VDRL test results ဆစ်ဖလစ် ကုသမှုအပြီးအဖြေ

(ကန်တော့)

ဆရာခင်ဗျ မေးမြန်းမည်သူက ကျားပါခင်ဗျ မေးမြန်းချင်တာကတော့ ကာလသားရောဂါအကြောင်းလေးပါ ဗျ

ကျွန်တော်ဖြစ်စဉ်လေးကိုအရင်ဆုံးဆရာကြီးကိုစုံလင်စွာတင်ပြပါမယ်ခင်ဗျ ယခုနှစ် ၂ လပိုင်း ၂၅ ရက်နေ့မှာ သွေးသွားစစ်ခဲ့ပါတယ် အဲ့အချိန်မှာ VDRL မှာ p ပြနေပါတယ် နောက်တခုကတော့ TPHA မှာတော့ N ပြပါတယ် အဲ့လို့နဲ့နေလိုက်တာ ၉ လပိုင်း ၉ ရက်နေမှာစစ်တာတော့ Vdrl တခုပဲစစ်ပေးပါတယ်အဲ့အချိန်လဲ p ပါပဲ အဲ့ဒါနဲ့ ၉ လပုိင်း ၁၁ နေ့မှာ  လပြကြယ်ဆေးခန်း ngo ဆေးခန်မှာအမျိုးသမီးပါနှစ်ဉီး(ဦး)အတူတူစစ်ခဲ့ပါတယ်

အဲ့အချိန်မှာသူမှာတော့ အကုန် Non တွေကြီးပါပဲ ကျွန်တော်မှာသာ vdrl p ဖြစ်တယ်ဆိုပြီး ဆေးတကြိမ် စထိုးပေးလိုက်ပါတယ် ပြီးတော့ သူတို့က နောက်တကြိမ် ဆေးလာထိုးရင် ဒိုင်လူးရှင်းစစ်လာခဲ့ပေးဖို့ မှာလိုက်တယ် သူတို့မှာလိုက်တဲ့အတိုင်း စစ်လိုက်တဲ့အခါမှာတော့ အဲ့လိုအဖြေလေးတွက်ပါတယ် အဲ့ဒါကိုမကျေနပ်သေးတာနဲ့ နောက်ထပ်ဓာတ်ခွဲခန်းမှာပါထပ်စစ်ခဲ့ပါတယ် ကျွန်တော်လဲရလာတဲ့ ဆေးစစ်ချက်နှစ်ခုစလုံးကို ဆေးပြန်ထိုးဖို့သွားတဲ့အချိန်မှာပြခဲ့ပါတယ် ကျွန်တော်ရဲ့အဖြေ ကိုကြည့်ပြီး ဆေးထိုးပေးမဲ့နပ်က ဆရာဝန်ဆီဖုန်းလှမ်းဆက်မေးပါတယ် ဆရာဝန်ကတော့ ဆက်ထိုးစရာမလိုဘူးလို့တော့ ပြောပါတယ် ထိုးချင်လဲရတယ် မထိုးချင်လဲရတယ်တဲ့ အဲ့ဒါနဲ့ ကျွန်တော်လဲ မထူးလက်စမို့ဆေးကို တပတ်ခြားသုံးကြိမ်စလုံးထိုးခဲ့ပါတယ် အခုအချိန်ဆို တပတ်ခြား ဆေးသုံးကြိမ်ထိုးပြီး  ၈ရက်တောင် ကျော်သွားပါပြီ ကျွန်တော်နဲအတူတူထိုးတဲ့သူတွေအကုန်လုံးက ဒိုင်လူးရှင်း တွေရှိနေပြီး ကျွန်တော်အခြေအနေက ဘယ်လိုကြောင့်များပါလဲဆရာခင်ဗျ စိတ်ထဲမတင်မကျလေးမို့ ရှင်းပြပေးစေလိုပါတယ်ဗျ ဆရာကိုအစဉ်လေးစားလျှက်(လျက်)ပါ

Syphilis test results ဆစ်ဖလစ် ကုသမှုအပြီးအဖြေ

VDRL စစ်လို့ (+) ပြထားသူ ဆေးကုအပြီး ချက်ချင်း (-) မပြသေးပါ။ ၆ လ ကနေ ၁၂ လကြာမှသာ (-) ပြမယ်။

တခါတခါ low titer (1:1, 1:2, or slightly greater) နည်းနဲ့ စစ်ရင် (+) ဆက်ပြနေနိုင်သေးတယ်။

ဆေးကုသမှုပြည့်စုံရင် စိုးရိမ်စရာ မရှိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ