Online Doctor အမေးအဖြေ ဆရာဝန်တယောက်အကြောင်း

ကျန်းမာရေးမေးခွန်းတွေကို ဖြေနေတာ ၁၀-၁၅ နှစ်ရှိပြီ။ မေးခွန်းတွေ ထောင်သောင်းဖြေရတယ်။

အစပိုင်းနှစ်တွမှာ အမေးများတယ်။ ရောဂါတွေကလည်း အပါး ၉၆၀ ရှိမယ်။ ဆေးပညာစာတွေကို မေးခွန်းအရ ရေးပါတယ်။ သောင်းဂဏန်းရှိတယ်။ အတိအကျ အခုစာရေးနေချိန်မှာ 14,187 ပုဒ် ရှိတယ်။

မျိုးပွားလမ်းရောဂါတွေ ကုန်သလောက် မေးကြတယ်။ ကိုယ်ဝန်တားနည်း၊ ရနည်း၊ မွေးဖွားနည်းတွေလည်း အစုံ ဖြေရတယ်။ 

ဖျက်နည်းလည်း မေးကြပေမဲ့ မဖြေပါ။ ဆေးပညာဆိုတာစုံလင်ရတာဖြစ်လို့ ဘလော့မှာသာ တင်ထားတယ်။ အဲဒီဘလော့က ပျက်သွားပြီ။

တချို့ရက်တွေမှာ မေးခွန်း ၅၀ လောက်အထိ ဖြေခဲ့ရတယ်။ ဆရာဝန်တယောက်တည်းသာရှိတဲ့ တောနယ်မှာ တာဝန်ကျသလိုဘဲ။

လွန်ခဲ့တဲ့ ၄-၅ နှစ်ကစပြီး မေးတာတွေ နည်းနည်းလာပါတယ်။

- အားလုံး နေကောင်းကြတာလည်းဖြစ်နိုင်တယ်။

- ဘလော့ဖတ်တာနဲ့ လုံလောက်လို့လည်း ဖြစ်နိုင်တယ်။

- တခြားဆရာဝန်တွေကပါ ဖြေပေးကြလို့လည်း ဖြစ်နိုင်တယ်။ ကျေးဇူး။

- ကျွန်တော်က သတ်ပုံပါပြင်ပေးတာကို မကြိုက်ကြတာလည်း ဖြစ်နိုင်တယ်။

- မေးတာတွေနည်းလာချိန်မှာ ကင်ဆာနေရာနှစ်ခုကို သွားသွားဖတ်ပြီး ဖြေတယ်။ နောက်တော့ ကင်ဆာဂရုက သတ်ပုံပြင်တာမကြိုက်ဘူးဆိုလို့ မသွားဖြစ်တော့ပါ။

အခုရက်ပိုင်းမှာ ကျန်းမာရေးမေးတာတွေ နည်းနည်းလေး ပြန်များလာတယ်။ မျိုးပွားလမ်းအကြောင်းနဲ့ လိင်ကတဆင့်ကူးစက်ရောဂါတွေ မေးကြတယ်။ (ကန်တော့)

လူတွေရော မြန်မာစာပါ နေကောင်းကြပါစေသတည်း။

မြန်မာစာကင်ဆာ ကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ