သီတင်းကျွတ်လပြည့်နေ့

ဥပုသ်နေ့။

ည မဟုတ်ပါ။ မနက် ၈ နာရီတိတိ။

ဒီနှစ်မှာ ဝါဝင်ကတည်းက ဥပုသ်နေ့တိုင်းမှာ သီလယူဖြစ်တယ်။

ကြားထဲမှာ ဒေါ်မြမြအေး ကျန်းမာရေးကြောင့် ၂ ပတ်ပျက်ကွက်တယ်။

ဒီတခါ ဆရာဝန့်အလှည့်။ သီလယူ မသွားနိုင်ပါ။

မျက်စိခွဲရမယ်။ မျက်စိဆေးခန်းအဆင့်ဆင့်ကနေ ဒီကနေ့တော့ မျက်စိခွဲစိတ်ပေးမဲ့ ဆေးခန်းကိုလာပြရတယ်။ ဘုန်းကြီးကျောင်းကို မသွားနိုင်ပါ။ 

ဆေးခန်းပြန်လာတော့ အချိန်က ရသေးပေမဲ့ မျက်စဉ်းတွေ အမျိုးမျိုး ခတ်ထားရတော့ အိမ်မှာဘဲ နေလိုက်ရတယ်။ 

လာမဲ့အပတ်ထဲ ညာဘက်မျက်စိ ခွဲစိတ်ရမယ်။

ပုံကတော့ ဆေးခန်းကို လိုက်ပို့တဲ့ သမီးရိုက်ထားတဲ့ မျက်စိဆေးခန်းရှေ့က။

ကျန်းမာရေးထက် အရေးကြီးတာ ဘာရှိသေးလဲ။ ကျန်းမာကြစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ