Red Meat အသားစား သုတေသန

ရဒ်မိ ခေါ် အမဲသား၊ ဆိတ်သား စတဲ့အသားတွေဟာ ကျန်းမာရေးအတွက် မသင့်လို့ အစဉ်တစိုက် ပြောဆိုလာရာကနေ စက်တင်္ဘာ ၃၀ ရက်နေ့ကထွက်လာတဲ့ သုနေသနတခုက အဲတာ မဟုတ်ပါတဲ့။ အမဲသား၊ ဝက်အူတောင့်၊ အသားကင်၊ အသားစင်းကောတွေ ရှောင်နေတာ အချိန်ကုန်တာဖြစ်တယ်အထိ ရေးတယ်။ 

အမေရိကားမှာ။ 

အဲလိုသတိထားစရာတွေ ပြောချင်တယ်။ တချို့က အမေရိကန်တံဆိပ်ပါရင်၊ ဂျပန်တံဆိပ်ကပ်ရင် ဟုတ်လှပြီ ထင်ကြတယ်။ မထင်ပါနဲ့။ နောက်ဆုံးပေါ်ဆိုရင် ကောင်းလှပြီ မှတ်ကြတယ်။ မမှတ်ပါနဲ့။

ဝိုင်အနီက နှလုံးကောင်းတယ်လို့ အခုထိရေးကြတယ်။ မဟုတ်ပါလို့ရေးတာကို အရေးမလုပ်ကြ။ ဝိုင်လုပ်ငန်းက အလွန်ကြီးမားတော့ ကြော်ငြာအားကောင်းတယ်။

အရက်မသောက်ရင် အသက်တိုတယ်ရေးတာကို တယောက်ပြီးတယောက် ဗမာလိုတင်နေကြတယ်။ မှားပါတယ်။

အသားစား များတာမသင့်။ အကင်တွေများတာ မသင့်။ ကိုလက်စထောများတာ မသင့်။ 

အသီးအနှံတွေ သင့်။ ဟင်းသီးဟင်းရွက်တွေ သင့်။ ပိုးသတ်ဆေး အထားခံဆေး မြေသြဇာ အရောင်ဆိုးဆေး မပါတာတွေ သင့်။ လတ်ဆတ်တာတွေ သင့်။

လူဆိုတာ လူဖြစ်စကတည်းက အစုံစားလာသည်။ သက်သတ်လွတ်စားရင် တချို့လိုအပ်တာတွေမရှိဖြစ်လို့ အားဆေးပါသောက်ရမည်။

ဘယ်အရာက ဘယ်ရောဂါ ဘယ်ကင်ဆာပျောက်ဆိုတာတွေ တခုတလေမှ မယုံပါနဲ့။ 

ကင်ဆာဖြစ်စေသည့် အစားအစာ ၇ မျိုးဆိုတာကို တယောက်ပြီးတယောက်က တင်နေကြတယ်။ အချက်အလက်တွေ မမှန်ပါ။ မြန်မာပြည်မှသာရတဲ့အစားအသောက်တွေကို ခိုင်မာတိကျတဲ့ ဆေးသုတေသန မရှိသလောက် ရှားတယ်။

အဘယ်အကြောင်းအရာမဆို ပေါ်ပင်လိုက်တာ မမှန်တာများတယ်။ အဆန်း ရမ်းမသုံးပါနဲ့။ တန်း မယုံပါနဲ့။

ဒေါက်တာတင့်ဆွေ

၅-၁၀-၂၀၁၉

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ