Signs Of Heart Disease နှလုံးရောဂါလို့ထင်စရာ ခြောက်ချက်

မင်္ဂလာပါ ဆရာရှင့် ကျွန်မအသက် ၂၀ပါ ကျွန်မရဲ့နှလုံးက စူးကနဲအောင့်တဲ့ဝေဒနာကိုခံစားနေရတာပါ အသက်ပြင်းပြင်း ရှူရူင်ပိုအောင့်ပါတယ် ငြိမ်ငြိမ်လေးဘာမှမလုပ်ပဲနေရင်ခဏပဲ ပြီးတော့သက်သာသွားပါတယ် ကျွန်မ ၁၈နှစ်လောက်ကတည်းက အဲ့လိုမျိုးခံစားနေရတာပါ အဲ့တုန်းကဆို တလတခါလောက်ပဲ ဆိုတော့ အမှူမဲ့အမှတ်မဲ့ပါပဲ ခုနောက်ပိုင်းမှ ရက်စိပ်ပြီး အောင့်လာလို့ပါ ဘာဖြစ်တာလဲသိချင်ပါတယ် ဘယ်လိုကုသမှူမျိုးခံယူရမလဲရှင့်။

ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ သွေးတိုး ခေါ် သွေးဖိအား မသိ။ နှလုံခုန်နှုန်း တမိနစ် ဘယ်လောက် မသိ။ ရမ်းဖြေလို့ မရ။

နှလုံးရှိတဲ့နေရာ ရင်ဘတ်မှာဖြစ်တာတခုတည်းကိုသာ မကြည့်ပါနဲ့။ ကိုယ်အလေးချိန်များသူတွေ၊ အသက် ၅၀ ကျော်သူတွေ၊ ဆီးချိုရှိသူတွေ၊ သွေးတိုးနေသူတွေနဲ့ ကိုလက်စထောများနေသူတွေအတွက် အချက် (၆) ချက်ကို သတိပြုကြဘို့ဖြစ်ပါတယ်။

၁။ နေ့စဉ်လုပ်နေကျ အလုပ်ကို အရင်မလိုမလုပ်နိုင်ဖြစ်လာခြင်း

သွေးလွှတ်ကြောတွေကနေ သွေးပို့ပေးတာ အရင်လိုမလုပ်နိုင်ရင် တခုခုမှားနေသလား စစ်ဆေးရပါမယ်။

၂။ ခေါင်းမူတတ်လာခြင်း

အားနည်းလို့မဟုတ်ဘဲ၊ နှလုံးကြောင့်လည်း ခေါင်းမူးနိုင်တယ်။ ရင်ပတ်အောင့်တာနဲ့ အသက်ရှူခက်တာပါ ရောနေရင် ဆရာဝန်ပြပါ။

၃။ ချွေးစီးထွက်ခြင်း

မဖျားပဲနဲ့ ချွေးထွက်ပါသလား။ ချွေးကအေးစီးနေပါသလား။ ညမှာထွက်သလား။ ရာသီဥတု၊ အစားအသောက်နဲ့ ပြေးလွှားရလို့ကြောင့်မဟုတ်ဘဲ ချွေးထွက်ပါသလား။

၄။ ရင်ဘတ်အောင့်ခြင်း

ရင်ဘတ်အလယ်နေရာနာပြီး ဘယ်ဘက်လက်မောင်းဆီအထိနာပါသလား။ တချို့မှာ ရင်ခေါင်း၊ လက်မောင်း၊ မေးရိုး၊ သွားနဲ့ နောက်ကျောပါနာတယ်။

၅။ မကြာခဏ အအေးမိနေသလား

အအေးမိ၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးဖြစ်ပါသလား။ ဗိုင်းရပ်ပိုးဝင်ခံရဖန်များနေသူမှာ နှလုံးက သွေးလှည့်တာ အားနည်းနေနိုင်တယ်။

၆။ အားယုတ်နေသလား

အားမရှိဖြစ်ပြီး အသက်မရှူမဝဖြစ်နေသလား။ ဒီအချက်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက်သိသာတယ်။

စစ်ဆေးကြည့်မှသာ ရောဂါလို့ ပြောလို့ရတယ်။

မြန်မာနိုင်ငံသားတွေ နှလုံးကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ