FDA declares IV fluid shortage in the wake of Helene

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းပြည်နယ်တွေမှာ တိုက်ခတ်သွားတဲ့ ဟယ်လင်း ဟာရီကိန်းကြောင့် IV fluid ခေါ် သွေးကြောထဲသွင်းဆေး လိုအပ်မှု မပြည့်စုံတော့လို့ အမေရိကန် FDA က ထုတ်ပြန်ပါတယ်။ မြန်မာပြည်မှာတော့ ဒရစ် လို့ အလွယ်ခေါ်ကြတယ်။

အဲဒီဆေးကို မြောက်ကယ်ရိုလိုင်းနားကနေ ထုတ်လုပ်တယ်။ ဟာရီကိန်းကြောင့် ဆေးထုတ်စက်ရုံ ခဏပိတ်ထားရတယ်။

ကျွန်တော် မဆလ ခေတ်တုန်းက တောနယ်တွေမှာ ဆရာဝန်လုပ်ခဲ့စဉ်ကလည်း ကာလဝမ်းကပ်ရောဂါ (ကန်တော့) ဖြစ်ရင် အစိုးရကပေးတဲ့ဆေးနဲ့ မလုံလောက်လို့ မှောင်ခိုကနေ ဝယ်ရတယ်။

မန္တလေး ဈေးချိုကို ပြေးရတယ်။ အမေရီးကားမှာ ဈေးချိုမရှိပါ။

အဲဒီခေတ်က မန္တလေးမှာ ဆေးရောင်းသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ