မသိ။

Adult Still's disease ဆိုတာ အဆစ်နာတမျိုးဖြစ်တယ်။ ရှားတယ်။ ကိုယ်အတော်ပူမယ်။ အရေပြားအနီပြင်ထွက်မယ်။ လည်ပင်းနာမယ်။ အဆစ်တွေနာမယ်။ နာတဲ့အဆစ်ကရောင်ပြီး ပူနေမယ်။ နာတာရှည်ဖြစ်သွားနိုင်တယ်။ Juvenile idiopathic arthritis (JIA) ကလေးလေးဖက်နာအပြင်းစားဖြစ်တယ်။ လူတသိန်းမှာ ၁ ယောက်သာဖြစ်တယ်။ ယောက်ျားတွေမှာ နည်းနည်းပိုဖြစ်တယ်။ ဘာလို့ဖြစ်သလဲ မပြောနိုင်ပါ။

အဆစ်တခုမကဖြစ်နိုင်တယ်။ ဖျားတာက တနေ့တကြိမ်၊ ညနေပိုင်းဖြစ်တာများတယ်။ တချို့ဗိုက်အောင့်တယ်။ အသက်ပြင်းပြင်းရှူရင်လည်း နာတယ်။ တက်စေ့လေးတွေရောင်တယ်။ ကိုယ်အလေးချိန်ကျလာမယ်။ အသည်းနဲ့ ဘေလုံးကြီးနိုင်တယ်။

Complete blood count (CBC) သွေးစစ်ရင် သွေးဖြူဥများပြီး သွေးနီဥနည်းနေမယ်။

C-reactive protein (CRP) ပုံမှန်ဖြစ်ဖြစ် များတာဖြစ်စ်တွေ့မယ်။

ESR (sedimentation rate) မြင့်နေမယ်။

Ferritin level မြင့်နေမယ်။

Fibrinogen level မြင့်မယ်။

AST and ALT များနေယမယ်။

Rheumatoid factor and ANA အနှုတ်ပြမယ်။

ကုသပေးရတာက ခံစားနေရတာတွေသက်သာဘို့ဖြစ်တယ်။ အနာသက်သာဆေးတွေပေးမယ်။ ဆိုးတဲ့သူတွေကို Prednisone ဆေးပေးမယ်။ နာတာရှည်ဖြစ်သူတွေကို Methotrexate ဆေး၊ Anakinra (interleukin-1 receptor agonist) ဆေး၊ Tocilizumab (interleukin 6 inhibitor) ဆေးနဲ့ Tumor necrosis factor (TNF) antagonists such as Enbrel (etanercept) ဆေးတွေပေးမယ်။

ဖြစ်တဲ့သူ ၅ ယောက်မှာ ၁ ယောက်က တနှစ်နေပျောက်တယ်။ ပြန်မပေါ်တော့ပါ။

Juvenile rheumatoid arthritis ကလေးလေးဘက်နာစာကိုလည်း ဖတ်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ

၁၇-၁၀-၂၀၁၇

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ