ကွန်မင့် မေးခွန်း

မေးခွန်းကို မထည့်တော့ပါ။

၁။ မေးခွန်းကို ကွန်မင့်ကနေ မမေးပါရန်လို့ မေးနည်းကို အကြိမ် ၅၀၀-၁၀၀၀ လောက် တင်ပြထားပါတယ်။ မေးတဲ့သူက မတွေ့တာ ဖြစ်ပါတယ်။ အခုလိုမျိုးပွားလမ်းမေးခွန်းဆိုတာ လူတကာကို သိစေအပ်တာ မဟုတ်ပါ။ အီးမေးလ်၊ မက်စင်ဂျာတွေကတော့ ပို့သူနဲ့ လက်ခံရရှိသူတို့သာ သိနိုင်တယ်။

၂။ မေးခွန်းထဲက ဖူးလ်စတော့ ခေါ် ဒေါ့ ခေါ် အစက် ၂၀ တိတိကို ဖျက်လိုက်တယ်။ မြန်မာစာမှာ ဖူးလ်စတော့ ရှိ။ ပုဒ်ထီးနဲ့ ပုဒ်မသာ ရှိတယ်။ ဖူးလ်စတော့နဲ့ စာလုံး ခြာမရေးရင် ကွန်ပြူတာက အစ အဆုံး ဝါကျတကြောင်းအဖြစ် ဖတ်လို့ နားလည်ရ ခက်တယ်။ အဲလိုရေးနေသူတွေဆီကလာတိုင်း အကုန်ပြင်ယူရတယ်။

၃။ မေးခွန်းထဲက 1234 တွေကို ၁၂၃၄ လို့ ပြင်လိုက်တယ်။ မေးခွန်းတွေ၊ ပို့စ်တွေမှာ ၈၀-၉၀% လောက်က ၁၂၃၄ မရေးကြတော့တာကို နားမလည်ပါ။ ကျောင်းတွေမှာ ၁၂၃၄ သင်မပေးတော့တာလား မသိ။

၄။ ကလေးမရနိုင်သေးသူများနဲ့ သက်ဆိုင်တဲ့ လင့် တွေ ပို့လိုက်မယ်။ ကိုယ်နဲ့ သက်ဆိုင်တာကို ဖတ်ပြီး လိုတာကို လိုက်နာပါရန်။ ဒါပေမဲ့ -

၅။ ဖေ့စ်ဘွတ် စာမျက်နှာက မက်စင်ဂျာမှာ စာရေးသူအမည်ကို နှိပ်ပေမဲ့ သူတို့ရဲ့ မက်စင်ဂျာကို ရှာလို့ မတွေ့ပါ။ ရိုးရိုး ဖေ့စ်ဘွတ်မှာ နှိပ်ရင်တော့ သူတို့မက်စင်ဂျာကို တွေ့တဲ့အတွက် စာပြန်လို့ရတယ်။ အခုမေးသူကို ကြိုးစားပြီး လိုက်ရှာရဦးမယ်။ အမည်တူတွေကလည်း ပေါတယ်။ အမည်နဲ့ အရုပ် ထပ်တူကျမှသာ လူလည်း တူတယ်။ တခါတခါ ရှာမတွေ့ပါ။

မေးသူတွေရဲ့ဒုက္ခ၊ ဖြေသူရဲ့ဒုက္ခ မသေးလှပါ။

လိုက်ရှာတာ တွေ့တော့တွေ့ပြီ။ မက်စင်ဂျာ ထည့်မထားလို့ တိုက်ရိုက်စာပြန်လို့ မရပါ။

လိုက်ရှာတော့ အမည်တူ ၅ ယောက်တွေ့တယ်။ ပရိုဖိုင်းလ် အရုပ် မတူပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ