Drug Allergy ဆေးနဲ့မတည်ခြင်း

မင်္ဂလာပါဆရာ ကျွန်တော်က Flumox allergy ကြောင့်ဆေးရုံတတ်ဖူးပါတယ် ဆေးရုံက Penicillin, Flucloxacillin, Cephalosporins အုပ်စုတွေနဲ့ allergy ရှိတယ်ဆိုပြီးရေးပေးလိုက်ပါတယ် ဒါပေမယ့် ငယ်ငယ်က လေးဖက်နာကြောင့် penicillin စွဲသောက်ဖူးပါတယ် Amoxacillin နဲ့လည်းတည့်ပါတယ် အဲ့ဒါဆိုရင် Penicillin နဲ့ Cephalosporins အုပ်စု allergy ရှိတယ်လို့ပြောလို့ရပါလားဆရာ။

ဆွဲသောက်ကို စွဲသောက်လို့ပြင်လိုက်တယ်။ ဆွဲဆိုတာ ဆွဲယူသည် ဆွဲငင်သည်။ စွဲက စွဲစွဲမြဲမြဲ။

Antibiotics အင်တီဘိုင်အောတစ် ခေါ် ပဋိဇီဝဆေး အမျိုးအစားများတယ်။

• Penicillins (ပနယ်စလင်) ဥပမာ Penicillin and Amoxicillin

• Cephalosporins (ကက်ဖလိုစပိုရင်) ဥပမာ Cephalexin

• Macrolides (မိုက်ခရိုလွိုက်) ဥပမာ Erythromycin, Clarithromycin, Azithromycin

• Fluoroquinolones (ဖလူရိုကွီနိုလင်း) ဥပမာ Ciprofloxacin, Levofloxacin, Ofloxacin

• Tetracyclines (တက်ထွာဆိုက်ကလင်း) ဥပမာ Tetracycline and Doxycycline

• Aminoglycosides (အမိုင်နိုင်ဂလိုက်ကိုဆိုက်) ဥပမာ Gentamicin and Tobramycin

• Sulfonamides (ဆာလ်ဖိုနမိုက်) ဥပမာ Co-trimoxazole and Trimethoprim

Cephalosporins ကက်ဖလိုစပိုရင်

ဗက်တီးရီးယားတွေအပေါ် သက်ရောက်တာ ပနယ်စလင်နဲ့ တူတယ်။ တည်ဆောက်ထားတာတော့ မတူဘူး။ ဘေးထွက် ဆိုးကျိုး နဲတယ်။ ဝမ်းပျက်၊ ပျို့၊ အန်၊ အစာမကျေ၊ (အလာဂျီ) လဲ ရတတ်တယ်။

ပဌမမျိုးဆက် = Cephalothin, Cefazolin, Cephapirin, Cephradine, Cephalexin, Cefadroxil တွေဖြစ်ကြတယ်။

ဒုတိယမျိုးဆက် = Cefaclor, Cefamandole, Cefonicid, Ceforanide, Cefuroxime တွေဖြစ်ကြတယ်။

တတိယမျိုးဆက် = Cefcapene, Cefdaloxime, Cefditoren, Cefetamet, Cefixime, Cefmenoxime,Cefodizime, Cefoperazone, Cefotaxime, Cefpimizole, Cefpodoxime, Ceftibuten, Ceftriaxone တွေ ဖြစ်ကြတယ်။ စတုတ္ထမျိုးဆက် = Cefclidine, Cefepime, Cefluprenam, Cefozopran, Cefpirome, Cefquinome တွေဖြစ်ကြတယ်။

Penicillins (ပနယ်စလင်)

• amoxicillin (Amoxil)

• amoxicillin/clavulonate (Augmentin)

• ampicillin (Unasyn)

• carbenicillin

• dicloxacillin

• nafcillin (Nallpen)

• oxacillin (Bactocill)

• penicillin G (Pfizerpen, Permapen)

• penicillin V

• piperacillin

• ticarcillin

လူဦးရေ ၁ဝ% လောက်က ပနယ်စလင်နဲ့ မတည့်ကြပါ။ တချို့ အသက်ဆုံးပါတဲ့အထိ မတည့်ပါ။ ဆောရီး။ ပနယ်စလင်တမျိုးကို မတည့်သူဟာ ကျန်အုပ်စုဝင်ဆေးတွေကိုလည်း မတည့်ပါလို့ ယူဆထားနိုင်တယ်။

မတည့်ဘူးထင်ထားသူတွေနဲ့ တကယ် ဆေးမတည့်သူတွေ နှစ်ကြာရင် မတည်ခြင်းဖြစ်စဉ်ပြောင်းတာလည်းရှိတယ်။ မတည့်သူတွေထဲက နောင် ၁ဝ နှစ်လောက်ကြာတော့ ၂ဝ% သာ မတည့်ဖြစ်တော့တာရှိတယ်။ သူတို့ဟာ ကြားထဲမှာ ပနယ်စလင်နဲ့ တခါမှ ထပ်မတွေ့ခဲ့ကြလို့ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

၁၄-၁၀-၂၀၁၈

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ