Pantoprazole ဆေး ဘေးထွက်သက်ရောက်မှုများ

ဆရာရှင့် ကျမ အသက် ၃၇ ပါ၊ ကိုယ်ဝန်လွယ်ထားတာ  ၂၄ ပတ်ရှိပါပြီ။ အပျိုတည်းက အူလမ်းကြောင်း မကောင်းတဲ့ရောဂါအခံ ရှိပါတယ်။ အခု ကိုယ်ဝန်ဆောင်နေစဉ်မှာလဲ အစာမှားတာနဲ့  ဝမ်းပျက်ချင်သလို ဖြစ်ဖြစ်နေလို့ omez (or) pantoprazole လိုမျိုး ဆေးမျိုး တခါတလေသောက်မိပါတယ်။ ဗိုက်ထဲက ကလေးလေးကို ထိခိုက်နိုင်ပြီး အန္တာရာယ်(အန္တရာယ်) ရှိလားဆိုတာ သိပါရစေ ဆရာ။ ကိုယ်ဝန်နဲ့ပတ်သက်လို့ 4D ထိ ကြည့်ပြီးပါပြီ၊အကုန်ကောင်းတယ်လို့ပြောပါတယ်ရှင်။ ဆရာ့ကို ကျေးဇူးတင်ပါတယ်ရှင့်။

Pantoprazole ဆေး ဘေးထွက်သက်ရောက်မှုများ

headache ခေါင်းကိုက်၊

nausea ပျို့၊

vomiting အန်၊

gas လေပွ၊

joint pain အဆစ်နာ၊

diarrhea ဝမ်းပျက်၊

dizziness ခေါင်းမူး။

မှတ်ချက် - ဆေးကို ကိုယ်ဝန်ဆောင်နေစဥိ မသုံးသင့်။

တခါတလေလို့ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ကလေးမိခင်တွေက စာကိုမှန်အောင်ရေးတတ်မှသာ သူတို့ကလေးတွေလည်း မှန်ကြမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ